မင်္ဂလာပွဲနေ့မှာ သတို့သားပျောက်သွားလို့ သတို့သားအဖေနဲ့ လက်ထပ်ခဲ့ရသူ

Funny International News
မင်္ဂလာပွဲနေ့မှာ သတို့သားပျောက်သွားလို့ သတို့သားအဖေနဲ့ လက်ထပ်ခဲ့ရသူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်္ဂလာပွဲနေ့မှာ သတို့သားပျောက်သွားလို့ သတို့သားအဖေနဲ့ လက်ထပ်ခဲ့ရသူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မင်္ဂလာပွဲနေ့မှာ သတို့သားပျောက်သွားလို့ သတို့သားအဖေနဲ့ လက်ထပ်ခဲ့ရသူ

မင်္ဂလာပွဲနေ့မှာ သတို့သား ပျောက်သွားလို့ သတို့သမီးက သတို့သားရဲ့အဖေနဲ့ လက်ထပ်လိုက်ရတဲ့ဖြစ်ရပ်တစ်ခု အင်ဒိုနီးရှားမှာ ဖြစ်ခဲ့ပါတယ်။ အင်ဒိုနီးရှားမီဒီယာတွေကတော့ သတို့သမီးရဲ့အမည်ကို SA လို့ အတိုကောက်ဖော်ပြကြပါတယ်။ SA ဟာ သတို့သားနဲ့ နှစ်ရှည်လများ ချစ်ကြိုက်ခဲ့တာဖြစ်ပြီး သြဂုတ်လ ၂၉ ရက်မှာ မင်္ဂလာဆောင်ဖို့ ပြင်ဆင်ခဲ့ကြတာပါ။

ဒါပေမဲ့ မင်္ဂလာဆောင် နေ့မှာ သတို့သား ပျောက်သွားလို့ မင်္ဂလာပွဲ ပျက်မလို ဖြစ်ခဲ့ရပါတယ်။ မင်္ဂလာပွဲအတွက် အမေရိကန်ဒေါ်လာ ၁၇၀၀ ( မြန်မာငွေ သိန်း ၆၀ ကျော်) အကုန်အကျခံထားရပြီး တင်တောင်းငွေလည်း ပေးထားရတဲ့အတွက် သတို့သမီးရဲ့ မိသားစုက မင်္ဂလာပွဲ အပျက်မခံနိုင်ဘူးလို့ ဖိအားပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သတို့သားရဲ့အဖေက သူ့သားနေရာမှာ အစားဝင်ပြီး SA နဲ့ လက်ထပ်ခဲ့တာပါ။

ငိုအားထက် ရယ်အားသန်ဖြစ်ရတဲ့ ဒီဖြစ်ရပ်ဟာ အင်ဒိုနီးရှားလူမှုကွန်ရက်မှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပြီး ” အဖေ့ဇနီး ကျွန်တော့်အဆက်ဟောင်း” လို့ မှတ်ချက်ပေးသူက ပေး၊ ” ငွေဆုံးမှာ ကြောက်လို့ ကိုယ့်သမီးကို သူမလိုချင်တဲ့ အိမ်ထောင်ရေး ထောင်ချောက်ထဲ တွန်းပို့သတဲ့လား”လို့ ဝေဖန်သူကလည်း ဝေဖန်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။