တနင်္လာသားသမီးများအတွက်ဇနက္ကဟောကိန်း

Astrology
တနင်္လာသားသမီးများအတွက်ဇနက္ကဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တနင်္လာသားသမီးများအတွက်ဇနက္ကဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တနင်္လာသားသမီးများအတွက်ဇနက္ကဟောကိန်း

ကျွန်တော်တို့ အဘ၀ိဇ္ဇာဒေါက်တာမင်းသိင်္ခ၏ တနင်္လာသားသမီးတွေအတွက် “#ဇနက္ကဟောကိန်း”မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

“တည်”ဆိုတာက သင်္ဘောတည်ဆောက်တာကို ပြောတာပါ။ လုပ်ငန်းတွေအတွက် ကြံစည်ဆဲ၊ လုပ်ငန်းတွေအစပြုဆဲ အခြေအနေကို ရောက်နေတယ်လို့ ဟောတာပါ။ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံဖို ငွေကြေးရှာဖွေရာမှာ လွယ်ကူလိမ့်မယ်။ လုပ်ငန်းအကြံအစည် အောင်မယ် ။ အလုပ် ရှာနေရင် အလုပ်ရမယ်။ အလုပ်လျှောက်ထားရင် အလုပ်ရမယ် ။ အမှုကိစ္စတွေ ၊ အလုပ်တွေ များမယ်။ ငွေဝင်များသလို ငွေထွက်လည်းများမယ်။

“ထွက်” ဆိုတာက ဇမ္ဗနဂိုရ်ပြည်က သင်္ဘောစထွက်တာကို ပြောတာပါ ။ ကောင်းမွန်တဲ့ မိတ်ဆွေသစ် တိုးမယ်။ စပ်တူရှယ်ရာလုပ်ငန်းတွေ လုပ်ရမယ့် အချိန်ကောင်းပါပဲ ။ ပြည်ပခရီး ၊ ပြည်တွင်းခရီးတွေသွား ရမယ်။ နိုင်ငံခြားနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ အောင်မြင်မယ်။

“ပျက်”ဆိုတာကတော့ သင်္ဘောပျက်တာကို ပြောတာပါ။ ကံဇာတာညံ့တဲ့အချိန်ပါပဲ။ စီးပွားရေးကျဆင်းမယ်။ သူများမကောင်းကြံတာကို ခံရလိမ့်မယ်။ မတော်တဆထိခိုက်မှု အသေးအဖွဲ့လေးတွေ ကြုံရသလို သေကောင်ပေါင်းလဲရောဂါဝေဒနာတွေလည်း ဖြစ်တတ်ပါတယ်။ ရာထူးလုပ်ငန်းကို နှောင့်ယှက်မယ့်သူတွေ ပေါ်လာလိမ့်မယ်။ အိမ်ထောင်ရေးကိုတော့ အထူးသတိထားပါ။

“ကျောက်”က မေခလာနတ်သမီးက ကျောက်ဖျာထက်မှာ တင်ထားပေးတဲ့ကိန်း ဆိုက်ပြီ ကံကောင်းပြီလို့ ဟောတာပါ။ မမျှော်လင့်ဘဲကူညီမယ့်သူတွေ ပေါ်လာမယ်။ အောင်ဘာလေ သိန်းထီဆုကြီး ပေါက်မယ်။ မကျန်းမမာဖြစ်နေရင်တော့ ပြန်ပြီး ကျန်းမာလာမယ်။ ဆေးကောင်း၊ ဆရာကောင်းတွေ့ပါမယ်။ကျဆင်းနေတဲ့စီးပွားရေး ပြန်ပြီးတက်လာမယ်။ ပညာရေးလည်းကောင်းတယ် ။ အိမ်ထောင်ကျရင်တော့ အိမ်ထောင်ဖက်ကောင်းနဲ့ တွေ့ပြီး အကြံအစည်တွေ အောင်မြင်မယ်။

“ထီး” ထီးဖြူဆောင်းတဲ့ကိန်းပါ။ နာမည်ကျော်ကြားထင်ရှားမယ် ။ ကောင်းသတင်းနဲ့ ကျော်ကြားတာမျိုးပါ။ ဆုလာဘ်တွေရမယ်။ ဘွဲ့ထူးဂုဏ်ထူးတွေရမယ်။ စာမေးပွဲဖြေထားရင်တော့ စာမေးပွဲအောင် ၊ ရာထူးတိုးမယ်။ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ရမယ်။ အိမ်သစ်ဆောက်ကိန်း ၊ အိမ်သစ်ရကိန်းတွေပေါ်လာပါမယ်။

“နန်း” ကတော့ နန်းအပ်ခံရတဲ့ ကိန်းပါ။ ကံဇာတာကောင်းပြီလို့ ဟောတာပါ။ ရာထူးတိုးမယ် ။ စီးပွားဖြစ်ထွန်းမယ် ။ အမွေအနှစ်တွေရမယ်။ အပြိုင်အဆိုင်တွေမှာ နိုင်မယ်။အိမ်ထောင်ကျကိန်းရှိတယ်။ အိမ်ထောင်ကျရင်လည်း ကောင်းတယ်။ အလှူပြုလုပ်ရမယ် ။

“စံ”ကတော့ မင်းစည်းစိမ်ကို ခံယူရတဲ့ကိန်းပါ။ ဘေးအန္တရာယ်တွေကင်းပြီး စုတ်ကြီး လာဘ်ကြီးတွေအထိ ဝင်တတ်တယ် ။ လုပ်ငန်းတွေတိုးတက်မယ် ။ ကြီးမားတဲ့ရာထူးတွေရမယ် ။ သိုလှောင် ပစ္စည်းတွေက အကျိုးအမြတ် တွေရမယ်။ အခြွေအရံ ၊ မိတ်ဆွေအပေါင်းအသင်းတိုးမယ်။ ငွေကြေးစုမိဆောင်းမိမယ်။

အဲဒါတွေကတော့ “ဇနက္ကဟောကိန်း” တွေပါ။ ဒီနေရာမှာ တစ်ခုမရှင်းလို့ မေးချင်တာ ရှိကြပါလိမ့်မယ်။(မရှင်းလင်းခဲ့ပါကလည်း အရင် “တနင်္ဂနွေသားသမီးများအတွက် ဇနက္ကဟောကိန်း”မှာ ကောမန့်တွေနဲ့ ပြန်လည်ဖြေကြားပြီးခဲ့ပြီမို့ အားလုံးသဘောပေါက် နားလည်ကြပြီး ဖြစ်ပါလိမ့်မယ် ။

တကယ်လို့ နားမလည်ကြသေးသူတွေအနေနဲ့လည်း အခုဖော်ပြပေးမယ့် ဥပမာ နှစ်ခုကို **သေချာစွာ** ဖတ်ကြည့်ပြီး နမူနာအစားထိုး ကြည့်နိုင်ကြပါစေဗျာ။ ကျွန်တော့်အနေနဲ့ ဗေဒင်ဟော​စာတမ်းတွေ နေ့စဥ်ရေးသားပေးပို့နေရလို့ ပြန်လည် မဖြေကြားနိုင်တာကို နားလည်ခွင့်လွှတ်ပေးကြစေလိုပါတယ်။)

ဥပမာ ၁။ တနင်္လာသားသမီး (၂၃)နှစ်ဆိုရင် “ထီး” ယူရမှာလား။”ကျောက်”ယူရမှာလား မေးစရာဖြစ်နေပါတယ်။ ဟုတ်ကဲ့ ၊ “ကျောက်” ယူရပါတယ်။
တနင်္လာသားသမီးအတွက် ဇနက္ကဟောကိန်းချထားတဲ့ ဇယားမှာကြည့်လိုက်ပါ။ ရှင်းပါတယ်။

ဥပမာ ၂။ တနင်္လာသားသမီး (၃၂) နှစ်ဆိုရင် “ထွက်” ယူပါ ။ ဒီလိုပဲ တနင်္လာသားသမီး (၁၅) နှစ်ဆိုရင် “နန်း” ယူပါ။ တနင်္လာသားသမီး (၃၅) နှစ်ဆိုရင် “ပျက်” ကိုယူပါ။ ဒီလောက်ဆိုရင် ရှင်းလောက်ပါပြီ ။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...