ကန်ဒေါ်လာ သန်း ၇၀၀ နီးပါး ကုန်ကျမယ့် နောက်ဆုံးပေါ် ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်သစ်

International News
ကန်ဒေါ်လာ သန်း ၇၀၀ နီးပါး ကုန်ကျမယ့် နောက်ဆုံးပေါ် ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်သစ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကန်ဒေါ်လာ သန်း ၇၀၀ နီးပါး ကုန်ကျမယ့် နောက်ဆုံးပေါ် ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်သစ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကန်ဒေါ်လာ သန်း ၇၀၀ နီးပါး ကုန်ကျမယ့် နောက်ဆုံးပေါ် ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်သစ်

အမေရိကန်လေတပ်က သူတို့ရဲ့ နောက်ဆုံးပေါ် ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်သစ် B-21 Raider ရဲ့ ဓာတ်ပုံသစ်တွေကို ထုတ်ပြလိုက်ပါပြီ။ တစ်စီးကို အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါး တန်ကြေးရှိမယ်လို့ ခန့်မှန်းထားတဲ့ B-21 Raider ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်သစ်ကို အခုနှစ်နှောင်းပိုင်းမှာ စမ်းသပ်ပျံသန်းဖို့ ခန့်မှန်းထားပါတယ်။

Northrop Grumman ကုမ္ပဏီက ထုတ်လုပ်တဲ့ B-21 Raider ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်သစ်ရဲ့ ဓာတ်ပုံတွေကို ပြီးခဲ့တဲ့သီတင်းပတ်က Defense Visual Information Distribution Service ဝက်ဘ်ဆိုက်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ အရင်က ရှေ့တည့်တည့်ကနေ ရိုက်ထားတဲ့ B-21 Raider ဓာတ်ပုံတစ်ပုံသာ ထွက်ရှိခဲ့ဖူးပြီး အခုအခါမှာတော့ ရှုထောင့်အစုံကနေ ရိုက်ထားတဲ့ ဓာတ်ပုံတွေ ထပ်မံထွက်ပေါ်လာတာ ဖြစ်ပါတယ်။

B-21 Raider ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်ဟာ လက်ရှိအသုံးပြုနေတဲ့ B-1 Lancer နဲ့ B-2 Spirit လေယာဉ်တွေ နေရာမှာ အစားထိုးမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ တပ်တော်ဝင်ဖို့ ခန့်မှန်းထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...