ကျန်းမာရေးအတွက် ဆေးဖက်ဝင်တဲ့မြင်းခွာရွက်

Health Knowledge
ကျန်းမာရေးအတွက် ဆေးဖက်ဝင်တဲ့မြင်းခွာရွက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျန်းမာရေးအတွက် ဆေးဖက်ဝင်တဲ့မြင်းခွာရွက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျန်းမာရေးအတွက် ဆေးဖက်ဝင်တဲ့မြင်းခွာရွက်

မြင်းခွာပင်သည် မြေကြီးပေါ်တွင် တွားသွားသော ပင်စည်ပျော့မျိုး ဖြစ်သည်။ ကွန်ဗောဗျူလေးစီအီး မျိုးရင်းတွင် ပါဝင်၍၊ ရုက္ခဗေဒ အမည်မှာ မာရီမီးယား အီမာဂျီနေတာ ဖြစ်သည်။

မြင်းခွာပင်သည် အခြားအပင်များကဲ့သို့ အထက်သို့ တည့်တည့်မတ်မတ်မပေါက်နိုင်ဘဲမြေကြီးတစ်လျှောက်သာ လျှောက် ၍ ပေါက်တတ်သည်။

မြင်းခွာ ပုံသဏ္ဌာန် ရှိသောကြောင့် မြင်းခွာရွက်ဟု ခေါ်သည်။

အဆစ်များမှ အမြစ်မျှင်များ ထွက်လာပြီးလျှင် မြေကြီးကိုကုတ်ထားသောကြောင့် ရေနှင့်ဓာတ်ဆားရည်များကိုလိုသလောက်ရနိုင်လေသည်။

ထိုကြောင့် မြေဩဇာကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ နေရာမရွေးပေါက်နိုင်သဖြင့်အခြားအပင်များထက် မျိုးဆက် ပိုမိုပြန့်ပွားလေသည်။

ပင်မသည် အမြစ်မှ ပြတ်သွားစေကာမူ သေမသွားဘဲ အပင်သစ်တစ်ပင် ဖြစ်ထွန်းလာနိုင်သည်။ မြင်းခွာပင်သည် တစ်နှစ်ခံပင်၊ သို့မဟုတ် နှစ်ကြာခံပင်မျိုး ဖြစ်၍ ယင်းကို မြန်မာနိုင်ငံ နေရာတိုင်း၌ လိုပင် အများအပြား တွေ့ရှိနိုင်သည်။

မြင်းခွာရွက် ကို အရည်ညှစ် ၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက် စေ၏။

မြင်းခွာရွက် အမှုန့် ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ ၊ အဆုတ်နာ ရောဂါ ပျောက်၏။

မြင်းခွာရွက် ကို အရည်ညှစ် ၍ ရေနံဆီ ဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေး ခြင်းဖြင့် အဆစ်အဆက် တို့၌ ဖြစ်သော လေ အဖု အကျိတ်များ ပျောက်၏။

မြင်းခွာရွက် ကို အရည်ညှစ် ၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်း ခန့် တိုက်ပါက ကလေးငယ် များ အအေးမိခြင်း ၊ လေပြွန် ချောင်းပူ ခြင်း ပျောက်၏၊ ဝမ်းသက် ၍ သလိပ် ကို လည်း ပျောက်၏။

အရေပြား ရောဂါများ အတွက် ၎င်း၏ အရွက် ညှစ်ရည် ဖြင့် လိမ်းကျံ ခြင်း စားသောက် ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။

ကိုယ်တွင် ရုတ်တရက် ထိခိုက် ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်း ခြင်း ၌ ၎င်း၏ အရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းကျံ ပေးက ပျောက်ကင်း၏။

သွေးဝမ်း သွားခြင်း ၊ ဆီးချုပ်ခြင်း ၊ နာကျင်ကိုက် ခဲခြင်း၊ ဆီး၌ သွေးပါခြင်း တို့ အတွက် မြင်းခွာ ရွက် ဖျော်ရည် ပြုလုပ် သောက်က ပျောက်၏။

မြင်းခွာရွက် ကို ငရုတ်ကောင်း ၊ ပျားရည်တို့ နှင့် စပ်၍ သုံးဆောင် က အသက်ရှည် ၏ ။ အနာရောဂါ ကင်း၏။

မြင်းခွာရွက် ကို အားတိုးဆေး ၊ အဆိပ်ပြေဆေး ၊ အနာပေါက် ကုဆေး ၊ မျက်စိနာ ပျောက်ဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။

မြင်းခွာရွက် ကို အခြောက် ပြုလုပ်၍ လက်ဖက်ရည် ခါး သဖွယ် သောက်သုံး ခြင်း ဖြင့် သွေးတိုး ရောဂါ ကို သက်သာ စေ၏။

မြင်းခွာ ရွက် အစိမ်းကို ကြိတ်၍ အဝတ်ပါးပါး တွင် ထည့်ပြီး မျက်စိပေါ် တွင် အုံပေးခြင်း ၊ သို့မဟုတ် အရည်ညှစ် ၍ မျက်စိ တွင် ခတ်ပေး ခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာ ခြင်း ၊ မျက်စိကျိန်း ခြင်း များကို ပျောက်ကင်း စေ၏။

ဖြင့် လည်းကောင်း၊ ဖျော်ရည်အဖြစ်လည်းကောင်း နေ့စဉ် မှီဝဲ သုံးဆောင်နိုင်ကြသဖြင့် ကျန်းမာ၍ အသက်ရှည်လိုသူတိုင်း မှီဝဲသုံးဆောင်နိုင်ကြပေသည်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...