၁၂၀၈ ပေါင်ရှိတဲ့ ရွှေဖရုံသီးလှေနဲ့ ၃၈ မိုင်ခရီးနှင်ပြီး ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ဖို့ကြိုးစားခဲ့သူ

International News
၁၂၀၈ ပေါင်ရှိတဲ့ ရွှေဖရုံသီးလှေနဲ့ ၃၈ မိုင်ခရီးနှင်ပြီး ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ဖို့ကြိုးစားခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၂၀၈ ပေါင်ရှိတဲ့ ရွှေဖရုံသီးလှေနဲ့ ၃၈ မိုင်ခရီးနှင်ပြီး ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ဖို့ကြိုးစားခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၂၀၈ ပေါင်ရှိတဲ့ ရွှေဖရုံသီးလှေနဲ့ ၃၈ မိုင်ခရီးနှင်ပြီး ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ဖို့ကြိုးစားခဲ့သူ

မစ်ဆိုရီပြည်နယ်က စွန့်စားသွားလာသူ စတီဗ် ကူနီ ဆိုသူအမျိုးသားဟာ Missouri River အတွင်း ၁၂၀၈ ပေါင်ရှိတဲ့ ရွှေဖရုံသီးလှေကို လှော်ခတ်ရင်း ၁၁ နာရီ၊ ၃၈ မိုင် ခရီးနှင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနက်စ်စံချိန်သစ်တင်ခဲ့ပါတယ်။ စတီဗ်က ကင်းဆက်(စ်) မြို့ကနေ မနက် ၇ နာရီခွဲမှာ စတင်ထွက်ခွာလာခဲ့ပြီး နပိုလီယံမြို့ဆီ ညနေ ၆ နာရီ ၁၈ မိနစ် မှာ ရောက်ရှိခဲ့ပါတယ်။

စတီဗ်က ရွှေဖရုံသီးလှေနဲ့ အကြာဆုံးခရီးနှင်နိုင်တဲ့သူအဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်ကိုင်ဆောင်တဲ့သူဖြစ်လာမှာပါ။ အရင်က ဒွိန်း ဟန်ဆန်ဆိုသူဟာ ၂၀၂၂ ခုနှစ်က ရွှေဖရုံသီးလှေနဲ့ ၃၇ မိုင်ခရီးနှင်ပြီး ဒီစံချိန်ကိုချိုးခဲ့တာပါ။

စတီဗ်က ဘေးကင်းစွာနဲ့ လှော်ခတ်နိုင်ဖို့နဲ့ မြစ်ကြောင်းတစ်လျှောက် လမ်းကြောင်းတွေ သိဖို့အတွက် Paddle KC Padding Club အဖွဲ့ထဲလည်း ဝင်ခဲ့ပါတယ်။ သူဟာ ရွှေဖရုံသီးလှေနဲ့ လှော်ခတ်ဖို့ကို ဖေဖော်ဝါရီလကနေက စီစဉ်နေခဲ့တာပါ။ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက စစ်ဆေးအတည်ပြုနိုင်ဖို့အတွက် စတီဗ်က GPS စနစ်တပ်ထားခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...