“လောင်” ဇာတ်ကားမှာသူမရဲ့ သရုပ်ဆောင်ချက်တွေကို ဝေဖန်ထောက်ပြတဲ့သူတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ချောရတနာ

Celebrity Local News
“လောင်” ဇာတ်ကားမှာသူမရဲ့ သရုပ်ဆောင်ချက်တွေကို ဝေဖန်ထောက်ပြတဲ့သူတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ချောရတနာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “လောင်” ဇာတ်ကားမှာသူမရဲ့ သရုပ်ဆောင်ချက်တွေကို ဝေဖန်ထောက်ပြတဲ့သူတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ချောရတနာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“လောင်” ဇာတ်ကားမှာသူမရဲ့ သရုပ်ဆောင်ချက်တွေကို ဝေဖန်ထောက်ပြတဲ့သူတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ချောရတနာ

ချောရတနာက အနုပညာလောကမှာ ဆယ်စုနှစ်လောက်ကတည်းက လျှောက်လှမ်းလာခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်း မေတ္တာတွေကို အပြည့် အဝရရှိထားခဲ့သူပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ကိုင်လာတဲ့ သက်တမ်း တလျှောက်မှာလည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ ချော ရတနာက အသက်တစ်နှစ်ထက်တစ်နှစ် ကြီးလာခဲ့ပေမယ့်လည်းဆယ်ကျော်ဆက်လေးလို ယနေ့အချိန်ထိ အရွယ်တင်နုပျိုနေသူပဲ ဖြစ်ပါ တယ်။

ချောရတနာဟာ အိမ်ထောင်ဇာတ်လမ်းတွဲထဲမှာလဲ အကောင်း ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့်ပရိသတ်တွေရဲ့ အချစ်ကိုသိမ်းပိုက်နိုင်ခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။ ချာရတနာဟာ အခုတစ်ခါမှာတော့ သူမကို လောင်ဇာတ်လမ်းတွဲထဲမှာ အိုဗာအိုက်တင်လုပ်နေတယ်လို့ ဝေဖန်နေကြသူတွေအတွက် ဖြေရှင်းချ က်လေးတစ်ခုပေးခဲ့တာဖြစ်ပါတယ်။

ချောရတနာက “အမကတော့ ‌လောင်ဇာတ်ကားမှာ မိုးထိချေဆိုတဲ့ ကာရိုက်တာနဲ့ အငြိုးကြီးပြီး အတ္တ ကီးတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အမက အဲ့အချိန်တုန်းက ကျန်းမာရေးလဲ သိပ်မကောင်းတော့ တစ်ခါ တစ်လေကျရင် ကိုယ်က ကိုယ်ပြောနေပေမယ့် သူတို့ပြောတဲ့စကားကို မကြားဘူး။ အားအရမ်းနဲနေတော့နားထဲကလေတွေထွက်ပြီး နားထောင်ရတာဘယ်လိုမှ မသဲကွဲဘူးဖြစ် နတယ်။ အဲ့လောက်ထိ အားနည်းနေတဲ့အချိန်မှာ ရိုက်ခဲ့ရတာ ရာသီဥတုကလဲ တအားပူတော့ ရာသီဥတုရဲ့ဒဏ်တွေလဲ ပါတာပေါ့။

တအားပူရတဲ့ကြားထဲ ဝတ်ရတဲ့အဝတ်အစားကလဲ တအားပူ ကို ယ်လုပ်ရတဲ့ ကာရိုက်တာကလဲ တအားကိုလောက်မြိုက်နေတာဆိုတော့ အမ မိုးထိချေအမေနဲ့ သရုပ်ဆောင်ခဲ့ရတာ ဘယ်လောက်ထိဖြစ်လဲ ဆိုတော့ ရိုက်ကွင်းမှာလဲ မိုးထိချေ အပြင်ပန်ရောက်တဲ့အထိ အဲ့စိတ် ကဖျောက်လို့မရဘူးဖြစ်နေတယ်။ အရမ်းတွေ စိတ်ဆတ် အတ္တကြီးပြီး မာန်ကြီးနေတယ်။ အဲ့လိုမိန်းမတစ်ယောက်ရဲ့ဟာကြီးက ရှူတင်ကပြန် တဲ့အထိ ကာရိုက်တာကြီးက စီးမျောနေတာ။ ချောတို့ ရိုက်ထားတဲ့ လောင်ဇာတ်ကားကို အစအဆုံးကြည့်ပေးစေချင်တယ်

ဘာဖြစ်လို့လဲဆိုတော့ ထွေလာလေးကိုကြည့်ပြီး သူ့အိုက်တင်က အိုဗာ ဖစ်လိုက်တာလို့ ဝေဖန်နေကြသူတွေ အိုဗာဖြစ်လား မဖြစ်လားဆိုတာ ကြည့်ကြည့်လိုက်ပါ။ ချောကလေ အိုက်တင်ကို အိုဗာဖြစ်သွားမှာ အရမ်းကြောက်တာ။

ချောရော ညီထွဋ်ခေါင်ရော ဖူးစုံရော သုံးယောက်လုံး က အိုက်တင်ကျွန်သွားမှာ အရမ်းကြောက်တာ။ ထွေလာလေးကြည့်ပြီး အိုက်တင်များတယ်လို့ ထင်ကြလိမ့်မယ်။ ဒါပေမယ့် အစအဆုံးကြည့် ကည့်လိုက်မှ အမတို့တွေ ဘာကြောင့်ဒီလိုသရုပ်ဆောင်ထားလဲဆိုတာ သိလိမ့်မယ်။ အမတို့တွေ အမေသေတုန်းကတောင် အမေဆုံးတာကို ငို တဲ့ Mood ချင်းမတူဘူး။ အဲ့တာကြောင့် ကိုယ်ငိုဘူးတဲ့ Mood နဲ့ပဲ မကြ ည့်ပါနဲ့။ မိုးထိချေနေရာမှာခံစားပြီးတော့ ကြည့်ပေးပါ။ ဒါဆိုသဘောပေါက်သွားလိမ့်မယ်” ဆိုပြီး ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

ချောရတနာတစ်ယောက်ဟာ လောင်ဇာတ် ကားမှာ အိုဗာအိုက်တင်ဖြစ်တယ်လို့ ဝေဖန်ခံနေရပေမယ့် မိုးထိချေ အနေနဲ့ သရုပ်ဆောင်နေရစဉ်မှာ ကျန်းမာရေးမကောင်းလို့ နားထဲက ပါလေတွေထွက်တဲ့အထိဖြစ်ခဲ့ရပြီး အိုဗာအိုက်တင်လုပ်နေတယ်ဝေဖန်နေကြသူတွေကိုလဲ လောင်ဇာတ်ကားအစအဆုံးကြည့်မယ်ဆိုရင် ဒီလိုတွေသရုပ်ဆောင်ထားလဲဆိုတာ သိပါလိမ့်မယ်ဆိုပြီး အားပေး ချစ်ခင်ကြသူတွေအတွက် ဖြေရှင်းချက်လေးပေးခဲ့တာ ပရိသတ်တွေ လဲ သိကြပြီထင်ပါတယ်နော်။

ချောရတနာဟာ အိမ်ထောင်ဇာတ်ကား မှာလဲ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့သလို အခုလောင် ဇာတ်ကားထဲမှာလဲ အချိန်အနဲငယ်အတွင်းမှာ ဝေဖန်မှုတွေကို ရရှိနေတဲ့ အထိ အောင်မြင်နေတဲ့ အနုပညာလောကထဲ တကြောပြန်ဝင်တဲ့အချိန် မှာ အောင်မြင်နေတဲ့ အကယ်ဒမီရ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။