ဖျော်ဖြေပွဲမှာ အမျိုးသမီးပရိသတ်တစ်ဦးကို ဒေါ်လာ ၃၀၀၀၀ တန်ဒီဇိုင်နာလက်ကိုင်အိတ်တစ်လုံး လက်ဆောင်ပေးခဲ့တဲ့ ဒရိတ်

Celebrity International News
ဖျော်ဖြေပွဲမှာ အမျိုးသမီးပရိသတ်တစ်ဦးကို ဒေါ်လာ ၃၀၀၀၀ တန်ဒီဇိုင်နာလက်ကိုင်အိတ်တစ်လုံး လက်ဆောင်ပေးခဲ့တဲ့ ဒရိတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖျော်ဖြေပွဲမှာ အမျိုးသမီးပရိသတ်တစ်ဦးကို ဒေါ်လာ ၃၀၀၀၀ တန်ဒီဇိုင်နာလက်ကိုင်အိတ်တစ်လုံး လက်ဆောင်ပေးခဲ့တဲ့ ဒရိတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲမှာ အမျိုးသမီးပရိသတ်တစ်ဦးကို ဒေါ်လာ ၃၀၀၀၀ တန်ဒီဇိုင်နာလက်ကိုင်အိတ်တစ်လုံး လက်ဆောင်ပေးခဲ့တဲ့ ဒရိတ်

ရက်ပ်ပါအဆိုတော်ဒရိတ်က လော့စ်အိတ်ဂျလိစ်မှာ ပြုလုပ်တဲ့ သူ့ရဲ့ဖျော်ဖြေပွဲကို လာရောက်ပြီး ရှေ့တန်းမှာ အားပေးနေတဲ့ အမျိုးသမီးပရိသတ်တစ်ဦးကို ဒေါ်လာ ၃၀၀၀၀ တန်ဒီဇိုင်နာလက်ကိုင်အိတ်တစ်လုံးကို လက်ဆောင်ပေးခဲ့ပါတယ်။ ဩဂုတ် ၁၆ ရက်နေ့က Kia Forum ခန်းမမှာ ဖျော်ဖြေနေခဲ့တာပါ။ အဲဒီမှာ သူဟာ ပန်းရောင် Hermes Birkin အိတ်ကို ကိုင်ပြီး စင်မြင့်ပေါ်ကနေ လူအုပ်ထဲကို လှမ်းကြည့်ခဲ့ပြီး “ဒရိတ်က ဈေးမပေါဘူး” လို့ ကြေညာရင်း အမျိုးသမီးပရိသတ်တစ်ဦးကို ပေးလိုက်တာပါ။

သူ့ရဲ့ It’s All a Blur tour ဖျော်ဖြေပွဲမှာ ပရိသတ်တစ်ဦးဆီ ချွေးစိုနေတဲ့မျက်နှာသုတ်ပုဝါကို ပေးခဲ့လို့ ပရိသတ်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီးတဲ့နောက် အခုလို အမျိုးသမီးတစ်ဦးကို လက်ဆောင်ပေးတာထွက်ပေါ်လာခဲ့တာပါ။ ပြီးခဲ့တဲ့အပတ်စနေနေ့က ဖျော်ဖြေတင်ဆက်ရင်း ဒရိတ်က သူ့မျက်နှာကို ချွေးသုတ်ထားတဲ့ မျက်နှာသုတ်ပုဝါကို ပရိသတ်ထဲ လွှတ်ပစ်ခဲ့တာပါ။

အဲဒါကို အမျိုးသမီးပရိသတ်တစ်ဦးဖမ်းမိခဲ့ပေမဲ့ ဒရိတ်ရှေ့မှာတင် အဲဒီပရိသတ်နဲ့နီးတဲ့ အမျိုးသားက သူ့ဆီကနေ လုယူဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီမြင်ကွင်းကို မြင်တွေ့ခဲ့ရတဲ့ ဒရိတ်က အဲဒီအမျိုးသမီးပရိသတ်အတွက် စိတ်ပူနေခဲ့ပြီး အဲဒီကို ကျွန်တော် တစ်ယောက်ယောက်ပို့လိုက်မယ်လို့လည်း ပြောနေခဲ့ပါတယ်။ ဒရိတ်ရဲ့လုံခြုံရေးအဖွဲ့က အဲဒီအမျိုးသားကို အပြင်ခေါ်ထုတ်ခဲ့ရပါတယ်။

ဒရိတ်က Kia Forum ခန်းမမှာ ရှိုး ၄ ပွဲကို ဖျော်ဖြေခဲ့တာပါ။ ဩဂုတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာတော့ Crypto.com Arena မှာ ဖျော်ဖြေတင်ဆက်သွားမှာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...