၂၅ နှစ်အောက် အမျိုးသမီးတွေ အိမ်ထောင်ပြုရင် ဆုကြေးငွေ ချီးမြှင့်မယ်လို့ တရုတ်ကောင်တီတစ်ခု ကြေညာ

International News
၂၅ နှစ်အောက် အမျိုးသမီးတွေ အိမ်ထောင်ပြုရင် ဆုကြေးငွေ ချီးမြှင့်မယ်လို့ တရုတ်ကောင်တီတစ်ခု ကြေညာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၅ နှစ်အောက် အမျိုးသမီးတွေ အိမ်ထောင်ပြုရင် ဆုကြေးငွေ ချီးမြှင့်မယ်လို့ တရုတ်ကောင်တီတစ်ခု ကြေညာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၅ နှစ်အောက် အမျိုးသမီးတွေ အိမ်ထောင်ပြုရင် ဆုကြေးငွေ ချီးမြှင့်မယ်လို့ တရုတ်ကောင်တီတစ်ခု ကြေညာ

အိမ်ထောင်ပြုနှုန်းနဲ့ ကလေးမွေးဖွားနှုန်း ကျဆင်းနေတာကို တန်ပြန် ပြောင်းလဲနိုင်ဖို့အတွက် တရုတ်နိုင်ငံရဲ့ ကောင်တီတစ်ခုမှာ ကြင်စဦး ဇနီးမောင်နှံတွေကို ဆုကြေးငွေ ပေးအပ်မယ့်အစီအစဉ် ကြေညာခဲ့ပါတယ်။

အိမ်ထောင်ပြုချိန်မှာ သတို့သမီး အသက်က ၂၅ နှစ်အောက် ဖြစ်ခဲ့မယ်ဆိုရင် ဆုကြေးငွေ ယွမ် ၁၀၀၀ ( မြန်မာငွေ ၃ သိန်းဝန်းကျင်) ဆုငွေ ပေးအပ်သွားမယ်လို့ ချန်ရှန်းကောင်တီက ကြေညာခဲ့တာပါ။

၂၀၂၂ ခုနှစ်က တရုတ်နိုင်ငံမှာ အိမ်ထောင်ပြုမှု ၈.၆ သန်းပဲ ရှိခဲ့ပြီး ၁၉၈၆ ခုနှစ်နောက်ပိုင်း အနည်းဆုံးပမာဏ ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ ယှဉ်ရင် အိမ်ထောင်ပြုမှု ၈ သိန်းလောက် ကျဆင်းသွားခဲ့တာပါ။ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားနှုန်း အနည်းဆုံး နိုင်ငံစာရင်းဝင်ပြီး ၂၀၂၂ ခုနှစ်အတွင်း ၁.၀၉ နှုန်းအထိ စံချိန်တင် ကျဆင်းခဲ့ပါတယ်။ ကလေး ပြုစုစောင့်ရှောက်စရိတ် ကြီးမြင့်လာပြီး ဘဝတက်လမ်းကိုပါ ထိခိုက်စေတယ်ဆိုတဲ့ အယူအဆကြောင့် အမျိုးသမီး တော်တော်များများက ကလေးယူဖို့ တွန့်ဆုတ်ခဲ့ကြတာပါ။

ကလေးမွေးဖွားနှုန်း မြင့်တက်လာအောင် ကြိုးပမ်းတဲ့အနေနဲ့ ချန်ရှန်းကောင်တီက အသက် ၂၅ နှစ်အောက် အမျိုးသမီးတွေ အိမ်ထောင်ပြုရင် ဆုကြေးငွေ ပေးအပ်မယ့်အပြင် ကိုယ်ဝန်ဆောင်စရိတ်၊ ကလေးပြုစုစောင့်ရှောက်စရိတ်နဲ့ ပညာရေးစရိတ်တွေပါ ထောက်ပံ့ပေးမယ့် အစီအစဉ်ကိုလည်း ကြေညာခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...