မင်းသမီးကြီးမီချဲလ်ယိုရဲ့ထူးခြားတဲ့မင်္ဂလာဝတ်စုံ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းသမီးကြီးမီချဲလ်ယိုရဲ့ထူးခြားတဲ့မင်္ဂလာဝတ်စုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
မင်းသမီးကြီးမီချဲလ်ယိုရဲ့ထူးခြားတဲ့မင်္ဂလာဝတ်စုံ
အော်စကာဆုရှင် မလေးရှားနွယ်ဖွားမင်းသမီးကြီး မီချဲလ်ယိုဟာ ပြီးခဲ့တဲ့အပတ်ကမှ သူ့ရဲ့ခင်ပွန်းလောင်းနဲ့ လက်ထပ်လိုက်တာပါ။ မင်္ဂလာပွဲက ပုံတွေကိုလည်း ဗုဒ္ဓဟူးနေ့ညက သူ့ရဲ့အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ သူ့ရဲ့မင်္ဂလာဝတ်စုံအနီးကပ်ရိုက်ချက်တွေကို တွေ့ရပါတယ်။ သူ့ရဲ့မင်္ဂလာဝတ်စုံက နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ် Schiaparelli ဖြစ်ပြီး ဝတ်စုံပေါ်မှာ မျက်နှာပုံဖော်ထားပါတယ်။ မီချဲလ်ယိုက ဒီဆွဲဆောင်မှုရှိလှတဲ့ Schiaparelli ဝတ်စုံအတွက် Schiaparelli ရဲ့Creative Director ဒန်နီရယ်ကိုလည်း ကျေးဇူးတင်စကားဆိုထားပါတယ်။
အသက် ၆၀ အရွယ် မီချဲလ်ယိုက ၂၀၀၄ ခုနှစ်ကတည်းက စေ့စပ်ထားခဲ့တဲ့ အသက် ၇၇ နှစ်အရွယ် Ferrari စီးအီးအိုဟောင်း ဂျင်းတော့တ်နဲ့ ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဇူလိုင် ၂၇ ရက်နေ့က လက်ထပ်ခဲ့ကြတာပါ။ ဒီသတင်းကို အင်စတာဂရမ်မှာ သူကိုယ်တိုင် အခုလိုအသိပေးခဲ့တာပါ။ “၁၉ နှစ်ရှိပြီ။ ကျွန်မတို့ လက်ထပ်လိုက်ကြပြီ။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မတို့ကို ချစ်ပေးခဲ့တဲ့ မိသားစုတွေကို ကျေးဇူးတင်ပါတယ်။ မင်းတို့ကို ချစ်ပါတယ်။ နောက်ထပ်လာဖို့အများကြီးရှိပါသေးတယ်”
မီချဲလ်ယိုဟာ အရင်က ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင် Dickson Poon နဲ့ ၁၉၈၈ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အထိ လက်ထပ်ခဲ့တာပါ။ ဂျင်းတော့တ်ကလည်း အရင်အိမ်ထောင်နဲ့ နစ်ကိုလက်စ် ဆိုတဲ့သားတစ်ယောက်ရှိပါတယ်။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။