နဝင်းအကြောင်းသိမှကောင်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နဝင်းအကြောင်းသိမှကောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
နဝင်းအကြောင်းသိမှကောင်း
နဝင်းအကြောင်းအား ကျွန်ပ်နားလည်ထားသလို အကျဉ်းမျှဖော်ပြပါအံ့။
“နဝင်း”သည် ”နဝ”ပါဠိမှဆင်းသက်လာပြီး
“န” မရှိခြင်း
“ဝင်း”ဖွဲ့စည်းခြင်း
ထို့ကြောင့် မျက်စိဖြင့် မမြင်နိူင်သော
မရှိသောအရာများကိုဖွဲ့စည်းထားသည့်
ဓာတ်ကြီးလေးပါး စွမ်းအင်များဖြစ်ပေသည်။
နဝင်းအမျိုးမျိုးရှိကြပြီး ၎င်းနဝင်းပိုင်းဆိုင်ရာများကို
ဓာတ်ရိုက်ဓာတ်ဆင် ယတြာ ကျင့်စဉ် အဓိဌန်
အစီအရင် စသဖြင့် အမျိုးမျိုးအသုံးပြုကြပြီး
၎င်း နဝင်း အသုံးပြုပုံအား
အကျဉ်းမျဖော်ပြရသော်…….
၉= မူလနဝင်း
“၉”ဂဏန်းအားအခြေခံထားသဖြင့်
မူလနဝင်းဖြစ်ပြီး သာမာန်ပုတီးစိတ်
အဓိဌန် ဓာတ်ရိုက် နဝင်းထိုင် အသုံးပြုကြသည်
၁၈ = အောင်နဝင်း
ဘုန်း ကံ သိဒ္ဓိ အစီအရင် လုပ်ငန်း စသဖြင့် အောင်မြင်စေရန်အသုံးပြုကြသည်
၂၇ = ငွေနဝင်း
ငွေကြေးပေါများအဆင်ပြေစေရန်အသုံးပြုသည်
(တနည်း)
နာတာရှည်ကျန်းမာရေးချို့တဲ့သူများအတွက်ကျန်းမာရေးနဝင်းအဖြစ်လည်းအသုံးပြုကြသည်
၃၆ = စိတ်နဝင်း
စိတ်တန်ခိုးကျင့်စဉ်ဝင်ခြင်းအသုံးပြုကြသည်
၄၅ = လာဒ်လာဘနဝင်း/လူနဝင်း
လာဒ်ပိတ်နေသူများ လာဒ်ပွင့်စေရန်
ထွက်သွားသူပြန်လာအောင်ခေါ်ယူသော လူနဝင်းစသဖြင့် အသုံးပြုသည်
၅၄ = ပညာနဝင်း
ကျင့်စဉ်ထူးများ ပညာထူးများ ဂမ္ဘာီရလမ်းလျောက်လှမ်းသူများအသုံးပြုကြသည်။
(တနည်း)
“၅၄”
၅ =ပြန်
၄ =လာ
ဆုံးရူံးသွားသောပစ္စည်း ထွက်သွားသောပစ္စည်း လူ
စသဖြင့် ပြန်လာစေရန်လည်း အသုံးပြုသည်
၆၃ = ပီယနဝင်း
သောကြာဂြိုဟ်သည် သွေးသား ကာမ ဂြိုဟ်ဖြစ်သဖြင့်ရှေးဆရာကြီးများက ”၆၃”ဂဏန်းကို ပီယနဝင်းအဖြစ်လူချစ်လူခင်ပေါများချစ်ခင်စေရန် အသုံးပြုကြသည်
၇၂ = ဓာတ်နဝင်း
ဓာတ်အစီအရင်များတွင်အသုံးပြုကြသည်
(တနည်း)
“၇၂”
၇ = ဒုက်
၂ = ခ
ဒုက္ခအမျိုးမျိုးကြုံတွေ့နေသူများအနေနဲ့ဒုက္ခငြိမ်းအေးစေရန်အသုံးပြုသည်
၈၁ = ရှာဖွေနဝင်း/ထွက်နဝင်း
သိုက်တူးခြင်း သိုက်ကျောရှာခြင်း ဓာတ်သတ္တုရှာဖွေခြင်း ရွေတူးခြင်း စသဖြင့်
ဟောင်းနွမ်းပစ္စည်းများ ကိန်းအောင်းပစ္စည်းများရှာဖွေရာတွင်အသုံးပြုကြသည်
၉၀ = ဓာတ်သိမ်းနဝင်း/လောကုတ္တရာနဝင်း
ကျင့်စဉ်ထူးများ ဂမ္ဘာီရပိုင်းဆိုင်ရာများတွင်သာအသုံးပြုကြသည်
၉၉ = ဓာတ်ဝင်နဝင်း
အတိုက်အခိုက် ပယောဂ မိစ္ဆာအပေါင်းတို့၏ရန်ကိုနိမ်နင်းခြင်း တန်ပြန်အစီအရင်များပြုလုပ်ရာတွင် အသုံးပြုကြသည်
၁၀၈ =ထိန်းနဝင်း
လောကီ လောကုတ္တရာ အစီအရင်များ ပြီးမြောက် အောင်မြင်စေပြီးထိန်းနဝင်းအဖြစ် ရှေးဆရာကြီးများကအသုံးပြုခဲ့ကြပါသည်။
ဥပမာ အနေနဲ့ပြရသည်ရှိသော်ပုဂ္ဂိုလ်ထူးများ ပညာထူးများ ရရှိ တွေ့ရှိစေရန်
ဂါထာ မန္တန် ပုတီး ကျင့်စဉ် တခုခုအား”၅၄” ပညာနဝင်း၅၄ခေါက် ၅၄ပါတ် ၅၄ရက် အခုလောက်ဆိုရင်နားလည်လောက်မည်ဟုထင်ပါသည်။
ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။