ကမ္ဘာ့အရပ်ရှည်ဆုံးခွေးလေး အသက် ၃ နှစ်မှာ thayဆုံး

International News
ကမ္ဘာ့အရပ်ရှည်ဆုံးခွေးလေး အသက် ၃ နှစ်မှာ thayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့အရပ်ရှည်ဆုံးခွေးလေး အသက် ၃ နှစ်မှာ thayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အရပ်ရှည်ဆုံးခွေးလေး အသက် ၃ နှစ်မှာ thayဆုံး

ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက တရားဝင်သတ်မှတ်ထားတဲ့ ကမ္ဘာ့အရပ်ရှည်ဆုံးခွေးလေး ဇုစ်ဟာ အသက် ၃ နှစ်မှာ thayဆုံးသွားခဲ့ပါပြီ။ ဇုစ်က သူ့ရဲ့ခွေးမျိုးစိတ်မှာတောင် မယုံနိုင်လောက်အောင် ကြီးမားပါတယ်။ သူက အရိုးကင်ဆာရောဂါခံစားခဲ့ရပြီး သူ့ခြေထောက်ကို ဖြတ်ပစ်ဖို့ဖြစ်လာခဲ့ပါတယ်။

သူ့သခင်မိသားစုက သူ့ရဲ့ရောဂါကို ပျောက်အောင်ကုသပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ GoFundMe ပေ့ချ်ကို ထောင်ခဲ့ပါတယ်။ အခုလအစောပိုင်းမှာ ခွဲစိတ်ကုသမှုခံယူခဲ့ပေမဲ့ ခွဲစိတ်ဆရာဝန်က ပိုကောင်းမလာနိုင်ဘူးလို့တော့ ပြောပါတယ်။ ခွဲစိတ်ကုသပြီး ရက်အနည်းငယ်အကြာမှာ ဇုစ်ဟာ အစာမစားချင်တာ၊ ပိုပြီး လေးလံထိုင်းမှိုင်းနေတာ၊ အဖျားနည်းနည်းတတ်တာ၊ နှုတ်ခမ်းတစ်ဝိုက် အပြာရောင်တွေဖြစ်လာခဲ့ပါတယ်။

ဓာတ်မှန်ရိုက်ကြည့်တော့ သူ့အဆုတ်ထဲ အရည်တွေနဲ့ ဘတ်တီးရီးယားတွေရှိနေတဲ့ Aspiration Pneumonia ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဇုစ် မြန်မြန်သက်သာလာအောင် ဆုတောင်းပေးကြဖို့ လူမှုကွန်ယက်အသုံးပြုသူတွေကို သူ့သခင်တွေက တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ ဒီအဆုတ်ရောင်ရောဂါကို ဇုစ် မတွန်းလှန်နိုင်တော့ဘဲ thayဆုံးသွားခဲ့ပါတယ်။

ဇုစ်က ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့အရပ်ရှည်ဆုံးခွေးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ တရားဝင်အရပ်တိုင်းတာတဲ့အချိန်တုန်းက သူဟာ ၃ ပေ ၅.၁၈ လက်မရှိခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...