နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

Health Knowledge
နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

ခြင်မရှိတဲ့ အရပ်၊ ခြင်မရှိတဲ့ အိမ်ရယ်လို့ မရှိပါဘူး။ ဒီတော့ နေရာတိုင်းမှာ တွေ့နိုင်တဲ့ ခြင်ကို ခြင်ဆေး မလိုဘဲ သဘာဝနည်းလေးတွေနဲ့ ခြင်ပြေးအောင် လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပါရစေ

နေအိမ်မှာ ခြင်ပြေးစေဖို့ ခြင်ဆေး ထွန်းစရာ မလိုမယ့် နည်းလမ်းကတော့

လေးညှင်းပွင့် နဲ့ သံပရိုသီး

သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး သံပရိုခြမ်းပေါ်မှာ လေးညှင်းပွင့်လေးတွေ စိုက်ထားပေးပါ။ လေးညှင်းပွင့် နဲ့ သံပရိုသီးတို့ရဲ့ ရနံ့ ပေါင်းစပ်မှုက ခြင်တွေကို ဝေးဝေးပြေးစေဖို့ အကောင်းဆုံး အထောက်အကူပြုနိုင်မှာပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူရဲ့ အနံ့ ခပ်ပြင်းပြင်းက ခြင်တွေကို အဝေးပြေးစေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးပါတယ်။ ကြက်သွန်ဖြူကို ကြိတ်ခြေပြီး ရေနွေးဆူဆူထဲထည့်ပါ။ အအေးခံပြီး စပရေးဗူးထဲ ထည့်လို့ အိမ်ရဲ့ နေရာအနှံ့ကို ဖြန်းပေးရုံပါ။

ပင်စိမ်း

ပင်စိမ်းက ဟင်းလျာတွေကိုတင် ရနံ့တိုးစေတာ မဟုတ်ဘဲ ခြင်တွေ ပြေးစေဖို့လည်း အကူအညီ ပေးနိုင်မှာပါ။ လတ်လတ်ဆတ်ဆတ် ပင်စိမ်းကို နေအိမ် အခန်းထဲမှာ ထားထားတာကလည်း ခြင်ပြေးစေမယ့် နည်းလမ်းကောင်းပါ။

ကော်ဖီမှုန့်

နှပ်ကော်ဖီ လုပ်သောက်တဲ့ ကော်ဖီ အကြမ်းမှုန့်ကို ဖြူးပေးထားတာကလည်း ခြင်တွေကို အဝေးပြေးစေမှာပါ။ နေအိမ် အခန်းတွေထဲမှာ ကော်ဖီမှုန့်ကို ဖြူးထားပေးတာ၊ ရေဝပ်နိုင်တဲ့ နေရာတွေကို ကော်ဖီမှုန့် ဖြူးပေးတာက ခြင်တွေ ပြေးစေဖို့ရော ခြင်တွေ မပေါက်ဖွားစေဖို့ပါ အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်မှာပါ။

Rosemary ရိုးတံ

Rosemary ရိုးတံကလည်း ခြင်ပြေးစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင် ပါတယ်။ နေအိမ်ထဲမှာ မီးဖို သေးသေးလေးနဲ့ Rosemary ရိုးတံ ကို မီးရှို့ပေးရုံပါ။ ဒီအငွေ့က ခြင်တွေကို မောင်းထုတ်ပေးမှာပါ။

Tea Tree Oil

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတဲ့ အရေပြားမှာ Tea Tree Oil က အရေပြား ပြဿနာတွေကိုတင် ကင်းစေတာ မဟုတ်ဘဲ အရေပြားမှာ လိမ်းထားမယ်ဆိုရင်လည်း ခြင်မကိုက်အောင် ကာကွယ်ပေးနိုင်မှာပါ။ ခြင်ကိုက်ဖုတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုလို့ ရပါတယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ကို ဖြန်းပေးတာကလည်း သဘာဝ ခြင်ပြေးဆေးတစ်ခုပါ။ စပရေးဗူးထဲမှာ ထည့်လို့ နေအိမ်မှာ ဖြန်းပေးပါ။

တမာဆီ နဲ့ လာဗင်ဒါဆီ

တမာဆီ နဲ့ လာဗင်ဒါဆီကို ဆတူရောပြီး အရေပြားပေါ်မှာ လိမ်းပေးတာက အရေပြားကို ထိခိုက်မှု ကင်းပြီး ခြင်တွေကို အဝေးပြေးစေမှာပါ။

ပူစီနံ အဆီ

ပူစီနံရွက်က ရတဲ့ အဆီကို လိမ်းပေးတာ အစိုဓာတ် ထိန်းစက်ထဲ ထည့်ပြီး ဖွင့်ပေးတာ၊ ရေနွေးနဲ့ ရောစပ်ပြီး ဖြန်ပေးတာကလည်း ခြင်ပြေးစေဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...