“နာမကျန်းခြင်း နဲ့ ကြေးဖလားယတြာ”

Astrology
“နာမကျန်းခြင်း နဲ့ ကြေးဖလားယတြာ”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “နာမကျန်းခြင်း နဲ့ ကြေးဖလားယတြာ” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“နာမကျန်းခြင်း နဲ့ ကြေးဖလားယတြာ”

လူဆိုတာ တစ်နေ့နေ့တချိန်ချိန်မှာတော့ အကြီးအကျယ် နေထိုင်မကောင်း ကျန်းမာရေး အညံ့ကြီး မုချကြုံတွေ့ရတတ်လေ့ရှိပါတယ် ။ အဲဒီလို နေထိုင်မကောင်းဖြစ်ပြီး ကျန်းမာရေးညံ့တဲ့အခါ ကြေးဖလားတစ်လုံးဝယ်ပြီး ရွှေဖလားဖြစ်အောင် လုပ်ရပါမယ် ။ အဲဒါကတော့ ကြေးဖလား ရဲ့ အပြင်ဘက်မျက်နှာပြင်ကို ဖိုခနောက်ဆိုင် ရွှေဆိုင်းအစစ်သုံးပြား ချပေးပါ ။ ဒါဆိုကြေးဖလားက ရွှေဖလား(သဘော) ဖြစ်သွားပါပြီ ။

ပြီးရင် အဲဒီရွှေဖလားထဲကို ထောပတ်အပြည့်ထည့်ပြီး ညပိုင်းလူနာအိပ်ခါနီးမှာ”ဒီမှာ…ရွှေဖလားနဲ့ထောပတ်ကို ခေါင်းရင်းမှာ တင်ထားမယ်နော်”လို့ပြောရင်း လူနာမြင်အောင်ပြပြီး တင်ထားလိုက်ပါ ။

နံနက်အရုဏ်တက်တဲ့အခါ အဲဒီထောပတ်ထည့်ထားတဲ့ ရွှေဖလားကို လူနာအိပ်ယာကမနိုးခင် ယူလိုက်ပါ ။ အကယ်၍ အဲဒီအချိန်မှာ လူနာကနိုးနေခဲ့ရင် ရွှေဖလားကို လူနာမသိအောင် လူနာမမြင်အောင် ကိုယ်ခန္ဓာနဲ့ကွယ်ပြီး ယူရပါမယ် ။

အဲဒီနောက် ရွှေဖလားကို စရဏအားကောင်းတဲ့ ရဟန်းတစ်ပါး (ဥပမာ ကျောင်းထိုင်ဆရာတော်) ကို လူနာရဲ့အမည် ၊ အသက် နဲ့ နေ့သားကို ပြောပြီး “ကျန်းမာရေး ယတြာပါဘုရား”လို့ ပြောပြီးလှူဒါန်းရပါမယ် ။ ပြောတဲ့အခါ ဥပမာအားဖြင့် “အသက် ၇၀ ရှိပြီ ဖြစ်တဲ့ တနင်္ဂနွေသားဦးအောင်ထွန်း ရဲ့ ကျန်းမာရေးယတြာအဖြစ် ရွှေခွက်နဲ့ထောပတ်လှူပါတယ်ဘုရား” လို့ ပြည့်ပြည့်စုံစုံ ပြောရမှာ ဖြစ်ပါတယ် ။

ဒီယတြာဟာ ကံကိုရွှေ့ပစ်နိုင်တဲ့ယတြာ ဖြစ်တဲ့အတွက် ဒုလ္လဘရဟန်း နဲ့ ကိုရင်ငယ်တွေကိုမလှူမိဖို့ သတိထားပါ ။ စရဏအားနည်းပါးသူဖြစ်ခဲ့ရင် အလှူလက်ခံတဲ့ပုဂ္ဂိုလ်မှာ ထိခိုက်တတ်ပါတယ် ။ အဲဒါကို အထူးဂရုစိုက်ပါ ။ ကိုယ့်ပြုလုပ်ပေးသော ယတြာသည် တစ်ပါးသူကို မထိခိုက်ပါစေနဲ့ ။ (အဲ့ဒီလို သက်ကြီး ဝါကြီး ရဟန်းတွေကို ရှာမတွေ့ခဲ့ရင်လည်း ဘုရားတစ်ဆူဆူသာ သွားရောက်ပြီး လှူဒါန်းလိုက်ပါ။)

ကျွန်တော်တို့ဆရာကြီးဟာ ကျွန်တော်တို့ကိုအဲဒီလိုအသေးစိပ် သင်ပေးခဲ့ပြီး သင်ပေးထားတဲ့အတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ဖို့ကိုလည်း အတန်တန်မှာခဲ့ပါတယ် ။ နှစ်တွေကြာလာတဲ့အခါ အချို့သော ယတြာတွေဟာ ဗေဒင်ဆရာရဲ့ မေ့လျှော့မှုကြောင့်သော်၎င်း ၊ သင်ကြားခဲ့ရစဉ်က ဂရုတစိုက်နားထောင် မှတ်သားခြင်း အားနည်းခဲ့မှုကြောင့်သော်၎င်း ၊ သမားဂုဏ်ပြလိုမှုကြောင့် ယတြာပေါ်တွင် မိမိဆန္ဒအလျှောက် လုပ်ဆောင်ချက်များကို တိုးခြင်း ၊လျှော့ခြင်းများပြုလုပ်၍သော်၎င်း ၊ ထို့ပြင်ပြီးပြီးရော သဘောထားကာ ယတြာကို ပြီးစလွယ်ပေးတတ်သော ဆရာများကြောင့်သော်၎င်း ၊ အချို့အချို့သော ယတြာတို့ဟာ စွမ်းသင့်သလောက်မစွမ်းသည်လည်း ရှိပါတယ် ။

လုံးဝမစွမ်းတော့သည်လည်းရှိကြပါတယ် ။ ဒါကြောင့်မို့ ဆရာကြီး၏ သိရှိပြီးသားတပည့်များအတွက်မဟုတ်ဘဲ မသိရှိသေးသောဆရာများအတွက် ဆရာကြီး၏သင်ကြားပေးခဲ့မှုအချို့အား မေတ္တာဖြင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

အထက်ပါ အသက်ကယ် ကံရွှေ့ယတြာအား အဘမင်းသိင်္ခ၏တပည့်သားသမီးများဖြစ်သော ဆရာ ဆရာမအပေါင်းတို့က မကြာမကြာ အသုံးပြုပေးလျှက်ရှိသော ယတြာနည်းဖြစ်ပြီး လွန်စွာအစွမ်းထက် အကျိုးပြုလျှက်ရှိသော ယတြာတစ်မျိုး ဖြစ်ပါတယ် ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...