မှန်ကန်တဲ့ အသက်မွေးဝမ်းကြောင်းရှိနေပြီလား (တားရော့ဗေဒင်)
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မှန်ကန်တဲ့ အသက်မွေးဝမ်းကြောင်းရှိနေပြီလား (တားရော့ဗေဒင်) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
မှန်ကန်တဲ့ အသက်မွေးဝမ်းကြောင်းရှိနေပြီလား (တားရော့ဗေဒင်)
Pile 1-
Pile 2-
Pile 1-
ဒီ pile လေးကို ရွေးချယ်ထားတဲ့သူတွေရဲ့ ၈၀% လောက်ကတော့ မင်းတို့ရဲ့လက်ရှိ career ပိုင်းနဲ့ပတ်သက်လို့ သိပ်ပြီးတော့ အားရကျေနပ်မှုမရှိတာမျိုးကိုတွေ့ရတယ်။ မိသားဆွေမျိူးတွေက တွန်းအားပေးလို့ ဒီလုပ်ငန်းခွင်ထဲကို ၀င်လာခဲ့ရတာတွေ၊ မဖြစ်မနေအခြေအနေတွေကြောင့် ဒီ career ကိုရွေးချယ်ခဲ့ရတာမျိုးတွေနဲ့ ကြုံခဲ့ရတာမျိုးတွေရှိတတ်တယ်။ မင်းတို့စိတ်၀င်စားတာက တခြား၊ လုပ်နေရတဲ့ career တခြား တစ်ခုနဲ့တစ်ခုက အရမ်းကွာနေတာမျိုးဖြစ်နေတယ်။ မင်းတို့အနေနဲ့ ကြိုးစားပြီး လုပ်ဆောင်နေပေမယ့် တခါတရံစိတ်ပင်ပန်းလာတဲ့အခါမျိုးတွေမှာ မင်းတို့ဝါသနာပါပြီးစိတ်၀င်စားတဲ့ အရာတွေကို အမြဲတမ်းတတတ်ကြတယ်။ ဒါကြောင့် ဒါလေးကိုရွေးချယ်ထားတဲ့သူတွေအနေနဲ့ အရမ်းကြီးမွန်းကျပ်လာပြီး pressure တွေအရမ်းများလာတဲ့အခါမှာ မင်းတို့ရဲ့ လက်ရှိ career ကို ချက်ချင်းကြီးပြောင်းလဲချင်စိတ်တွေပေါ်လာရင်တောင် သေချာလေးဆုံးဖြတ်ဖို့လိုပါတယ်။ အသက်အပိုင်းအခြားတစ်ခုပေါ်ကိုရောက်နေတဲ့သူမျိုးဆိုရင် ပိုပြီးစဉ်းစားရပါမယ်။ လူငယ်တွေအနေနဲ့ မင်းတို့ရဲ့ career ကို ပြောင်းလဲချင်ရင်တော့ မိသားစုနဲ့အတိုက်အခံမလုပ်ခင်မှာ ဒီအလုပ်၊ ဒီ career ကို ကိုယ်တကယ်ဝါသနာပါတာလား၊ သေသေချာချာနဲ့အောင်မြင်အောင် လုပ်နိုင်မလားဆိုတာကို အရင်တွေးပြီးမှလုပ်ရပါမယ်။
တချို့တွေအနေနဲ့ မိသားစုတစ်စုလုံးရဲ့တာ၀န်တွေကို တစ်ယောက်တည်းထမ်းပိုးထားရဲ့အနေအထားတွေမှာဆိုရင် ကိုယ်ဝါသနာပါတဲ့ ကိုယ်စိတ်၀င်စားတဲ့အရာတွေကို ဘေးခေါက်ထားလိုက်တာက အခုအချိန်မှာ အသင့်တော်ဆုံးဖြစ်မှာပါ။ လက်ရှိ career က မင်းတို့နဲ့ထပ်တူမကျဘူးဆိုရင်တော် ဖြည်းဖြည်းချင်းကြိုးစားလာရင်းနဲ့နေရာတစ်ခုရောက်လာတာနဲ့ကြုံရပါလိမ့်မယ်။
အဲ့အချိန်အထိမရောက်ခင်ကို ကြုံလာသမျှ လောကဓံတွေကို ကြံ့ကြံ့ခံနိုင်ဖို့ပဲလိုပါတယ်။ အခုချိန်မှာ ကိုယ့်ကိုကိုယ် ပိုပြီး ဦးစားပေးဖြစ်တာ၊ ကိုယ့်ခံစားချက် တွေ ကိုယ့်လိုအပ်ချက်တွေကို ရှေ့တန်းတင်တာမျိုး တွေကို ရှောင်လိုက်တာကမင်းတို့ရဲ့ ဘ၀အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
Pile 2-
ဒီ pile လေးကို ရွေးထားတဲ့လူတွေအတွက်ကတော့ မင်းတို့လုပ်နေတဲ့ career ပိုင်းနဲ့ပတ်သက်ပြီး မင်းတို့နဲ့ထပ်တူကျတာကို မြင်ရပါတယ်။ မင်းတို့ရဲ့ လုပ်ငန်းခွင်နယ်ပယ်မှာ မင်းတို့ကစိတ်ရောကိုယ်ပါပျော်နေတာကိုမြင်ရတယ်။ ဒီ career ကို ရွေးချယ်ခဲ့တဲ့အချိန်က မိသားစုတွေနဲ့အတိုက်အခံလုပ်ပြီးရွေးချယ်ခဲ့ရပေမယ့် ခုအချိန်မှာတော့ မိသားစုအသိုင်းအဝိုင်းကပါအများကြီး support ပေးနေကြတယ်။
၀င်ငွေကလည်း level တစ်ခုမှာရှိသလို မင်းတို့ရဲ့ career ပေါ်မှာ မင်းတို့က အပြည့်အ၀စိတ်နှစ်ထားတာတယ်။အခုလက်ရှိအနေအထားထက် ပိုပြီးကောင်းမွန်လာမယ့် အခြေအနေတွေရှိနေတာကိုလည်းမြင်နေရပါတယ်။ မင်းတို့ရဲ့ အသက်မွေး၀မ်းကျောင်းက အနုပညာပိုင်းနဲ့သက်ဆိုင်တယ်ဆိုရင် မင်းတို့အနေနဲ့ ပိုပြီးအောင်မြင်တဲ့ အနေအထားတစ်ခုကို ရောက်ဖို့ကို မင်းတို့ရဲ့ inner guidance က လမ်းပြပေး ပါလိမ့်မယ်။
နားချိန်တွေမှာ တစ်ယောက်တည်း အေးအေးဆေးဆေး အနားယူပြီး inner self ကပြောတာလေးတွေကို စိတ်တည်တည်ငြိမ်ငြိမ်ထားပြီးသေချာလေး နားထောင်ကြည့်လိုက်ပါ။ business ပိုင်းကိုအခြေချနေတဲ့သူတွေဆိုရင်တော့ မင်းတို့ရဲ့ ဆုံးဖြတ်ချက်ကို မင်းတို့ မယုံတာမျိုး တွေ၊ ပညာမာနထားတာမျိုးတွေကို ရှောင်ရပါမယ်။ ဆုံးဖြတ်ချက်တစ်ခုချလိုက်တိုင်း အရင်ဆုံးတွေးတတ်တဲ့ negative thinking တွေကိုလည်း စွန့်လွှတ်ရပါမယ်။ မင်းတို့ကိုယ်ကိုယ် အခုထက်ပိုပြီး အပြည့်အဝယုံကြည်ဖို့လိုပါတယ်။
ငွေကြေးနဲ့ ပတ်သတ်ပြီး ရင်းနှီးမြှပ်နှံတဲ့အခါမှာ သူများစကားကို နားမယောင်ဖို့ သတိထားရပါမယ်။ တခြား career ပိုင်းတွေမှာလည်း မင်းတို့ရည်မှန်းထားတာရှိရင် ထပ်တိုးပေါင်းစပ်ဖို့ကြိုးစားပါ။ အဆင်မပြေမှုတွေနဲ့ ကြုံလာရရင်တောင် ဒီ career နဲ့ပတ်သက်လို့ အလုပ်တွေကိုဆက်လုပ်ပါ။ တဖြည်းဖြည်းနဲ့ အောင်မြင်လာပါလိမ့်မယ်
ရေးသားသူ –Warlocks’ Kingdom Co Ltd
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။