၁၀ မိနစ် အားသွင်းပြီး မိုင် ၉၀၀ အထိ မောင်းနှင်နိုင်မယ်ဆိုတဲ့ ဘက်ထရီနည်းပညာသစ်ကို တိုယိုတာ မိတ်ဆက်

International News Tech
၁၀ မိနစ် အားသွင်းပြီး မိုင် ၉၀၀ အထိ မောင်းနှင်နိုင်မယ်ဆိုတဲ့ ဘက်ထရီနည်းပညာသစ်ကို တိုယိုတာ မိတ်ဆက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၀ မိနစ် အားသွင်းပြီး မိုင် ၉၀၀ အထိ မောင်းနှင်နိုင်မယ်ဆိုတဲ့ ဘက်ထရီနည်းပညာသစ်ကို တိုယိုတာ မိတ်ဆက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၀ မိနစ် အားသွင်းပြီး မိုင် ၉၀၀ အထိ မောင်းနှင်နိုင်မယ်ဆိုတဲ့ ဘက်ထရီနည်းပညာသစ်ကို တိုယိုတာ မိတ်ဆက်

လျှပ်စစ်ကားလောကကို အလှည့်အပြောင်း ဖြစ်စေနိုင်တဲ့ ဘက်ထရီနည်းပညာသစ်ကို တိုယိုတာကုမ္ပဏီက မိတ်ဆက်လိုက်ပါပြီ။ ၁၀ မိနစ် အားသွင်းပြီး မိုင် ၉၀၀ အကွာအဝေးအထိ မောင်းနှင်နိုင်စွမ်းရှိတယ်ဆိုတဲ့ solid-state ဘက်ထရီ နည်းပညာကို တိုယိုတာကုမ္ပဏီက သိုသိပ်စွာ အဆင့်မြှင့်တင်နေတာပါ။

၂၀၂၅ ခုနှစ်မှာ ဘက်ထရီနည်းပညာသစ် အသုံးပြုထားတဲ့ လျှပ်စစ်ကားတွေကို ဈေးကွက်ထဲ ရောင်းချနိုင်ဖို့ တိုယိုတာက ရည်မှန်းနေပါတယ်။ solid-state ဘက်ထရီဟာ လစ်သီယမ်အိုင်းယွန်းဘက်ထရီတွေနဲ့ယှဉ်ရင် အားသိုလှောင်နိုင်စွမ်း ပိုမြင့်မားပြီး အားသွင်းချိန်လည်း တိုတောင်းပါတယ်။ ဒါ့အပြင် မီးလောင်နိုင်တဲ့ အန္တရာယ်လည်း ပိုနည်းပါတယ်။

တိုယိုတာကုမ္ပဏီဟာ ၂၀၂၆ နဲ့ ၂၀၂၇ ခုနှစ်တွေမှာလည်း performance နဲ့ popularized ဆိုတဲ့ မျိုးဆက်သစ် ဘက်ထရီ တွေကို မိတ်ဆက်သွားဖို့ ရှိနေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...