၂၀၂၄ ခုနှစ်မှာ လက်ထပ်တော့မယ့် ဘရူနိုင်းမင်းသား အဒူမာတင်

International News
၂၀၂၄ ခုနှစ်မှာ လက်ထပ်တော့မယ့် ဘရူနိုင်းမင်းသား အဒူမာတင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၄ ခုနှစ်မှာ လက်ထပ်တော့မယ့် ဘရူနိုင်းမင်းသား အဒူမာတင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ လက်ထပ်တော့မယ့် ဘရူနိုင်းမင်းသား အဒူမာတင်

ကမ္ဘာပေါ်မှာ ရုပ်ရည်ကြည့်အကောင်းဆုံးအိမ်ရှေ့စံမင်းသားအဖြစ် နာမည်ကြီးတဲ့ ဘရူနိုင်းမင်းသား အဒူမာတင်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ လက်ထပ်တော့မှာပါ။ အသက် ၃၂ နှစ်အရွယ် အဒူမာတင်က ဘရူနိုင်းဆူလ်တန်ရဲ့အထူးအကြံပေးပုဂ္ဂိုလ် ပီဟင် ဒါတို ဟာဂျီ အီဆာရဲ့မြေး အေနီရှာ ရိုဆာနာ ဘင်တီ အာဒမ်နဲ့ လက်ထပ်မှာဖြစ်ပါတယ်။

အရင်က အေနီရှာကို ဘရူနိုင်းမင်းသားနဲ့အတူ ဘရူနိုင်းမင်းသမီးတွေရဲ့
လက်ထပ်မင်္ဂလာပွဲတွေမှာတက်ရောက်တာ မြင်တွေ့ခဲ့ရပါတယ်။ အဒူမာတင်နဲ့ အေနီရှာရဲ့တော်ဝင်အခမ်းအနားက ၁၀ ရက်ကြာမှာဖြစ်ပါတယ်။ တော်ဝင်လက်ထပ်ခွင့်တောင်းတဲ့ပွဲကို ဇန်နဝါရီ ၇ ရက်နေ့မှာ စတင်ပြီး တော်ဝင်မင်္ဂလာပွဲအခမ်းအနားကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကျင်းပမှာပါ။ နောက်တစ်နေ့မှာတော့ မင်္ဂလာညစာစားပွဲကျင်းပမှာဖြစ်ပါတယ်။

အဒူမာတင်က ဘရူနိုင်းဘုရင် ဆူလ်တန် ဟက်ဆာနယ် ဘိုခိုင်ယာရဲ့ ၄ ယောက်မြောက်သားတော်ဖြစ်ပြီး ၆ ယောက်မြောက် ထီးနန်းဆက်ခံမယ့်သူဖြစ်ပါတယ်။ ကြည့်ကောင်းတဲ့ရုပ်ရည်ကြောင့် လူမှုကွန်ယက်ပေါ်မှာလည်း နာမည်ကြီးတဲ့ အိမ်ရှေ့စံမင်းသားဖြစ်တဲ့အပြင် သူ့ကို “Prince Charming” လို့လည်းခေါ်ကြပါတယ်။

သူက ဘရူနိုင်းတော်ဝင်လေတပ်မှာ တာဝန်ထမ်းဆောင်ပြီး ဆူလ်တန်နဲ့အတူ သံတမန်ရေးရာတာဝန်တွေကို ထမ်းဆောင်ပါတယ်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြု ပိုလိုကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...