လွန်စွာ အကျိုးထူးသော ဇယမင်္ဂလာအောင် ဂါထာတော်

Astrology
လွန်စွာ အကျိုးထူးသော ဇယမင်္ဂလာအောင် ဂါထာတော်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လွန်စွာ အကျိုးထူးသော ဇယမင်္ဂလာအောင် ဂါထာတော် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လွန်စွာ အကျိုးထူးသော ဇယမင်္ဂလာအောင် ဂါထာတော်

ဇယမင်္ဂလာအောင် ဂါထာ ရဲ့ အနက်အဓိပ္ပါယ်

ယောဇယစက္ကော – ပါရမီတော်ဆယ်ချက်အောင်လက်နက်ပိုင်ရှင်
အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်

ဇယာသနေ – အောင်သိဒ္ဓိ ဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း
အောင်ဗောဓိပင်ရင်း၌

ဇယိတဗ္ဗေ – အောင်အပ်သည့် တရားမာရ်ငါးပါးအပေါင်းတို့ကို

ဇယန္တော – အကြွင်းမဲ့ ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍
အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီး။

ဇယေသီနံ – မြတ်နိဗ္ဗာန်အောင်ခန်းနှင့် အောင်ဘိသိက် ပန်မဂ်ဗိုလ်ကို
များထိုထို ဝဋ်အတွင်းမှ လွတ်ကင်းအောင် အသာကြီးဖြင့် ရှာမီးကာ
နေကြကုန်သူတို့အား

ဇယာပေသိ – ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကို ဆွတ်ချူ၍
ထွတ်အငူအမြိုက်ဓာတ်သို့ ဆိုက်ကပ်တော်မူစေ၍ အောင်စေတော်
မူလေပြီ ။

ဇယုတ္တရော – အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာ
တို့၏ဥသျှောင် ထွတ်ခေါင်မြတ်သရဖူ သယမ္ဘူမကိုဋ်ထီးအောင်ပွဲဝင်
ပုဂ္ဂိုလ်ကြီးဖြစ်ပေထသော

သောဇယစက္ကော – အလုံးစုံအောင်ခြင်းနှင့်ပြည့်စုံတော်မူသော
ထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်

မေ – မြတ်နိဗ္ဗူအောင်ပန်းကို ဆွတ်ခူးရန် လက်လှမ်းမှီ၍
ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူ အကျွန်ုပ်အား

ဇယ – အောင်ခြင်းကို (ဝါ) အောင်ပန်းဝေမြိုင် အောင်ဖူးတွေ
ကြိုင်လှိုင်သည့် အောင်သိဒ္ဓိ ပန်းခိုင်ကြီးကို၊

ဒေတု – ပေးသနားတော်မူပါ အရှင်ဘုရား ။

ဂါထာတော်ကို ရွတ်ဖတ်ခြင်းအကျိုး

အောင်ပွဲအဆင့်ဆင့်ခံတော်မူခဲ့သော အောင်ပွဲများပိုင်ရှင်မြတ်စွာဘုရားရှင်က အောင်မြင်ချမ်းသာချင်သူတို့အားအလိုရှိသော အောင်မြင်စေရန်နည်းပေးညွှန်ပြတော်မူသည် ။ထိုအချက်ကိုဖော်ကျူးခြင်းသည် သစ္စာစကားပင်ဖြစ်၏။

ဤဂါထာကို ရွတ်ဆိုခြင်းသည်ပင်လျှင် သစ္စာဆိုခြင်းမည်တော့သည်။စီးပွားရေး၊ပညာရေး၊နိုင်ငံရေးစသည့် လူမှုရေးကိစ္စဟူသမျှအောင်မြင်ချင်သူတိုင်း အထက်ပါ “ဇယမင်္ဂလာဂါထာတော်” ကိုယုံကြည်ကိုးစားစွာ ရွတ်ဆိုသင့်ပါသည်။

နေ့စဉ် သက်စေ့ ရွတ်နိုင်လျှင် ပိုကောင်းပါသည်။ရွတ်ဆိုသောအခါ စိတ်ကိုကြည်လင် သန့်ရှင်းစွာထား၍ရွတ်ဆိုပါ။အကျိုးထူးပေးလာပါလိမ့်မည်။ ဤဂါထာကို သစ္စာပန္နက်အောင်ရှစ်ချက်ဂါထာ ဟူ၍လည်းခေါ်ဆိုပါသည်။

ရေးသားသူ –ဆရာမအလင်္ကာစေ (ဗေဒင် ၊မနော)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...