ရွေ့လျားနေတဲ့ ဂျပန်ကျည်ဆန်ရထားပေါ်မှာလုပ်ခဲ့တဲ့ WWE စတိုင်နပန်းပွဲ

International News
ရွေ့လျားနေတဲ့ ဂျပန်ကျည်ဆန်ရထားပေါ်မှာလုပ်ခဲ့တဲ့ WWE စတိုင်နပန်းပွဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရွေ့လျားနေတဲ့ ဂျပန်ကျည်ဆန်ရထားပေါ်မှာလုပ်ခဲ့တဲ့ WWE စတိုင်နပန်းပွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရွေ့လျားနေတဲ့ ဂျပန်ကျည်ဆန်ရထားပေါ်မှာလုပ်ခဲ့တဲ့ WWE စတိုင်နပန်းပွဲ

ပရော်ဖက်ရှင်နယ်နပန်းသမားနှစ်ဦးဖြစ်တဲ့ မီနိုရူ ဆုဇူကီး နဲ့ ဆန်ရှီရို တာကာဂီဟာ အလွန်လျင်မြန်တဲ့ကျည်ဆန်ရထားအတွင်း နပန်းသတ်ခဲ့ကြပါတယ်။ WWE စတိုင်နပန်းပွဲကို တိုကျိုအခြေစိုက် DD Pro- Wrestling က စီစဉ်ကျင်းပခဲ့တာပါ။ အဲဒီရထားအတွင်း ခရီးသည် ၇၅ ဦးအပြည့်ပါပဲ။

မီနိုရူနဲ့ ဆန်ရှီရိုကြား နပန်းပွဲစဉ်လက်မှတ်တွေက မိနစ် ၃၀ အတွင်း ရောင်းထွက်ခဲ့တာပါ။ တနင်္လာနေ့က တိုကျိုကနေ နာဂိုယာကို ပြေးဆွဲတဲ့ ကျည်ဆန်ရထားပေါ်မှာ ထိုးသတ်ခဲ့ကြတာဖြစ်ပြီး အခုဆို သူတို့နှစ်ဦးထိုးသတ်တဲ့ဗီဒီယိုက လူမှုကွန်ယက်မှာ ပျံ့နှံနေပါပြီ။

သူတို့နှစ်ဦးက ရွေ့လျားနေတဲ့ ရထားပေါ်မှာ ထူးထူးခြားခြားနပန်းသတ်ပြခဲ့တာပါ။ ခရီးသည်တွေက သူတို့ရဲ့ပွဲကို ကြည့်ပြီး သဘောကျနှစ်ခြိုက်ခဲ့ကြပြီး အများစုက ဖုန်းတွေနဲ့ မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ ပွဲကတော့ နာရီဝက်ကြာမြင့်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...