အမေရိကန်ငမူးနှစ်ယောက်ကြောင့် အီဖယ်မျှော်စင် ဖွင့်ချိန် နောက်ကျခဲ့

Funny International News
အမေရိကန်ငမူးနှစ်ယောက်ကြောင့် အီဖယ်မျှော်စင် ဖွင့်ချိန် နောက်ကျခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမေရိကန်ငမူးနှစ်ယောက်ကြောင့် အီဖယ်မျှော်စင် ဖွင့်ချိန် နောက်ကျခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမေရိကန်ငမူးနှစ်ယောက်ကြောင့် အီဖယ်မျှော်စင် ဖွင့်ချိန် နောက်ကျခဲ့

အရက်မူးနေတဲ့ အမေရိကန်ခရီးသည် နှစ်ယောက်က အီဖယ်မျှော်စင်ရဲ့ ကန့်သတ်နေရာကို ဝင်အိပ်နေခဲ့လို့ သြဂုတ်လ ၁၄ ရက် နံနက်ပိုင်းက အီဖယ်မျှော်စင်ရဲ့ ဖွင့်ချိန် နောက်ကျခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ည ၁၀ နာရီ ၄၀ မိနစ်အချိန်က လုံခြုံရေးအတားအဆီးတွေကို ကျော်ပြီး ကန့်သတ်နေရာကို ဝင်ရောက်ခဲ့တာပါ။ အဲဒီနောက် မျှော်စင်ပေါ်မှာပဲ မူးပြီး အိပ်ပျော်သွားခဲ့ကြပါတယ်။

နောက်နေ့ နံနက် ၉ နာရီအချိန်မှာ လုံခြုံရေးဝန်ထမ်းတွေက မျှော်စင်ပေါ် လိုက်လံစစ်ဆေးတော့မှ သူတို့နှစ်ယောက်ကို တွေ့ခဲ့တာပါ။ ရဲတပ်ဖွဲ့က သူတို့ကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ပြီး ရာဇဝတ်မှုနဲ့ တိုင်ချက်ဖွင့်ထားပါတယ်။ ဒီဖြစ်ရပ်ကြောင့် အီဖယ်မျှော်စင် ဖွင့်ချိန် နောက်ကျခဲ့ပါတယ်။

အီဖယ်မျှော်စင်ဟာ သြဂုတ်လ ၁၂ ရက်နေ့ကလည်း ဗုံးခြိမ်းခြောက်မှု နှစ်ကြိမ် ကြုံခဲ့လို့ မျှော်စင်ဖွင့်ချိန် နောက်ကျခဲ့ပါသေးတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။