မြန်မာငွေ ၂၁ သိန်းကျသင့်မယ့် ကီးဘုတ်ဂျက်ကတ်

International News
မြန်မာငွေ ၂၁ သိန်းကျသင့်မယ့် ကီးဘုတ်ဂျက်ကတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာငွေ ၂၁ သိန်းကျသင့်မယ့် ကီးဘုတ်ဂျက်ကတ်ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာငွေ ၂၁ သိန်းကျသင့်မယ့် ကီးဘုတ်ဂျက်ကတ်

Liminal Work Shop အမှတ်တံဆိပ်က ကွန်ပျူတာကီးဘုတ်ရဲ့ Key ၅၄ ခုကို ဒီဇိုင်းပုံဖော်ထားတဲ့ ဂျက်ကတ် ဖန်တီးခဲ့ပါတယ်။ ရေစိုခံနိုင်လွန်သားနဲ့ ချုပ်လုပ်ထားတဲ့ အဲဒီဂျက်ကတ်ဟာ ဇစ်ဆွဲ ရင်ကွဲအမျိုးအစား ဖြစ်ပြီး ဇစ်တပ်အိတ်ကပ်နဲ့ ခါးရှုံ့ကြိုးလည်း ပါပါတယ်။ ဈေးနှုန်းကတော့ ၆၂၃ ဒေါ်လာဖြစ်ပြီး မြန်မာငွေ ၂၁ သိန်းဝန်းကျင် ကျသင့်မှာပါ။

ကီးဘုတ်ဒီဇိုင်းဟာ ဖက်ရှင်လောကအတွက် အသစ်အဆန်းတစ်ခုဖြစ်ပြီး အမြင်ဆန်းပြားပါတယ်။ အနက်ရောင်နဲ့ ဆင်စွယ်ရောင် အရောင်နှစ်မျိုး ရှိပါတယ်။ ဆင်စွယ်ရောင်ကတော့ သားရေနဲ့ ချုပ်လုပ်ထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၇၀ ပဲ ကျသင့်မှာပါ။ ဒါပေမဲ့ ဆင်စွယ်ရောင်ဒီဇိုင်းကတော့ Key ပိုနည်းပါတယ်။


ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...