ဝှီးချဲနဲ့ အိမ်ခြေရာမဲ့အမျိုးသားကို သူ့ဖိနပ်ချွတ်ပြီး စီးပေးခဲ့တဲ့ မင်းသမီး ဂျနီဖာ ဂါနာ

Celebrity International News
ဝှီးချဲနဲ့ အိမ်ခြေရာမဲ့အမျိုးသားကို သူ့ဖိနပ်ချွတ်ပြီး စီးပေးခဲ့တဲ့ မင်းသမီး ဂျနီဖာ ဂါနာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝှီးချဲနဲ့ အိမ်ခြေရာမဲ့အမျိုးသားကို သူ့ဖိနပ်ချွတ်ပြီး စီးပေးခဲ့တဲ့ မင်းသမီး ဂျနီဖာ ဂါနာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝှီးချဲနဲ့ အိမ်ခြေရာမဲ့အမျိုးသားကို သူ့ဖိနပ်ချွတ်ပြီး စီးပေးခဲ့တဲ့ မင်းသမီး ဂျနီဖာ ဂါနာ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မင်းသမီး ဂျနီဖာ ဂါနာ ပါတဲ့ ဗီဒီယိုတစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီဗီဒီယိုက လူမှုကွန်ယက်အသုံးပြုသူတွေကို ဂျနီဖာအပေါ် မလေးစားဘဲ မနေနိုင်လောက်အောင်ဖြစ်သွားစေခဲ့ပါတယ်။ ဂျနီဖာက ဝှီးချဲနဲ့ အိမ်ရာမဲ့အမျိုးသားတစ်ဦးကို သူ စီးထားတဲ့ဖိနပ်ချွတ်ပြီး ဝတ်ပေးခဲ့လို့ပါပဲ။

ဂျနီဖာ ဂါနာနောက်ကို ပါပါရာဇီတွေက လိုက်ပြီး ဓာတ်ပုံရိုက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ အခုတစ်ခေါက်မှာတော့ ခါတိုင်းနဲ့မတူဘဲ ထူးထူးခြားခြားအခိုက်အတန့်တစ်ခုကို ပါပါရာဇီတွေ ရိုက်မိခဲ့ပါတယ်။ ကားမောင်းလာတဲ့ ဂျနီဖာက ဝှီးချဲနဲ့အမျိုးသားနားရောက်တော့ စကားပြောပြီး မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပါတဲ့ ပလတ်စတစ်အိတ်ကို လှမ်းပေးခဲ့ပါတယ်။

ဒါပေမဲ့ သူတို့စကားပြောနေစဉ်အတွင်း အဲဒီအမျိုးသားက ခြေဗလာဖြစ်နေတယ်ဆိုတာကို ဂျနီဖာ သတိထားမိသွားခဲ့ပါတယ်။ ဒါကြောင့် ကားထဲကထွက်ပြီး အဲဒီအမျိုးသားရှေ့ထိုင်ချပြီးတော့ ခြေအိတ်ဝတ်ပေးခဲ့ပါတယ်။ ဖိနပ်မရှိတာတွေ့တော့ သူ့ရဲ့ဖိနပ်တွေကိုပါ ချွတ်ပြီး စီးပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဖိနပ်တွေက အဲဒီအမျိုးသားအတွက် အရမ်းသေးနေခဲ့ပါတယ်။

ဂျနီဖာက သူ့ကို ရိုက်နေတဲ့ ပါပါရာဇီကို တွေ့သွားတဲ့အချိန်မှာ သူ့ဆီလာပြီးတော့ “မင်းရဲ့ဖိနပ်ဆိုဒ်က ဘယ်လောက်လဲ၊ သူ့အတွက် မင်းရဲ့ဖိနပ်တွေကို ဝယ်လို့ရမလား၊ သူ ဖိနပ်လိုအပ်နေတယ်”လို့ ပြောခဲ့ပါတယ်။ အဲဒီအမျိုးသားရဲ့ဖိနပ်ဆိုဒ်က ဘယ်လောက်လဲလို့ ပါပါရာဇီက ပြန်မေးခဲ့ပါတယ်။ ဂျနီဖာက ၁၀ ခွဲလို့ ပြန်ဖြေတော့ ပါပါရာဇီရဲ့ဖိနပ်ဆိုဒ်က ၁၁ ဖြစ်တဲ့အတွက် သူ့ကို ပေးလိုက်မယ်၊ ဝယ်စရာမလိုပါဘူးတဲ့။ ဖိနပ်ရတော့ ဂျနီဖာကိုယ်တိုင် အိမ်ရာမဲ့အမျိုးသားကို ဝတ်ပေးခဲ့ပါတယ်။ ပါပါရာဇီဓာတ်ပုံဆရာက သူ့ကားထဲ ပါလာတဲ့ စောင်ကို အိမ်ရာမဲ့အမျိုးသားကို ပေးခဲ့ပါတယ်။

ဗီဒီယိုကြည့်ရှုရန် – https://www.youtube.com/watch?v=rt0RMsJQ1ck&t=53s

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...