ရပ်ကွက်တစ်ခုမှာ သူ့ရဲ့ဒုတိယအကြီးဆုံးပန်းချီကားကို ရေးဆွဲခဲ့တဲ့ ပန်းချီဆရာ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရပ်ကွက်တစ်ခုမှာ သူ့ရဲ့ဒုတိယအကြီးဆုံးပန်းချီကားကို ရေးဆွဲခဲ့တဲ့ ပန်းချီဆရာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ရပ်ကွက်တစ်ခုမှာ သူ့ရဲ့ဒုတိယအကြီးဆုံးပန်းချီကားကို ရေးဆွဲခဲ့တဲ့ ပန်းချီဆရာ
စင်ကာပူနိုင်ငံသားပန်းချီဆရာ ရီယွီချုံဟာ စင်ကာပူနိုင်ငံတစ်ဝှက်မှာ တွေ့ရတဲ့ သူ့ရဲ့အမွေအနှစ်ပန်းချီကားတွေကြောင့် နာမည်ကြီးပါတယ်။ အခုဆို သူဟာ Kampong Glam ရပ်ကွက်မှာ သူ့ရဲ့ဒုတိယအကြီးဆုံးပန်းချီကို ရေးဆွဲပြီးသွားခဲ့ပါပြီ။ အဲဒီပန်းချီကားလက်ရာက 92 Arab Street မှာ တည်ရှိပါတယ်။ အထည်အလိပ်လုပ်ငန်းပိုင်ရှင်ရဲ့ ၃ ထပ်တိုက်အဆောက်အဦးတစ်ဖက်အပြည့်ရေးဆွဲခဲ့တာပါ။ အထည်အလိပ်လုပ်ငန်းပိုင်ရှင်က သူ့ကို ဒီပန်းချီကားရေးဆွဲပေးဖို့ အလုပ်အပ်ခဲ့တာပါ။
ရီယွီချုံက အဲဒီအဆောက်အဦးပေါ်မှာ Kampong Glam ရပ်ကွက်ရဲ့အတိတ်ကအမှတ်တရတွေအပါအဝင် အွန်လိုင်းသုတေသနပြုချက်တွေအပေါ် အခြေခံရေးဆွဲခဲ့တာပါ။ ရောင်စုံစက္ကူလေယာဉ်တွေနဲ့ ကစားနေတဲ့ ကလေးတွေရဲ့ ရောင်စုံပုံရိပ်ပြကွက်တွေ၊ အဆောက်အဦးခေါင်မိုးကနေ အထည်အလိပ်တွေချိတ်ဆွဲထားတဲ့ပုံတွေအပါအဝင် အနုစိတ်ရေးဆွဲထားပါတယ်။ ဒီပန်းချီကားကို ဇူလိုင် ၁၂ ရက်နေ့မှာ စတင်ရေးဆွဲခဲ့ပြီး ပြီးမြောက်ဖို့ ၂၅ ရက် အချိန်ယူခဲ့ရပါတယ်။ ဒီပန်းချီကားက Kampong Glam မှာ ရီယွီချုံရဲ့ ၇ ခုမြောက်ပန်းချီကားဖြစ်ပါတယ်။
အောက်တိုဘာလကျရင်လည်း စင်ကာပူမှာ အကြီးဆုံးပန်းချီကားကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့အတူ ရေးဆွဲသွားမယ်လို့လည်း စနောက်ပြောထားပါတယ်။ ရီယွီချုံက အလျား ၆၀ မီတာ ပန်းချီကားကိုလည်း ၁ နှစ်ခွဲကြာ အချိန်ယူပြီး ရေးဆွဲခဲ့ပါသေးတယ်။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။