အိမ်နံပါတ် နှင့် သင့်ကံကြမ္မာ

Astrology
အိမ်နံပါတ် နှင့် သင့်ကံကြမ္မာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်နံပါတ် နှင့် သင့်ကံကြမ္မာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်နံပါတ် နှင့် သင့်ကံကြမ္မာ

မိမိတို့ရဲ့အိမ်နံပါတ်က သာမန်နံပါတ်တစ်ခုလို့ထင်ရပေမယ့် တကယ်တမ်းမှာ ကိုယ့်ဘဝအတွက်အလွန်အရေးပါတဲ့အရာတွေဖြစ်ပါတယ်။ အိမ်နံပါတ်တွေက ကိုယ့်အတွက် ထူးခြားတဲ့ဖြစ်စဉ်တွေပေးစွမ်းနိုင်သလို ဆိုးကျိုးတွေကိုလည်းပေးစွမ်းနိုင်တဲ့အရာတွေပါ ။

ဒီတော့ ..သင့်အိမ်နံပါတ်က ဘယ်လောက်လဲ ….
သင့်အိမ်နံပါတ်က ဂဏန်းတစ်လုံးထဲဆိုရင်တော့ သက်ဆိုင်တဲ့နံပါတ်ကိုဖတ်ကြည့်ပါ ။ဂဏန်း ၂ လုံးဖြစ်နေရင်တော့…ဥပမာ ၇၉ ဆိုရင် ၇+၉=၁၆ ၊ ၁+၆=၇ … ၇ ကိုဖတ်ရမှာပဲဖြစ်ပါတယ်။ ၁၀ ဆိုရင်တော့ ၁ နဲ့ ၀ ပေါင်းစရာမလိုပါဘူး။

အိမ်နံပါတ် (၁)

ဒီအိမ်မှာနေထိုင်တဲ့သူတွေကတော့ စွန့်စားရတာကြိုက်နှစ်သက်ပြီး ကိုယ့်ကိုယ်ကိုရှေ့တန်းတင်တတ်တဲ့သူတွေပါ ။အခြေအနေတိုင်းကိုလည်း ဝရုန်းသုန်းကားဖြစ်အောင်လုပ်တတ်ကြတဲ့သူတွေ ဖြစ်သည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါက အဆိုပါ နေအိမ်တွင် နေထိုင်ခြင်းအားဖြင့် အံ့အား သင့်ဖွယ် အကျိုးများရရှိမည်ဖြစ်သည်။

အိမ်နံပါတ် (၂)

မိသားစုကိုချစ်ခင်တဲ့ သူတွေနေတဲ့အိမ်ပါပဲ ။အေးချမ်းမှု နဲ့ ကြင်နာမှုတရားတွေလွှမ်းခြုံနေတဲ့ အိမ်လေးတစ်လုံးပါ ။ အလည်အပတ် လာသူတို့သည် နွေးထွေး မှုနှင့် မေတ္တာတရားတို့ကို အမြဲခံစားကြရ မည်ဖြစ်သည်။ မိတ်ဆွေများကို ခင်မင်တွယ်တာသူများအတွက် နေရာကောင်း တစ်ခုဖြစ်သည်။လုပ်ငန်းတာဝန်များကို အတူလက်တွဲ လုပ်ကိုင်လိုသော ဇနီးမောင်နှံများအတွက် အကောင်းဆုံးနေအိမ်ဖြစ်သည်။

အိမ်နံပါတ် (၃)

လွတ်လပ်စွာတွေးခေါ်တတ်ပြီး ဘဝရဲ့အဓိပ္ပါယ်တွေကို ရှာဖွေနေတတ်တဲ့သူမျိုးတွေပါ ။တစ်ခါတစ်လေမှာတော့ သူတို့အတွက် မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာမျိုးရှိတတ်ပါတယ် ။အိမ်နံပါတ် ၃ သည် အနုပညာဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် အလွန်ကောင်းမွန်နေရာဖြစ်သည်။

အိမ်နံပါတ် (၄)

ကျောက်ရုပ်တစ်ခုလို ခိုင်မာတဲ့သူတွေနေထိုင်တဲ့ အိမ်တစ်လုံးပါ ။မကောင်းတဲ့ကံကြမ္မာတွေ သူတို့ဆီ ဝင်ရောက်မလာနိုင်သလို ပျော်ရွှင်မှုတွေလည်း ရောက်မလာနိုင်ပါဘူး။ ဒီအိမ်မှာ နေထိုင်သူတို့သည် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း၊ အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ခြင်းများ ပြုလုပ်ရန် အလွန်သင့်လျော်ပါသည်။

အိမ်နံပါတ် (၅)

အလွန်တက်ကြွတဲ့သူတွေနေထိုင်တဲ့အိမ်ပါ ။အမြဲတမ်းအင်အားအပြည့်နဲ့ ရှေ့ဆက်ပြီး ဘယ်အရာမဆိုမနားတမ်းလုပ်ဆောင်နေတဲ့သူတွေပါ ။သူတို့ရဲ့အားနည်းချက်ကတော့ အချိန်ခဏတာပျော်ရွှင်မှုတွေကို ငွေအများအပြားသုံးပြီးရှာဖွေတတ်ကြခြင်းပါပဲ ။

အိမ်နံပါတ် (၆)

ဒီအိမ်မှာနေထိုင်တဲ့သူတွေကတော့ တိတ်ဆိတ်စွာနေထိုင်ကြလေ့ရှိပါတယ်။ဒါပေမယ့် ကိုယ့်ကိုယ်ရော အိမ်နီးချင်းတွေကိုပါ ဂရုစိုက်တတ်တဲ့သူတွေဖြစ်ပြီးတော့ အလွန်အေးဆေးတည်ငြိမ်တဲ့သူတွေပါ ။အိမ်တွင်းသို့ ၀င်လာသူတိုင်း နွေးထွေးလှိုက်လှဲမှုကို ခံစားကြရမည်ဖြစ်သည်။ အနုပညာနှင့် အလှတရားကို ၀န်းရံထား ရမည့် အကောင်းဆုံးအနေရာဖြစ်သည်။

အိမ်နံပါတ် (၇)

စာရေးဆရာ၊ သုတေသီ အစရှိသည့် အလုပ်များ လုပ်ကိုင်ပါက ဤအိမ်မှာ နေရာမှန်ဖြစ်သည်။ တိတ်ဆိတ်ခြင်း၊ တစ်သီးတစ်သန့်ဖြစ် ခြင်း၊ လျှို့ဝှက်ခြင်းကို ကိုယ်စားပြုသည်။ဘဝမှာလမ်းပျောက်နေပြီး ရည်ရွယ်ချက်တစ်ခုကို ရှာဖွေနေတဲ့သူတွေကတော့ ဒီအိမ်မှာနေထိုင်ကြလေ့ရှိပါတယ်။သူတို့ဟာ အခွင့်အရေးတစ်ခုရောက်မလာမချင်း လမ်းပျောက်နေတတ်ကြပါသည်။

အိမ်နံပါတ်(၈)

အလုပ်ကို တန်ဖိုးထားတတ်တဲ့သူတွေဖြစ်ပြီး တရားမျှတမှုကို ဦးစားပေးတတ်တဲ့သူတွေပါ ။ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အိမ်တစ်ခုလို့ပြောရမှာဖြစ်ပြီး အလွန်တာဝန်ယူတတ်တဲ့အတွက် လူတွေကြားမှာအောင်မြင်ကျော်ကြားတဲ့သူတွေ နေထိုင်တဲ့အိမ်ပဲဖြစ်သည်။

အိမ်နံပါတ် (၉)

နေအိမ်သည် လာရောက်သည့် မည်သူကိုမဆို တံခါးဖွင့် ထားသောနေအိမ်ဖြစ်သည်။ ၉ ဂဏန်းသည် အချစ်နှင့် မေတ္တာတရားကို ကိုယ်စားပြု သည်။ ပွင့်လင်းဖော်ရွေတတ်သူတွေ ဖြစ်ပြီး အများစုက တော့ ခေါင်းမာကြပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ကိစ္စတစ်ခုက မအောင်မြင်ရင်တော့ အတွေ့အကြုံရတယ်လို့သဘောထားပြီး ခေါင်းမာမာနဲ့ရှေ့ဆက်တဲ့သူတွေပါ။

အိမ်နံပါတ် (၁၀)

အချိန်အခါကောင်းတစ်ခုကို စောင့်ဆိုင်းနေတဲ့သူတွေနေထိုင်တဲ့အိမ်ပါ ။ဘဝမှာ ဆိုးရွားတဲ့ အချိုးအကွေ့တစ်ခုကြုံပြီးနောက် အချိန်ကောင်းတွေရောက်လာအောင် စောင့်ဆိုင်းနေတဲ့သူတွေဟာ အိမ်နံပတ် ၁၀ မှာ စတည်းချနေလေ့ရှိကြပါတယ်။

ရေးသားသူ –ဆရာဦးဖုန်းမြတ်ဟိန်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...