အထွန်းဖွားဟောကိန်း

Astrology
အထွန်းဖွားဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အထွန်းဖွားဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အထွန်းဖွားဟောကိန်း

ဖွားဇာတာတွေထဲမှာ အထွန်းဖွားတွေက အလွန်ပဲ တည်ကြည်တဲ့သူတွေပါ။ ကိုယ်ကျင့်သိက္ခာကျစေမဲ့ ကိစ္စ ၊ လူများလက်ညှိုးထိုးမဲ့ ကိစ္စမျိုး တတ်နိုင်သ၍ရှောင်ကြ သူတွေပါပဲ။ အစိုးရဝန်ထမ်းပဲလုပ်လုပ် ၊အပြင်အလုပ်တွေပဲလုပ်လုပ် သူများအလုပ်တိုင်းကို မိမိအလုပ်လိုသဘောထားပြီး လုပ်ပေးတတ်သူပါ။ မိမိကိုယ်ကျင့်သိက္ခာကို ထိပါးပြောဆိုလာမယ်ဆိုရင်လဲ အချိန်မဆိုင်းဘဲ ဖြေရှင်းတတ်သူပါ၊

အလွန်ပဲစေ့စပ်သေချာတဲ့သူတွေပါ။ စနစ်ကောင်းတယ်။ အလုပ်ကိုတန်ဖိုးထားမြတ်နိုးတယ်။အလုပ်နဲ့လက်နဲ့ပြတ် နေရင် မနေတတ်ဘဲ တစ်ခုခုရှာပြီးလုပ်နေတတ်သူပါ။
လုပ်စရာမရှိရင် ပျင်းနေတတ်ပြီး တစ်ခုခုလုပ်နေရမှာ ကျေနပ်နေသူတွေပါ။ မည်သည့်အလုပ်ကိုမဆို လွယ်လွယ်နဲ့ လက်မလျော့တတ်ဘဲ ဖြစ်မြောက်အောင် လုပ်တတ်သူပါ။ အလုပ်ကံကောင်းတတ်ကြတယ်။

မည်သည်အလုပ်ကို မဆို ရေရှည်ဇောက်ချပြီး လုပ်ပါကထွန်းပေါက်ပါလိမ့်မယ်။ လက်ရှိဘဝနဲ့ မတင်းတိမ်ဘဲ အမြဲတမ်း ဘဝတက်လမ်းကို ရှာနေတတ်တဲ့ အတွက် ဖြည်းဖြည်းချင်းအောင်မြင်မှုတွေရလာမှာပါ။ မည်သည့် ပညာရပ်ကိုမဆို သိလွယ်တတ်လွယ်သူတွေပါ။ မိဘတွေကသာ ပညာရေးကို ထောက်ပံ့ပေးနိုင်မယ်ဆို အလွန်ထူးချွန်ပါ လိမ့်မယ်။စိတ်ရှည်ကြတယ်။ အပင်ပန်းလဲ ခံနိုင်ကြတယ်။

ဘာလုပ်လုပ် ဂရုတစိုက်ရှိတယ်။ လုပ်သလောက်အကျိုးဖြစ်ထွန်းပင်ပေမဲ့ အောင်မြင်မှုအသီးအပွင့်တွေ အခွင့်အရေးတွေကို အခြားလူတွေကရသွားကြတာများပါတယ်။ မိမိကအခွင့်အရေးကို ဂရုမစိုက်ပါ။ တာဝန်ကျေပွန်ရင်ကျေနပ်နေတတ်သူပါ။ လုပ်ချင်တာလုပ်ရရင် ပျော်နေတတ်သူပါ။

သူများအကျိုးစီးပွားကိုတောင်မှ အကူအညီတောင်းရင်မငြင်းတတ်သူပါ။ စိတ်ကောင်း စေတနာကောင်းသည်၊ရိုးသားတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောတတ်ကြတယ်။ အပြစ်လုပ်ထားရင်လဲ အားမနာတမ်းပြောတတ်ကြပါတယ်။ ပြောပြီးရင်လဲ မေ့မေ့ပျောက်ပျောက်နဲ့ နေတတ်သူ တွေပါ။ ရန်ညှိုးမထားတတ်ဘူး။

မိမိကအေးဆေးတည်ငြိမ်စွာနေတတ်တဲ့ အတွက် လူအများက ဘဝင်မြင့်တယ်။ မာနကြီးတယ်လို့ထင်တတ်ကြပါတယ်။ကိုယ်ကလဲ ခင်မင်သူများနဲ့ သာလိုက်ရောညီထွေ နေတတ်ပြီး မခင်မင်သူတွေနဲ့ကတော့ ခပ်ကင်းကင်းနေတတ်ပါတယ်။

ဒါပေမဲ့မိမိကံက အပေါင်းအသင်းကံညံ့ပါတယ်။ မိမိကစေတနာနဲ့ပြောဆိုရင်တောင် မိတ်ဆွေတွေကအကောင်းမထင်တတ်ပါ။ မိမိကပဲ အနစ်နာခံပေါင်းသင်းနေရတတ်ပါတယ်။ မိမိက ကကျွေးလဲကျွေးရ အဆဲလဲခံရမဲ့ဇာတာပါ။ မိမိကလဲအဖော်ခင်တယ်။ အပေါင်းအသင်းမက်တယ်။ အပျော်အပါး ပွဲလမ်းသဘင် ဝါသနာထုံတယ်။ ခရီးထွက်ရတာ ဝါသနာပါတယ်။

မိမိဇာတာက သားသမီးအကျိုးပေးကံအားနည်းတယ်၊အနည်းဆုံး မိဘကို ဒုက္ခပေးမဲ့ စုန်းပြူးတစ်ယောက်လောက်တော့ပါလာတတ်တယ်။ ကိုယ်ကလဲ သားသမီးတွေ ဘာလုပ်လုပ်မျက်စိစပါးမွှေးစူးနေတတ်တယ်။ ဘာပဲလုပ်လုပ် အစမှာတော့ မိမိကအလွန်ပဲစိုးရိမ်တတ်ကြတယ်။ တကယ်လုပ်ကြည့်တဲ့အခါ မိမိအတွက်အခက်အခဲမရှိအဆင်ပြေသွားတတ်ပါတယ်။ ဇွတ်လုပ်တတ်ပြီး ဝီရိယရှိတဲ့အတွက် အောင်မြင်မှုလမ်းပေါ်ရောက်ပါလိမ့်မယ်။

ရေးသားသူ –ဆရာမဇာဇာ(ခ)ဇွန်လေးနွယ် ဆန်းပညာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...