ဂုဏ်တော် ၉ ပါး ပုတီး ၁၀ ပတ် စိပ်နည်း

Astrology
ဂုဏ်တော် ၉ ပါး ပုတီး ၁၀ ပတ် စိပ်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂုဏ်တော် ၉ ပါး ပုတီး ၁၀ ပတ် စိပ်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂုဏ်တော် ၉ ပါး ပုတီး ၁၀ ပတ် စိပ်နည်း

စီးပွားရေး အဆင်ပြေချင်တယ်
ငွေကြေးကံတွေ ပွင့်လန်းချင်တယ်
အနှောင့်ယှက်တွေလဲ ကင်းဝေးချင်တယ်
အစစ အရာရာ အဆင်ပြေစေချင်တယ်ဆိုရင်
ဂုဏ်တော် ၉ ပါး ပုတီး ၁၀ ပတ် စိပ်နည်းလေးကို နေ့စဉ်စိပ်ပါ။
ဤ ပုတီးစိပ်နည်းလေးက ဘဘကြီး မင်းသိခ် ဖော်ပြပေးသွားတဲ့ပုတီး စိပ်နည်းလေးဖြစ်ပြီး အရမ်းလဲ အကျိုးကျေးဇူးများပါတယ်။
ပုတီးကိုတော့ ၁၀၈ လုံးပုတီးကိုသာ အသုံးပြုရပါမယ်နော်

၁။ အရဟံ ( ၁ ပတ် )
၂။ သမ္မာ သမ္ဗုဒ္ဓေါ ( ၁ ပတ် )
၃။ ဝိဇ္ဇာ စရဏ သမ္ပန္နော ( ၁ ပတ် )
၄။ သုဂတော ( ၁ ပတ် )
၅။ လောကဝိဒူ ( ၁ ပတ် )
၆။ အနုတ္တရော ( ၁ ပတ် )
၇။ ပုရိသဓမ္မသာရထိ ( ၁ ပတ် )
၈။ သတ္တာ ဒေဝ မနုဿာနံ ( ၁ ပတ် )
၉။ ဗုဒ္ဓေါ ( ၁ ပတ် )
၁၀။ ဘဂဝါ ( ၁ ပတ် )

ဤကဲ့သို့ တစ်နေ့လျှင် ပုတီး ၁၀ ပတ်
အချိန်မှန် နေရာမှန် နေ့စဉ် စိပ်ပေးပါ သိသိသာသာ ထူးခြားလာပါလိမ့်မည်။
မှတ်ချက် – ပုတီးစစိပ်သော နေ့တွင် ကန်စွန်းရွက်ကြော် တစ်ပွဲ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုကပ်လှူလျှင် ပို၍ကောင်းပါသည်။

ရေးသားသူ -Zune Lay Nwe Astrologer

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...