ကောင်းကင်ယံမှာ ကြယ်တွေကြွေမည်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကောင်းကင်ယံမှာ ကြယ်တွေကြွေမည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ကောင်းကင်ယံမှာ ကြယ်တွေကြွေမည်
ပါးဆီးယပ်စ် (Perseus) လို့ခေါ်တဲ့ ကျီးတာရာမှ ကြယ်ကြွေခြင်း (ကြယ်မိုးရွာခြင်း) ဖြစ်စဉ်ကို လာမည့် သြဂုတ်လ ၁၃ ရက်နေ့ မနက်ခင်းပိုင်း (၁၂ ရက်ည) မှာ အကောင်းဆုံး မြင်တွေ့ရဖို့ရှိပါတယ်။ ကြယ်ကြွေတယ်ဆိုတာ ကောင်းကင်ယံက မှိတ်တုပ် မှိတ်တုပ် လင်းလက်နေတဲ့ ကြယ်တွေ ကြွေဆင်းခြင်းမဟုတ်ပါ။
အာကာသထဲမှာ လွင့်မျောနေကြတဲ့ ဥက္ကာခဲ အပိုင်းစတွေ (ကျောက်တုံးကျောက်ခဲများ) ရှိတဲ့နေရာသို့ ကမ္ဘာက ရောက်ရှိလာကာ အဆိုပါ ကျောက်ခဲများနဲ့ ကမ္ဘာ့လေထုတို့ ပွတ်တိုက်ရာမှ ထွက်ပေါ်လာတဲ့ အလင်းတန်းများ ဖြစ်ကြပါတယ်။ ယခုတစ်ခေါက် ဝင်တိုက်မည့် ဥက္ကာခဲများကတော့.. 109P% Swift-Tuttle လို့ခေါ်တဲ့ ကြယ်တံခွန်ရဲ့ လမ်းကြောင်းက အမှုန်များပဲ ဖြစ်ပါတယ်။
ကျနော်တို့ကမ္ဘာဟာ ဒီလမ်းကြောင်းရှိတဲ့နေရာကို နှစ်စဉ် ဇူလိုင် ၁၇ မှ သြဂုတ်လ ၂၄ ရက် အကြား ဖြတ်သန်းလေ့ရှိပြီး သြဂုတ် ၁၂ – ၁၃ ကတော့ ကျောက်ခဲမှုန်များနဲ့ အများဆုံး ထိတွေ့ချိန်ဖြစ်ပါတယ်။
ညကောင်းကင်မှာ အရပ်မျက်နှာကို ကြယ်တာရာများဖြင့် ဖော်ပြလေ့ရှိပါတယ်။ ယခု ကြယ်မိုးရွာသွန်းခြင်းကို မြင်တွေ့ရမည့် နေရာကတော့ ပါးဆီးယပ်စ်လို့ခေါ်တဲ့ ကျီးတာရာမှာဖြစ်ပြီး ၁၂ ရက်နေ့ည ၁၀ နာရီကျော်လောက်မှာ အရှေ့ဘက် မိုးကုတ်စက်ဝိုင်းကနေ စတင်ပေါ်ထွက်လာမှာဖြစ်ပါတယ်။
ကျီးတာရာဟာ ဖျောက်ဆိပ်ကြယ်စု၊ ဟင်္သာတာရာတို့ အထက်နားမှာရှိလို့ ရှာဖွေရလွယ်ကူပါတယ်။ မနက်အာရုံတက်ခါနီးလေ.. ကျီးတာရာ အမြင့်သို့ ရောက်လေ ဖြစ်တဲ့အတွက် မိုးလင်းခါနီး (နေမထွက်မီ) အချိန်ဟာ အကောင်းဆုံး (အများဆုံး) တွေ့မြင်ရမှာဖြစ်ပြီး တစ်နာရီကို ကြယ်အလုံးပေါင်း တစ်ရာကျော် ကျဆင်းနိုင်ပါတယ်။
ဂရိဒဏ္ဍာရီတွေထဲမှာတော့ ပါးဆီးယပ်စ်ဟာ ဇုစ်ရဲ့ သားတော်တစ်ပါးဖြစ်ပြီး အန်ဒရိုမီဒါဆိုတဲ့ မင်းသမီးတစ်ပါးကို ရေနဂါးကြီးလက်မှ ကယ်တင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ထိုသို့ ကယ်တင်နိုင်ရန်အတွက် မီဒူဆာ ဆိုတဲ့ လူတပိုင်း မြွေတပိုင်းကို ခေါင်းဖြတ်ယူပြီး ၄င်း၏မျက်လုံးဖြင့် ရေနဂါကြီးကို ကျောက်ရုပ်ဖြစ်စေခဲ့ပါတယ်။
ဤအကြောင်းကို ဂရိနတ်ဘုရားများအကြောင်း ရိုက်ကူးတဲ့ ရုပ်ရှင်အတော်များများမှာ တွေ့ရနိုင်ပါတယ်။
မြန်မာနိုင်ငံမှ အဆိုပါကြယ်ကြွေခြင်းဖြစ်စဉ်ကို အရှေ့/ အရှေ့မြောက်အရပ်မှာ သြဂုတ် ၁၃ရက် အာရုံမတက်မီ အကောင်းဆုံး တွေ့မြင်ရနိုင်ပါတယ်။ မိုးတိမ်ကင်းစင်ပြီး အမှောင်အားကောင်းဖို့လည်း လိုပါတယ်။ ဒီကြယ်ကြွေခြင်းဟာ ထူးခြားတဲ့ ဖြစ်စဉ်များနှင့်လည်း တိုက်ဆိုင်လို့နေတတ်ပါတယ်။
ရေးသားသူ –အာကာသနှင့် စကြဝဠာ သင်ထောက်ကူ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။