အဖွားဖြစ်သူမင်းသမီးကြီး ဒေါ်ခင်လေးဆွေရဲ့ (၉၂)နှစ်ပြည့်မွေးနေ့ဆုတောင်းနဲ့ ဂေါ်ထွက်နေတဲ့ပုံတွေကိုဝေမျှခဲ့တဲ့ စမိုင်းလ်

Celebrity Local News
အဖွားဖြစ်သူမင်းသမီးကြီး ဒေါ်ခင်လေးဆွေရဲ့ (၉၂)နှစ်ပြည့်မွေးနေ့ဆုတောင်းနဲ့ ဂေါ်ထွက်နေတဲ့ပုံတွေကိုဝေမျှခဲ့တဲ့ စမိုင်းလ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဖွားဖြစ်သူမင်းသမီးကြီး ဒေါ်ခင်လေးဆွေရဲ့ (၉၂)နှစ်ပြည့်မွေးနေ့ဆုတောင်းနဲ့ ဂေါ်ထွက်နေတဲ့ပုံတွေကိုဝေမျှခဲ့တဲ့ စမိုင်းလ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဖွားဖြစ်သူမင်းသမီးကြီး ဒေါ်ခင်လေးဆွေရဲ့ (၉၂)နှစ်ပြည့်မွေးနေ့ဆုတောင်းနဲ့ ဂေါ်ထွက်နေတဲ့ပုံတွေကိုဝေမျှခဲ့တဲ့ စမိုင်းလ်

ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ ပရိတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ ပရိသတ်အချစ်တော်မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ မင်းသမီးတစ်လက်အပြင် အလှူအတန်းတွေကို ရက်ရောစွာနဲ့ ပြုလုပ်တတ်တဲ့အကျင့်လေးကြောင့် ပရိသတ်တွေက ချီးကျူး အားကျ အချစ်ပိုနေရတဲ့သူဆိုရင်လည်း မမှားပါဘူးနော်။

စမိုင်းလ်ကတော့ ဒီနေ့မှာသူ့ရဲ့လူမှုကွန်ရက် စာမျက်နှာ ကနေ ပြီးတော့ သူ့ရဲ့အဖွားဖြစ်သူ ရုပ်ရှင်မင်းသမီးကြီး ဒေါ်ခင်လေးဆွေရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်း ပေးလာခဲ့ပါတယ်။ “Happy 92nd birthday ပါ ဖွားဖွားကြီးရေ။ မြေးလေးတို့အပေါ် အဖေနဲ့အမေမရှိတော့ပေမဲ့ အမြဲစောင့်ရှောက်ပြီးမပျင်းရအောင် အမြဲချစ်ပေးတဲ့အတွက်လည်း ကျေးဇူးပါ။ သက်ရှည်ကျန်းမာ အမြဲနုပျိုပြီး အမြဲပြုံးပျော် နိုင်ပါစေ” ဆိုပြီး မွေးနေ့ဆုတောင်း ပေးခဲ့တာပဲဖြစ်ပါတယ်။

မွေးနေ့ဆုတောင်းလေးနဲ့အတူလည်း ဖွားဖွားကြီးကို အလန်းစားဂေါ်ထွက်နေတဲ့ ဖွားဖွားကြီးအဖြစ်ရိုက်ကူးထားတဲ့ အမိုက်စားပုံတွေကိုပါ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ “မင်းအဖွားထက် ငါ့အဖွားကပိုမိုက်တယ်”လို့လည်း အဖွားအတွက် ဂုဏ်ဆာ နေခဲ့ပါသေးတယ်နော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...