ပထမဆုံး ကြင်ယာဖက်တွေ့တဲ့နေ့မှာ ဘေလ် တစ်ဝက်မျှမရှင်းတဲ့ ကောင်မလေးကို အမျိုးသားက ရဲစခန်းမှာ တိုင်ချက်ဖွင့်

International News
ပထမဆုံး ကြင်ယာဖက်တွေ့တဲ့နေ့မှာ ဘေလ် တစ်ဝက်မျှမရှင်းတဲ့ ကောင်မလေးကို အမျိုးသားက ရဲစခန်းမှာ တိုင်ချက်ဖွင့်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပထမဆုံး ကြင်ယာဖက်တွေ့တဲ့နေ့မှာ ဘေလ် တစ်ဝက်မျှမရှင်းတဲ့ ကောင်မလေးကို အမျိုးသားက ရဲစခန်းမှာ တိုင်ချက်ဖွင့် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပထမဆုံး ကြင်ယာဖက်တွေ့တဲ့နေ့မှာ ဘေလ် တစ်ဝက်မျှမရှင်းတဲ့ ကောင်မလေးကို အမျိုးသားက ရဲစခန်းမှာ တိုင်ချက်ဖွင့်

ပထမဆုံး ကြင်ယာဖက် ဆုံတဲ့နေ့မှာ စားသောက်စရိတ် မျှရှင်းဖို့ ငြင်းဆန်ခဲ့တဲ့ မိန်းကလေးကို ရုရှားအမျိုးသားက ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။ ပထမဆုံး ဆုံတဲ့နေ့မှာ စားသောက်စရိတ်ကို အမျိုးသားဘက်ပဲ ရှင်းပေးသင့်တယ်လို့ အချို့က ဆိုကြသလို အချို့ကလည်း ကိုယ့်စားတာ ကိုယ်ရှင်း ပုံစံမျိုးပဲ ဖြစ်သင့်တယ်လို့ ပြောကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေ ရှိပေမဲ့ ရဲစခန်းမှာ တိုင်ချက်ဖွင့်တာမျိုးတော့ မရှိခဲ့ပါဘူး။

မော်စကိုမြို့မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားဟာ ကော်ဖီဆိုင်တစ်ဆိုင်မှာ ကြင်ယာဖက်နဲ့ တွေ့ခဲ့တာဖြစ်ပြီး ဘေလ် ရောက်မလာချိန်အထိ အစစအရာရာ အဆင်ပြေခဲ့ပါတယ်။ သူတို့ဝိုင်းဟာ ရူဘယ် ၁၆၀၀၀ (အမေရိကန်ဒေါ်လာ ၁၆၅) ကျသင့်ပြီး အမျိုးသားက တစ်ဝက်စီ မျှရှင်းစေချင်ပေမဲ့ ကောင်မလေးက မျှရှင်းဖို့ ငြင်းဆန်ခဲ့ပါတယ်။ အစားအစာအများစုကို သူ မှာစားတာမဟုတ်လို့ သူ မရှင်းနိုင်ဘူးဆိုပြီး ထွက်သွားခဲ့တာပါ။

ဘေလ် ရှင်းခဲ့ရတာကို မကျေနပ်တဲ့ အမျိုးသားက ကော်ဖီဆိုင်ကအပြန် မော်စကိုမြို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာဖြစ်ပြီး ဒီကိစ္စကို ဘယ်လိုဆုံးဖြတ်မလဲဆိုတာတော့ မသိရသေးပါဘူး။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...