ကိုယ်ခံအားကိုမြင့်တက်စေတဲ့ ကြက်သွန်နီသံပုရာဆမ်း

Health Knowledge
ကိုယ်ခံအားကိုမြင့်တက်စေတဲ့ ကြက်သွန်နီသံပုရာဆမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိုယ်ခံအားကိုမြင့်တက်စေတဲ့ ကြက်သွန်နီသံပုရာဆမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကိုယ်ခံအားကိုမြင့်တက်စေတဲ့ ကြက်သွန်နီသံပုရာဆမ်း

အလွန်ရိုးရှင်းပြီး လုပ်ရလွယ်ကူတဲ့ မီးဖိုချောင်ထဲက ဆေ:နည်းတစ်မျိုးကို ကျန်းမာရေးသတင်းများစာမျက်နှာမှ မျှဝေပေးချင်ပါတယ်။ အဲဒါကေတာ့ ကြက်သွန်နီသံပုရာဆမ်း ဖြစ်ပါတယ်။

(၁) ကြက်သွန်နီကို ဖင်ဖြတ်၊ ခေါင်းဖြတ်၊ အခြံခြါပါ။

(၂) ပုံထဲကအတိုင်း အကွင်းလိုက် လှီးထားပါ။ ရေမဆေ:ပါနဲ့။

(၃) ကြက်သွန်နီပေါ်ကို သံပုရာသီးညှစ်ထည့်ပါ။

(၄) ချိုတဲ့အရသာပေါ်လာပါမည်။ မွန်တဲ့အနံ့များ ပျောက်သွားမည်။

(၅) ၄င်းကြက်သွန်နီသံပုရာဆမ်းကို မကြာခဏ စားပေးပါ။

ထမင်းနှင့်သော်၄င်း၊ အခြားအစားအစာများနှင့်သော်၄င်း တွဲစားနိုင်ပါသည်။

ဒီနည်းကတော့ ထမင်းစားခါနီး ၂ မိနစ်အတွင်း အလြယ္တကူ ပြုလုပ်၍ စားသုံးနိုင်တဲ့ အလွယ်နည်း ဖြစ်ပါတယ်။

ဒီထက်ပိုအချိန်ပေးပြီး လုပ်နိုင်ပါက ကြက်သွန်နီကို ပါးပါးလွီး၍ သံပုရာသီးညှစ်ထည့်၊ ဆား၊ ငရုတ်သီးစိမ်းတို့ကို အနည်းငယ်စီထည့်၍ ကြက်သွန်နီသုပ်ကို လုပ်၍ စားသုံးနိုင်ပါသည်။

ကြက်သွန်နီစားပြီး ပါးစပ်မနံအောင် မြေပဲဆန် ၃ စေ့ခန့် ဝါးစားပါ။ ဖန်ရည်ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းပါ။

ကြက်သွန်နီသံပုရာဆမ်းကို စားသုံးပေးခြင်းဖြင့်

(၁) ကိုယ်ခံအားကို မြင့်တက်စေမည်။

(၂)လေထဲတွင်ကူးစက်နိုင်သော တုပ်ကွေးစသည့်ရောဂါများကို ကာကွယ်ပေးနိုင်သည်။

(၃) ပိုးမွှားများကို ကင်းစင်စေနိုင်ပါသည်။

(၄) ဆီးချိုသွေးချိုရောဂါများကို သက်သာစေပါသည်။

(၅) ဂျိုင်းနံ့ဆိုးသူများ၊ ခံတွင်းနံ့ဆိုးသူများကို သက်သာစေပါသည်။

(၆) အိမ်ထောင်သည်များအတွက် ခွန်အားကို တိုးပွါးစေပါသည်။

(၇) ရင်ပူခြင်း၊ ရေငတ်ခြင်းများကို သက်သာပျောက်ကင်းစေပါသည်။

(၈) ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီများကိုလည်း လျှော့ချပေးနိုင်ပါသည်။

ရိုးရှင်းလွယ်ကူသော ကြက်သွန်နီသံပုရာဆမ်းနည်းကို အလွယ်တကူ ပြုလုပ်၍ စားသုံးခြင်းဖြင့် ရောဂါများ သက်သာပျောက်ကင်းနိုင်ကြပါစေ။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...