ပါးစပ်ပေါက်ကျယ်လွန်းလို့ ကမ္ဘာ့ဂင်းနက်စ်စံချိန် ၂ ခု ချိုးထားတဲ့ အမျိုးသမီး

International News
ပါးစပ်ပေါက်ကျယ်လွန်းလို့ ကမ္ဘာ့ဂင်းနက်စ်စံချိန် ၂ ခု ချိုးထားတဲ့ အမျိုးသမီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပါးစပ်ပေါက်ကျယ်လွန်းလို့ ကမ္ဘာ့ဂင်းနက်စ်စံချိန် ၂ ခု ချိုးထားတဲ့ အမျိုးသမီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပါးစပ်ပေါက်ကျယ်လွန်းလို့ ကမ္ဘာ့ဂင်းနက်စ်စံချိန် ၂ ခု ချိုးထားတဲ့ အမျိုးသမီး

ဆာမန်သာ ရမ်စ်ဒယ်ဆိုသူက မက်ဒေါ်နယ်မုန့်တွေလို မုန့်ပမာဏအများကြီးကို တစ်လုပ်တည်းစားနိုင်တဲ့အတွက် လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးသူပါ။ တကယ်တော့ အဲဒီအမျိုးသမီးက ပါးစပ်ပေါက်ကျယ်လွန်းတာကြောင့် ကမ္ဘာ့ဂင်းနက်စ်စံချိန် ၂ ခုကို ကိုင်ဆောင်ထားတာပါ။

အသက် ၃၃ နှစ်အရွယ် ဆာမန်သာက ၂၀၂၁ ခုနှစ်မှာ သူ့ရဲ့ပါးစပ်ကို အကျယ်ကြီးဟနိုင်လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို ချိုးခဲ့တယ်။ အဲ့ဒီစံချိန်ချိုးပြီး ၁ နှစ်အကြာ ၂၀၂၂ ခုနှစ်မှာ နောက်ထပ်စံချိန်တစ်ခုကို ချိုးခဲ့ပြန်ပါတယ်။

TikTok ဖော်လိုဝါ ၃ သန်းရှိတဲ့ ဆာမန်သာက ဒီစံချိန် ၂ ခုချိုးထားတယ်ဆိုတာကို မှတ်တမ်းနဲ့တကွ ထုတ်ပြခဲ့တာပါ။ ပထမဆုံးစံချိန်မှတ်တမ်းမှာ”ပါးစပ်အဟနိုင်ဆုံး (အမျိုးသမီး) က ၆.၅၂ စင်တီမီတာ (၂.၅၆ လက်မ) ဖြစ်ပြီး အမေရိကန်က ဆာမန်သာ ရမ်စ်ဒယ်က ၂၀၂၁ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့မှာ ဒီစံချိန်ကို ရရှိထားတယ်”လို့ ဖော်ပြထားပါတယ်။

နောက်ထပ်စံချိန်မှတ်တမ်းမှာ “ပါးစပ်ပေါက်အကျယ်ဆုံး (အမျိုးသမီး) က ၁၀.၃၃ စင်တီမီတာဖြစ်ပြီး ဆာမန်သာ ရမ်စ်ဒယ်က ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၉ မှာ ဒီစံချိန်ကို ပိုင်ဆိုင်ထားပါတယ်” လို့ ဖော်ပြထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...