ဂျပန်လူဦးရေ ၁၀ ဦးမှာ ၁ ဦးနှုန်းဟာ အသက် ၈၀ နဲ့အထက် အရွယ်ရှိသူတွေ ဖြစ်နေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂျပန်လူဦးရေ ၁၀ ဦးမှာ ၁ ဦးနှုန်းဟာ အသက် ၈၀ နဲ့အထက် အရွယ်ရှိသူတွေ ဖြစ်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ဂျပန်လူဦးရေ ၁၀ ဦးမှာ ၁ ဦးနှုန်းဟာ အသက် ၈၀ နဲ့အထက် အရွယ်ရှိသူတွေ ဖြစ်နေ
ဂျပန်နိုင်ငံရဲ့ လူဦးရေထဲမှာ ၁၀ ရာခိုင်နှုန်းကျော်ဟာ အသက် ၈၀ နဲ့အထက် အရွယ်ရှိသူတွေ ဖြစ်နေတယ်လို့ ဂျပန်အစိုးရက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားနှုန်း အနည်းဆုံးနိုင်ငံတွေစာရင်းမှာ ပါဝင်နေပြီး အိုမင်းသူ များပြားနေတဲ့ အခြေအနေကို ရင်ဆိုင်နေရတာပါ။
ဂျပန်လူဦးရေ ၁၂၅ သန်းထဲမှာ ၂၉.၁ ရာခိုင်နှုန်းက အသက် ၆၅ နှစ်နဲ့အထက် ရှိနေကြပါတယ်။ အသက် ၆၅ နဲ့အထက် လူဦးရေ အချိုးအစားနှုန်းအရ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အိုမင်းသူအများဆုံးရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။ ၂၀၄၀ ပြည့်နှစ်မှာ ဂျပန်နိုင်ငံရဲ့ အသက် ၆၅ နှစ်နဲ့အထက် လူဦးရေဟာ ၃၄.၈ ရာခိုင်နှုန်းအထိ ရှိလာနိုင်တယ်လို့ လူဦးရေနဲ့ လူမှုဖူလုံရေးသုတေသနဆိုင်ရာ အမျိုးသားသိပ္ပံက ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံဟာ စီးပွားရေးအင်အားကြီးနိုင်ငံတွေထဲမှာ အသက် ၆၅ နှစ်နဲ့အထက် အလုပ်လုပ်သူ အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပြီး လုပ်သားအင်အားစုရဲ့ ၁၃ ရာခိုင်နှုန်းကျော်က အသက် ၆၅ နှစ်နဲ့အထက် အရွယ်ရှိပါတယ်။ ဒါပေမဲ့ သက်ကြီးရွယ်အို များပြားတာကြောင့် လူမှုဖူလုံရေးစရိတ် မြင့်မားပြီး လာမယ့်ဘဏ္ဍာနှစ်အတွက် စံချိန်တင်အသုံးစရိတ် ချမှတ်ပေးထားရပါတယ်။
ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ကလေးမွေးဖွားနှုန်း ၈၀၀၀၀၀ ကျော်သာရှိခဲ့ပြီး မွေးဖွားနှုန်း စာရင်း စတင်ကောက်ယူခဲ့တဲ့ ၁၉ ရာစုနောက်ပိုင်း အနည်းဆုံးနှုန်း ဖြစ်ခဲ့ပါတယ်။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။