မြန်မာသရုပ်ဆောင်နေထူးနိုင်ရဲ့ဇာတ်ကောင်နှစ်ခုကို အာရှဒေသစူပါဟီးရိုးအဖြစ်သတ်မှတ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာသရုပ်ဆောင်နေထူးနိုင်ရဲ့ဇာတ်ကောင်နှစ်ခုကို အာရှဒေသစူပါဟီးရိုးအဖြစ်သတ်မှတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
မြန်မာသရုပ်ဆောင်နေထူးနိုင်ရဲ့ဇာတ်ကောင်နှစ်ခုကို အာရှဒေသစူပါဟီးရိုးအဖြစ်သတ်မှတ်
အရှေ့တောင်အာရှဒေသတွင်း entertainment Facebook page တစ်ခုဖြစ်တဲ့ Asian SEA History ရဲ့ အရှေ့တောင်အာရှစူပါဟီးရိုးများစာရင်းမှာ မြန်မာဗွီဒီယိုသရုပ်ဆောင်နေထူးနိုင်ရဲ့ဇာတ်ကောင်နှစ်ခုကို စူပါဟီးရိုးအဖြစ်ထည့်သွင်းထားတာကို ထူးခြားစွာတွေ့ရှိလိုက်ရပါတယ်။
မြန်မာ pop-culture လောကမှာ မီးလက်ဝါး ဆိုပြီး troll နေကြတဲ့ မီးလက်ဝါးဗွီဒီယိုကားထဲက မီးလက်ဝါးဇာတ်ကောင်ကို Asian SEA History က အရှေ့တောင်အာရှကစူပါဟီးရိုးတစ်ယောက်အဖြစ် သတ်မှတ်ခဲ့သလို နောက်ထပ်နေထူးနိုင်ရဲ့ဇာတ်ကောင်တစ်ခုကိုလည်းဖော်ပြထားပါသေးတယ်။
မီးလက်ဝါး ဆိုတာဟာ မြန်မာလူမှုကွန်ယက်တွေမှာ လှောင်ပြောင်ကျီစယ်တဲ့သဘောနဲ့ စနောက်လေ့ရှိတဲ့ဇာတ်ရုပ်တစ်ခုဖြစ်ပြီး အခုလို အမှန်တကယ်အတည်ပေါက် စူပါဟီးရိုးအဖြစ်သတ်မှတ်လိုက်တာဟာ အံ့သြစရာကောင်းနေတာပါ။
မြန်မာရုပ်ရှင်နဲ့ဗွီဒီယိုတွေဟာ အရည်အသွေးညံ့ဖျင်းမှုတွေကြောင့်မြန်မာပရိသတ်တွေရဲ့ဝေဖန်မှုကို အမြဲရင်ဆိုင်နေရတာဖြစ်ပါတယ်။
နေထူးနိုင်ဟာ ယခုအချိန်မှာတော့အရှေ့တောင်အာရှအထိပေါက်ရောက်သွားတယ်လို့ပြောရမှာပါ။
ရေးသားသူ –Myanmar Varient Entertainment
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။