ကမ္ဘာ့ပထမဆုံးမိတ်ကပ်မပါတဲ့အလှမယ်ပြိုင်ပွဲမှာလန်ဒန်ကိုယ်စားပြုအလှမယ်သရဖူကို ဆွတ်ခူးခဲ့သူ

International News
ကမ္ဘာ့ပထမဆုံးမိတ်ကပ်မပါတဲ့အလှမယ်ပြိုင်ပွဲမှာလန်ဒန်ကိုယ်စားပြုအလှမယ်သရဖူကို ဆွတ်ခူးခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့ပထမဆုံးမိတ်ကပ်မပါတဲ့အလှမယ်ပြိုင်ပွဲမှာလန်ဒန်ကိုယ်စားပြုအလှမယ်သရဖူကို ဆွတ်ခူးခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံးမိတ်ကပ်မပါတဲ့အလှမယ်ပြိုင်ပွဲမှာလန်ဒန်ကိုယ်စားပြုအလှမယ်သရဖူကို ဆွတ်ခူးခဲ့သူ

ကမ္ဘာ‌ပေါ်မှာ အလှမယ်ပြိုင်ပွဲများစွာရှိပေမဲ့ ဒီပြိုင်ပွဲကတော့ ကမ္ဘာ့ပထမဆုံးမိတ်ကပ်မပါတဲ့အလှမယ်ပြိုင်ပွဲလို့ ပြောရပါမယ်။ ပြိုင်ပွဲဝင်အလှမယ်တွေက သူတို့ရဲ့မျက်နှာမှာ ဘာမိတ်ကပ်မှလိမ်းမထားကြပါဘူး။ ဒီ Miss London 2023 အလှမယ်ရွေးချယ်ပွဲမှာ မိတ်ကပ်မလိမ်းထားတဲ့ အမျိုးသမီး ၂ ဒါဇင်နီးပါးနဲ့ ပြည့်နေပါတယ်။

အလှမယ်တွေက ဒိုင်တွေကို မိတ်ကပ်မလိမ်းထားတဲ့မျက်နှာ၊ ဝတ်စားဆင်ယင်မှုတွေနဲ့ Catwalk လျှောက်ပြခဲ့ကြပါတယ်။ ဒါက အခုနှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ့် Miss England အလှမယ်ပြိုင်ပွဲရဲ့ ၉၅ နှစ်သမိုင်းမှာ ပထမဆုံးအကြိမ်ပါပဲ။ ပွဲစီစဉ်သူတွေကလည်း ဒါဟာ ဗြိတိန်အတွက်ပထမဖြစ်သလို တစ်ကမ္ဘာလုံးမှာလည်း ပထမဆုံးဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ သူတို့တွေက မိတ်ကပ်လိမ်းမထားတာဟာ သဘာဝဆန်တဲ့အသွင်အပြင်ကို ပြနေတဲ့အတွက် အမျိုးသမီးတွေကို စိတ်ဓာတ်ခွန်အားပေးမယ်၊ယုံကြည်ချက်တိုးလာစေမယ်၊ ပိုမိုလက်တွေ့ဆန်တဲ့ခန္ဓာကိုယ်ပုံရိပ်ကို မြှင့်တင်ပေးမယ်လို့ မျှော်လင့်ခဲ့တာပါ။

အသက် ၂၆ နှစ်အရွယ် နာတာရှာ ဘီရက်ဖို့ဒ်က လန်ဒန်ကိုယ်စားပြု သရဖူကို ဆောင်းနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ်မှာ the Royal London Dental Hospital မှာ သွားဆရာဝန်အဖြစ် စပြီးအလုပ်လုပ်ကိုင်ခဲ့တာပါ။ အခုတော့ ပုဂ္ဂလိကသွားဘက်ဆိုင်ရာလုပ်ငန်းမှာ ပြောင်းရွေ့လုပ်ကိုင်နေပါတယ်။ နာတာရှာက Miss London သရဖူကို ဆောင်းနိုင်ခဲ့တဲ့အတွက် အခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် Miss England ဖိုင်နယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...