ဗိုက်ချပ်စေနိုင်တာအပြင် သခွားသီးရဲ့ တခြားအစွမ်းအာနိသင်(၅)မျိုး

Health Knowledge
ဗိုက်ချပ်စေနိုင်တာအပြင် သခွားသီးရဲ့ တခြားအစွမ်းအာနိသင်(၅)မျိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဗိုက်ချပ်စေနိုင်တာအပြင် သခွားသီးရဲ့ တခြားအစွမ်းအာနိသင်(၅)မျိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဗိုက်ချပ်စေနိုင်တာအပြင် သခွားသီးရဲ့ တခြားအစွမ်းအာနိသင်(၅)မျိုး

သခွားသီးဟာ ရေဓါတ်ပါဝင်မှု ၉၅ ရာခိုင်နှုန်းဖြစ်တာကြောင့် အဆိပ်အတောက်တွေကိုဖယ်ရှားပြီး ဇီဝဖြစ်စဉ်ကိုပြန်လည်ထိန်းညှိပေးနိုင်ပါတယ်။ သခွားသီးက ဗိုက်အဆီကိုကျစေနိုင်ပါတယ်။ သခွားသီးကို သရေစာလိုစားပေးရင် အဆီဓါတ်လုံးဝမပါဘဲ ကယ်လိုရီနည်းတာကြောင့် အသုံးဝင်လှပါတယ်။ လီမွန်၊ ချင်း၊ ရှားစောင်းလက်ပပ် စတာတွေနဲ့ရောပြီး ဖျော်သောက်လည်းရပါတယ်။

သခွားသီးရဲ့ တခြားအစွမ်းအာနိသင်တွေကို ကြည့်ရအောင်

(၁) ခန္ဓါကိုယ်အဆိပ်အတောက်ဖယ်ရှားသန့်စင်ပြီး ဗိုက်ပွခြင်းကိုသက်သာစေတယ်
ဗိုက်ပွနေပြီဆိုရင် ခန္ဓါကိုယ်က အဆိပ်အတောက်တွေဖယ်ရှားပစ်ဖို့လိုနေပါပြီ။ သခွားသီးစေ့ရဲ့အာနိသင်က အသုံးဝင်ပါပြီ။ ဆီးရွှင်စေတယ်ဆိုတော့ ပိုလျှံနေတဲ့ရေဓါတ်နဲ့ အဆိပ်အတောက်တွေကို ဖယ်ထုတ်နိုင်ပါတယ်။ အစာအိမ်ကြွက်သားတောင့်တင်းခြင်းနဲ့ ဗိုက်ပွခြင်းကို သက်သာစေတယ်။

(၂) ဝမ်းချုပ်သက်သာစေတယ်

အစာမကြေတာ၊ ဝမ်းချုပ်နေတာတွေဆို သခွားသီးစားပါ။ ရေဓါတ်နဲ့အမျှင်ဓါတ်ပါဝင်မှု များတာကြောင့် အူကိုရှင်းစေပြီး ဝမ်းချုပ်သက်သာစေမှာပါ။

(၃) ဗိုက်အောင့်သက်သာစေတယ်

အစာအိမ်ရောဂါဖြစ်ရင် ဗိုက်ပွ၊ ဗိုက်အောင့်တာတွေဖြစ်စေနိုင်ပါတယ်။ သခွားသီးက ရောင်ရမ်းမှုကို လျာ့ကျစေပြီး အစာအိမ်နံရံတွေနာကျင်မှုကို သက်သာစေပါတယ်။

(၄) အဆီဓါတ်မပါဘဲ ခွန်အားဖြစ်စေတယ်

ဝိတ်ချအစီအစဉ်အောင်မအောင်ဆိုတာ အဆီဓါတ်စားသုံးမှုပမာဏကို မူတည်ပါတယ်။ ကယ်လိုရီတွေမများရပါဘူး။ ဝိတ်ချပြီဆိုရင် သခွားသီးကိုလည်း အဆာပြေစားလို့ရပါတယ်။ ခွန်အားဖြစ်စေပါတယ်။ ချိစ်တော့ မထည့်နဲ့ပေါ့။

(၅) ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓါတ်ကျဆင်းစေတယ်

သခွားသီးက မကောင်းတဲ့ကိုလက်စထရောတွေကို လျှော့ချပြီး အကျိုးပြုကိုလက်စထရောတွေကို အားပေးပါတယ်။ အီသနောပါဝင်မှုကြောင့်လည်း သွေးတွင်းသကြားဓါတ်ကို သိသိသာသာလျော့ကျစေပါတယ်။

ဗိုက်အဆီကျစေမယ့် သခွားသီးဖျော်ရည်

အသီးအနှံတွေရဲ့အာဟာရဓါတ်အပြည့်အဝရရှိချင်ရင် ဖျော်ရည်လုပ်သောက်တာ အကောင်းဆုံးပါပဲ။ သခွားသီး detox က ကိုယ်အလေးချိန်ကျဖို့အပြင် အသားအရေကြည်လင်လှပဖို့ ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။

သခွားသီး detox ဘယ်လိုလုပ်မလဲ

လှီးဖြတ်ထားတဲ့ သခွားသီးတစ်လုံးသံပရာသီးတစ်လုံးအရည်ညှစ်ထားပါ
ခြစ်ထားတဲ့ ချင်း လက်ဖက်ရည်တစ်ဇွန်းစာပူစီနံ အနည်းငယ်ရှားစောင်းလက်ပပ်ရည် ၂ ဇွန်းရေတစ်ခွက် နဲ့ လုပ်လို့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...