ငွေကံနှင့် သင့်ကံကြမ္မာ

Astrology
ငွေကံနှင့် သင့်ကံကြမ္မာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငွေကံနှင့် သင့်ကံကြမ္မာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငွေကံနှင့် သင့်ကံကြမ္မာ

စီးပွားတိုးတက်ခြင်း၊ ငွေကံကောင်းခြင်း၊ ငွေလက်ထဲအမြဲကိုင်ရခြင်း၊ငွေရှာရလွယ်ကူခြင်း စတဲ့ ငွေကြေးပြည့်စုံခြင်း၊ ကံကောင်းခြင်းတို့အတွက် လက်ဖဝါးပြင်တွင် ဖော်ပြမည့်အချက်များမှ တစ်ခုခုပါရှိပါက ငွေကြေးကြောင့် ကြောင်းကြရခြင်း၊သောကရောက်ရခြင်းတို့ မည်းပါးပြီး အဆင်ပြေခြင်းများဖြင့် စိတ်ချမ်းသာရမည်သာဖြစ်သည်။

၁။ နှလုံးလမ်းကြောင်းမှ တက်လာပြီး ဗုဒ္ဓဟူးဂြိုဟ်ခုံသို့ တက်နေသည့် ငွေလမ်းကြောင်းသည် အဖျက်အမှတ်များ မပါရှိပါက စီးပွားရေးအောင်မြင်ပြီး ၊ငွေကြေးပြည့်စုံသူ၊ ငွေရှာရလွယ်ကူသူဖြစ်လာမည်။

၂။ လက်သန်းနှင့် လက်သူကြွယ်ကြားရှိ မျဉ်းငယ်သည် လက္ခဏာရှင်ကို အမွေဆက်ခံသူအဖြစ် သတ်မှတ်ကြောင်းဖော်ပြသည်။ ထိုမျဉ်းငယ်ထင်ရှားပါက မိသားစု မောင်နှမများစေကာမူ မိမိမိသားစု၏ အမွေကို မိမိကသာ ရရှိပြီး စံစား၊ခံစားရခြင်း၊ မိသားစုလုပ်ငန်း၊မိသားစုစီးပွားရှာသော ပညာရပ်တို့ကို ဆက်ခံသူဖြစ်ကြောင်းဖော်ပြသည်။ ထိုအမှတ်အသးကို ဆက်ခံသူမျဉ်းဟုလည်း အချို့က ဆိုကြပါသေးသည်။

၃။ ကံကြမ္မာလမ်းကြောင်း၏ ထိပ်တွင် သုံးခွမှိန်း ပါရှိသူဖြစ်သည်၊ ထိုသူအနေဖြင့် ဘဝတွင် အလွန်ကံကောင်းသူဖြစ်ခြင်း၊ လုပ်သမျှ အဆင်ပြေခြင်း၊ မိမိအားကူညီသူများခြင်း၊ ငွေကြေးကိစ္စများတွင် အလွန်ကံကောင်းသူဖြစ်ပြီး လက်ဖျားငွေသီးသူ၊ ထင်ပေါ်သူဖြစ်ခြင်းတို့ကို ဖော်ပြသည်။

၄။ တနင်္ဂနွေဂြိုဟ်ခုံပေါ်ရှိ ကြယ်အမှတ်အသားသည် ရုတ်တရက်ကျော်ကြားမှု့ ထင်ရှားမှု့တို့ကိုဖြစ်ပေါ်စေပြီး၊ နာမည်ကြီးခြင်း၊ လူအများက လေးစားခြင်းတို့ ဖြစ်ပေါ်စေသည်။ လက်သူကြွယ်သို့ တက်လာသောမျဉ်းကို Apollo လိုင်း သို့မဟုတ် အောင်မြင်ရေးလမ်းကြောင်းဟု ခေါ်သည်။ အောင်မြင်ကံကောင်းခြင်းမျဉ်းလို့ အချို့ခေါ်ကြပါတယ်၊

ဒီလမ်းကြောင်း(အောင်မြင်ရေးလမ်းကြောင်း)ပေါ်မှာ ကြယ်အမှတ်အသားပါခဲ့မယ်ဆိုရင်တော့ အလွန်ကောင်းလို့ဘဲ ပြောချင်ပါတယ်။ သူတစ်ယောက်တင်မကဘဲ မိသားစု အသိုင်းအဝိုင်းကပင် ခံစားရမည့်သူဖြစ်တယ်။

၅။ ငွေတြိဂံ လို့ပြောရမယ့် တြိဂံကိုတွေ့ရပါမယ်၊ ကံလမ်းကြောင်း၊ဦးခေါင်းလမ်းကြောင်းတို့ကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ တြိဂံဖြစ်ပြီး ကံဖြင့်ရသော ဝင်ငွေတို့ ရရှိခြင်းကိုဖော်ပြပါတယ်။( မိရိုးဖလာ လက္ခဏာပညာကျမ်းများတွင် ဖော်ပြပါရှိသည့်အမှတ်အသားဖြစ်သည်)

၆။ ဝင်ငွေများ၏ မဟာတြိဂံ ၊ ဒီတြိဂံကတော့ အမှတ်(၅) ကဖော်ပြတဲ့ ငွေတြိဂံကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ တြိဂံကြီးဖြစ်တယ်၊ အမွေရခြင်း၊ ငွေဝင်ကောင်းခြင်း၊ ငွေရရှိသော အလုပ်များစွာကို လုပ်ကိုင်နိုင်ခြင်းတို့ကို ဖော်ပြသော အမှတ်အသားဖြစ်တယ်။( မိရိုးဖလာ လက္ခဏာပညာကျမ်းများတွင် ဖော်ပြပါရှိသည့်အမှတ်အသားဖြစ်သည်)

၇။ အသက်လမ်းကြောင်း အတွင်းဘက်တွင် အသက်လမ်းကြောင်းကို မူတည်ပြီး ဖြစ်ပေါ်လာတဲ့ တြိဂံကတော့ ငွေရေးကြေးရေးတွင် ရုတ်ချည်း တိုးလာခြင်း၊ ရွေထုတ်ကောက်ရခြင်း၊ မမြင်ရသော ရတနာပစ္စည်းများဖြင့် ချမ်းသာခြင်း၊ ကျောက်စိမ်းအောင်သူတို့လက်ဖဝါးတွင် များစွာတွေ့ရတတ်သောအမျတ်အသား ဖြစ်သည်။( မိရိုးဖလာ လက္ခဏာပညာကျမ်းများတွင် ဖော်ပြပါရှိသည့်အမှတ်အသားဖြစ်သည်)

၈။ အသက်လမ်းကြောင်းအဆုံး လက်ကောက်ဝတ်အနားတွင် အမှီးပါသော ငါးရုပ်ကိုတွေ့ရပါက ကံကောင်းခြင်း၊ အိုဇာတာကောင်းခြင်းတို့ဖြစ်တတ်ကြောင်းဆိုသည်။ အသက်ကြီးပါက မတောင်းမတ ချမ်းသာစွာနေထိုင်ရသော အမှတ်အသားဟု မှတ်သားရပေသည်။ ( မိရိုးဖလာ လက္ခဏာပညာကျမ်းများတွင် ဖော်ပြပါရှိသည့်အမှတ်အသားဖြစ်သည်)

၉။ လက်မ၏ ပထမ အဆစ်ပေါ်ရှိ သန့်ရှင်းသော ကျွန်းပုံသဏ္ဍာန်(စပါးစေ့)သည် ကောင်းမွန်သောဝင်ငွေများကို ပုံဖော်နိုင်သည်။ကံကောင်းခြင်း၊ စားသာက်ရေးရာတို့တွင် ပြည့်စုံသူအဖြစ် ကျမ်းများကဆိုပါသည် ။ ( မိရိုးဖလာ လက္ခဏာပညာကျမ်းများတွင် ဖော်ပြပါရှိသည့်အမှတ်အသားဖြစ်သည်)

အထက်ပါအမှတ်အသား (၉) ချက်တို့မှ တစ်ခုခု ပါရှိပါက လက္ခဏာသည် ကောင်းမွန်သော အမှတ်အသား၊ လမ်းကြောင်းများပါရှိသူဖြစ်ပြီး ကံကောင်းသူဖြစ်သည်၊ သို့သော် လက်ပုံစံနှင့် ထိုအမှတ်အသားများကို ဖျက်ဆီးနိုင်သည့် အမှတ်အသားများပါရှိခြင်းရှိမရှိတို့ကို ဆန်းစစ်ရန်အထူးလိုပါကြောင်း တင်ပြရပါတယ်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...