တရုတ်သမိုင်းထဲက ပထမဆုံး Travel & Food Blogger က ဘယ်သူလဲ သိပါသလား ?

International News Knowledge
တရုတ်သမိုင်းထဲက ပထမဆုံး Travel & Food Blogger က ဘယ်သူလဲ သိပါသလား ?

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တရုတ်သမိုင်းထဲက ပထမဆုံး Travel & Food Blogger က ဘယ်သူလဲ သိပါသလား ? ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တရုတ်သမိုင်းထဲက ပထမဆုံး Travel & Food Blogger က ဘယ်သူလဲ သိပါသလား ?

စုန့်မင်းဆက်ခေတ်က နေရာအနှံ့ခရီးထွက်ပြီး ဒေသအသီးသီးက အစားအသောက်တွေကို စားသုံးရတာ နှစ်သက်တဲ့ လူတစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူ့ကတော့ စုန့်မင်းဆက်ခေတ်က ကဗျာရေးတာလည်း တော်၊ ဟင်းချက်တာလည်း ကျွမ်း၊ ခရီးသွားအတွေ့အကြုံတွေကို စာရေးရတာဝါသနာပါသူ ဆရာကြီး စူးရှစ့် (ခ) စူးတုန်းဖော်ပဲ ဖြစ်ပါတယ်။

စူးတုန်းဖော်ဟာ စုန့်နန်းတွင်းမှာ အရာရှိအမတ်အဖြစ် နှစ်ပေါင်း ၂၀ မျှ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နိုင်ငံရေးကိစ္စနဲ့ နယ်နှင်ဒဏ်ပေးခံရပါတော့တယ်။
ဒါဟာ စူးတုန်းဖော် အကြိုက်ဖြစ်သွားခဲ့ပြီး သူဟာ တရုတ်ပြည်အနှံ့ ခရီးထွက်ရင်း အစားအသောက်တွေကို မြည်းစမ်းကာ စာပေကဗျာများစွာကို ရေးသားခဲ့ပါတယ်။ စူးရှစ့် သက်ရှိထင်ရှားရှိနေစဉ်အတွင်း ဟင်းချက်နည်း၊ အစားအသောက်များအကြောင်း၊ ခရီးသွားမှတ်တမ်း၊ ကဗျာ၊ အတွေးအခေါ်စာပေ၊ ဘဝအတွေ့အကြုံများ စသည့် စာပေအပုဒ်ပေါင်း ၁၂၁၂ ပုဒ်ကို ရေးသားခဲ့ပါတယ်။

Social Media တွေ မပေါ်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက စူးရှစ်းဟာ တရုတ်ရိုးရာ အစားအစာများ၊ ချတ်ပြုတ်နည်းများ၊ ဟင်းပွဲများ၏ အရသာများအကြောင်းကို မြည်းစမ်းရင်း မှတ်တမ်းတင်ခဲ့ပါတယ်။ စူးတုန်းဖော်ရဲ့ ကျေးဇူးကြောင့် တရုတ်ဟင်းလျာများအကြောင်းဟာ သမိုင်းစာမျက်နှာတစ်နေရာမှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ တစ်ခါတလေကျရင် စူးတုန်းဖော်လို လွတ်လွတ်လပ်လပ်နဲ့ တရုတ်ပြည်အနှံ့ ခရီးထွက်ရင်း အစားအသောက်များကို မြည်းစမ်းချင်မိပါတယ်။

ရေးသားသူ –天下第一

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...