ချမ်းသာကြွယ်ဝစေနိုင်သောယတြာကောင်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချမ်းသာကြွယ်ဝစေနိုင်သောယတြာကောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ချမ်းသာကြွယ်ဝစေနိုင်သောယတြာကောင်း
တစ်လမှာ ၆ရက် (သို့) ၈ရက်တာမျှသာလွယ်လင့်တကူသေချာလုပ်ဆောင်ပေးနေရုံဖြင့်
စီးပွားဥစ္စာ အထူးတိုးတက်အောင်မြင်၍ ချမ်းသာကြွယ်ဝစေနိုင်သောယတြာကောင်း
အောက်တွင်ဖော်ပြထားသည့် အတိုင်းတင်ပေးထားသော ရက်ရာဇာများ၌သာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားတင်ပေးထားသည့် လှူဖွယ်များကိုသာ လှူ၍ရေးပေးထားသည့် ဆုတောင်းကိုသာတောင်းပါ။
တကယ်လုပ် အဟုတ်အဆင်ပြေအောင်မြင်စေတာမို့ယုံကြည်မှုအပြည့်နှင့်သာ သေချာလုပ်ဆောင်ကြပါ။စီးပွါးတက်ရာ၌ ထူးခြားလာမှုက အံ့မခန်းဆိုတာ ကိုယ်တိုင်သိမြင် စံစား ပိုင်ဆိုင်စေရဖို့ ကျွန်တော်တာဝန်ယူပါတယ် ခင်ဗျ…။
စီးပွားတက်ရက်ရာဇာ= 5.8.2023
စီးပွားတက်ဘုရားလှူဖွယ်=အိုဗာတင်းအပူ တစ်ခွက်
သီးသန့် ကပ်လှူပူဇော်ပေးရမည်။
ကံကောင်းလာဘ်ပွင့်အရပ်မျက်နှာ=မြောက်အရပ်
စီးပွားတက်ရက်ရာဇာ= 6.8.2023
စီးပွားတက်ဘုရားလှူဖွယ်=လိမ္မော်ရည်အအေး (၁)ခွက်
သီးသန့် ကပ်လှူပူဇော်ပေးရမည်။
စီးပွားတက်လာဘ်ပွင့်အရပ်မျက်နှာ=အရှေ့အရပ်
စီးပွားတက်ရက်ရာဇာ= 12.8.2023
စီးပွားတက်ဘုရားလှူဖွယ်=ရွက်လှညွန့် (၄)ညွန့်
သီးသန့် ပန်းအိုးတွင်ထည့်၍ကပ်လှူ ပူဇော်ပေးရမည်။
စီးပွားတက်လာဘ်ပွင့်အရပ်မျက်နှာ=နောက်အရပ်
စီးပွားတက်ရက်ရာဇာ= 13.8.2023
စီးပွားတက်ဘုရားလှူဖွယ်=#ဂန္ဓမာပန်းအဝါ (၄)ပွင့်
သီးသန့် ပန်းအိုးတွင်ထည့်၍ ကပ်လှူ ပူဇော်ပေးရမည်။
စီးပွားတက်လာဘ်ပွင့်အရပ်မျက်နှာ=နောက်အရပ်
စီးပွားတက်ရက်ရာဇာ= 26.8.2023
စီးပွားတက်ဘုရားလှူဖွယ်=အဝါရောင်အလင်းတိုင်၅တိုင်
သီးသန့်ထွန်းညှိ ပူဇော်ပေးရမည်။
စီးပွားတက်လာဘ်ပွင့်အရပ်မျက်နှာ=အရှေ့ရပ်
စီးပွားတက်ရက်ရာဇာ= 27.8.2023
စီးပွားတက်ဘုရားလှူဖွယ်=ထောပတ်ဆီမီး တစ်ခွက်
သီးသန့် ထွန်းညှိ ပူဇော် ကပ်လှူပေးရမည်။
စီးပွားတက်လာဘ်ပွင့်အရပ်မျက်နှာ=အရှေ့ရပ်
လှူဖွယ်ကပ်လှူပြီးလျှင် ဆုတောင်းစာ
ဘုရားတပြည့်တော် အမြဲထာဝရကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် အတိုက်အခိုက်အနှောင့်အယှက် အလုံးစုံတို့ ကင်းလွှတ်ငြိမ်းလျှက် စီးပွါးဥစ္စာများ ပွင့်လင်းတိုးတက်ကာ ငွေကြေးအပူအပင်သောကများ ကင်းလွှတ်ငြိမ်းရပါလို၏ ဘုရား ဟု ဆုတောင်းပါ။
မိမိအိမ် (သို့မဟုတ်) လုပ်ငန်းစီးပွားရှာရာဌါနတွင်ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အားရိုသေစွာ ကပ်လှူပူဇော်လှူဒါန်း၍ ယတြာဆောင်ရွက်နိုင်ပါတယ် ခင်ဗျ…။လှူဖွယ်များလှူရမည့်အချိန်မှာ6:00Am မှ 11:00Am အတွင်း ကပ်လှူကြပါရန်…။
ရေးသားသူ –ဗေဒင် ဆရာ ပေါက်ကျိုင်း
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။