နှာချေတာနဲ့ အတိတ်နိမိတ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှာချေတာနဲ့ အတိတ်နိမိတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
နှာချေတာနဲ့ အတိတ်နိမိတ်
နှာချေတာကလည်း နိမိတ်ပဲလူတိုင်းကနှာချေဖူးကြမှာပါ။ အအေးမိသည်ဖြစ်စေ၊ အမှုန်အမွှား၊ အမွှေးအမျှင်များ၊ နှာမွန်ခြင်း၊ နှာဝဆီသို့ ဝင်လာတဲ့အခါမှာ ယားယံလာပြီဆိုရင် “ဟပ်ချိုး…ဟပ်ချိုး” ဟူသောအသံဖြင့် နှာချေတတ်ကြတယ်။ သဘာဝတရားဖြစ်သော်လည်း အတိတ်နိမိတ်ကောက်သော ပညာရှင်များက နှာချေတဲ့ အချိန်မှာ ချေတဲ့အနေအထား ချေတဲ့အပေါ်တွင် မူတည်ပြီး ဖြစ်လာမဲ့ နိမိတ်ကို အောက်ပါအတိုင်း ရှင်းပြ လေ့လာတွေ့ရှိထားပါတယ်။
၁). နံနက်စောစော နှာချေပါက
-ကံကောင်းသော နိမိတ်ဖြစ်ပါတယ်။ ဒီနိမိတ်ဟာ သင်တစ်စုံတစ်ခု ကိုဆုံးဖြတ်ချက် ချထားရင် အဲဒီဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ဆိုလိုပါတယ်။
၂). ညအချိန် နှာချေပါက
-ကံမကောင်းသော နိမိတ်ဖြစ်ပါတယ်။ ဒီလိုနိမိတ်မျိုးဟာ သင်ဆီ စိတ်ညစ်စရာသတင်းစကား ကြားရမယ်လို့ ဖော်ပြထားပါတယ်။
၃).သုံးကြိမ်ဆက်တိုက်နှာချေမိပါက
-ဒီလိုနိမိတ်မျိုးဟာ သင်ဆုံးဖြတ်ချက်ချလိုက်တိုင်း မှားယွင်းနိုင်တယ်လို့ ညွှန်ပြတဲ့နိမိတ်ဖြစ်တယ်။
၄).နှာချေလိုသော်လည်း မချေရဖြစ်နေပါက -တစ်ယောက်ယောက်က မိမိအပေါ်မှာ မေတ္တာရှိနေသော်လည်း ဖွင့်ပြောရအခက်နေတယ်ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။
၅).စကားပြောနေစဉ် နှာချေပါက -နှာချေသောသူရဲ့ ပြောစကားမှန်သမျှဟာ မုသားတွေသာ ဖြစ်တယ်လို့ နိမိတ်ရတယ်။
၆).တနင်္ဂနွေနေ့မှာ နှာချေလျှင် -အေးအေးဆေးဆေး အခြေအနေဖြစ်မယ်လို့ယူစတယ်။
၇).တနင်္လာနေ့မှာ နှာချေလျှင် -အန္တရာယ် တွေ့ကြုံရလိမ်မယ်လို့ ဖော့ပြတဲ့ နိမိတ်ဖြစ်တယ်။
၈).အင်္ဂါနေ့မှာ နှာချေလျှင် -စိတ်ညစ်ရမယ် ဆိုတဲ့နိမိတ်ဖြစ်တယ်။
၉).ဗုဒ္ဓဟူးနေ့မှာ နှာချေလျှင် – အအေးမိသောကြောင့် ဖြစ်တယ်။
၁၀).ကြာသပတေးနေ့မှာ နှာချေလျှင် – ယခင်ကထက် အခြေအနေပိုကောင်းလာပြီဆိုသော နိမိတ်ဖြစ်တယ်။
၁၁).သောကြာနေ့မှာ နှာချေလျှင် – ဝမ်းနည်းကြေကွဲစရာများနဲ့ တွေ့ကြုံရတယ်လို့ ဖော်ပြထားပါတယ်။
၁၂).စနေနေ့မှာ နှာချေလျှင် – အချစ်စစ်နဲ့ တွေ့ကြုံရမယ်ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။
ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။