ဘာဘီရုပ် ၁ သောင်းကျော် စုဆောင်းပိုင်ဆိုင်ထားတဲ့ အမျိုးသမီး

International News
ဘာဘီရုပ် ၁ သောင်းကျော် စုဆောင်းပိုင်ဆိုင်ထားတဲ့ အမျိုးသမီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘာဘီရုပ် ၁ သောင်းကျော် စုဆောင်းပိုင်ဆိုင်ထားတဲ့ အမျိုးသမီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘာဘီရုပ် ၁ သောင်းကျော် စုဆောင်းပိုင်ဆိုင်ထားတဲ့ အမျိုးသမီး

ဘာဘီအရုပ်ဆိုတာဟာ ဟိုးအရင်ကတည်းက ငယ်ရွယ်တဲ့မိန်းကလေးတွေ လက်ဆောင်အဖြစ် လက်ခံရရှိတဲ့ အရုပ်တွေထဲက တစ်မျိုးပါပဲ။ ဂျာမနီနိုင်ငံက အသက် ၆၂ နှစ်အရွယ် အမျိုးသမီးဆိုရင်လည်း ဘာဘီရုပ်တွေကို စုဆောင်းရတာ ခုံမင်တဲ့သူပါ။ ဘတ်တီနာ ဒေါ်ဖ်မန်းဆိုတဲ့ အဲဒီအမျိုးသမီးက ဘာဘီရုပ်ပေါင်း ၁၈၅၀၀ ကို စုဆောင်းထားတာပါ။
သူဟာ ၂၀၀၅ ခုနှစ်က ဘာဘီရုပ်အများဆုံးစုဆောင်းထားသူအဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့ပါသေးတယ်။ အဲ့ဒီတုန်းက သူဟာ ဘာဘီရုပ် ၂၅၀၀ ရှိတဲ့အတွက် ဘာဘီရုပ် ၁၁၂၅ ရုပ်ရှိတဲ့ ဗြိတိန်က တိုနီ မတ်တီနာရဲ့စံချိန်ချိုးပစ်ခဲ့တာပါ။ အဲဒီကတည်းက သူ့ရဲ့ဘာဘီရုပ်တွေက များလာခဲ့ပြီး အခုလို ဘာဘီရုပ် ၁၈၅၀၀ ပိုင်ဆိုင်ဖြစ်ခဲ့တာပါ။ Barbie ဇာတ်ကားထဲက အရုပ်တွေလည်း ရှိထားပါတယ်။

 

သူ ငယ်ဘဝတုန်းက ဘာဘီရုပ်တွေနဲ့ ကစားခဲ့ရပြီး ကောင်းတဲ့အချိန်လေးဖြစ်ခဲ့တဲ့အတွက် ဘာဘီရုပ်တွေကို နှစ်သက်သဘောကျတယ်လို့ ဘတ်တီနာက ဆိုပါတယ်။ သူက ၁၉၉၃ ခုနှစ်မှာ ဘာဘီရုပ်တွေ စစုခဲ့တာပါ။ ဒါပေမဲ့ ဘာဘီရုပ်ကို သူ ပထမဆုံးရရှိခဲ့တာဟာ သူ့အသက် ၅ နှစ်အရွယ် ၁၉၆၆ ခုနှစ်ကပါ။ သူ့ရဲ့ဘာဘီရုပ်စုစည်းမှုတွေထဲမှာ ရှားပါးဘာဘီရုပ်တော်တော်များများပါဝင်ပါတယ်။

ဘတ်တီနာက သူ့ရဲ့အရုပ်တွေကို ခင်းကျင်းပြသထားတဲ့အပြင် Barbie အကြောင်း စာအုပ်တွေလည်း ရေးသားဖြစ်ခဲ့ပါတယ်။ သူက အခြားသူတွေအတွက် အရုပ်ပြင်ပေးတာမျိုးလည်း လုပ်ပေးပါတယ်။ သူ့ရဲ့အရုပ်တွေကို ၁၉၉၀ ခုနှစ်မှာ ပြင်ဖြစ်ခဲ့တာကစတာပါ။ အရုပ်အတွက် လိုအပ်တဲ့ လက်၊ ခြေထောက်တွေလို အစားထိုးအစိတ်အပိုင်းတွေကို ဝယ်ယူပြီး ပြင်ပါတယ်။ အမြန်ပြင်လို့ရတဲ့ အရုပ်မျိုးဆိုရင် ပြင်ခ ၅.၆ ဒေါ်လာ ယူပြီး အချိန်ယူပြင်ရတယ်ဆိုရင် ပြင်ခ ၃၃၆ ဒေါ်လာ ယူပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...