ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့တဲ့ ခွေးကြီး ဘော်ဘီ thayဆုံး

International News
ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့တဲ့ ခွေးကြီး ဘော်ဘီ thayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့တဲ့ ခွေးကြီး ဘော်ဘီ thayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့တဲ့ ခွေးကြီး ဘော်ဘီ thayဆုံး

ကမ္ဘာ့အသက်အကြီးဆုံး ခွေးအဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့တဲ့ ခွေးကြီး ဘော်ဘီဟာ ၃၁ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပါပြီ။ ဘော်ဘီရဲ့သခင်တွေဟာ ပေါ်တူဂီနိုင်ငံအလယ်ပိုင်းက ရွာငယ်လေးမှာ နေထိုင်ကြတာပါ။ ဘော်ဘီဟာ ပေါ်တူဂီခြံစောင့်ခွေးမျိုးစိတ်ဖြစ်တဲ့ ရာဖဲရိုခွေးတစ်ကောင် ဖြစ်ပါတယ်။

ရာဖဲရိုခွေးတွေဟာ သက်တမ်း ၁၂ နှစ်ကနေ ၁၄ နှစ်ကြားပဲ ရှင်သန်နိုင်လေ့ရှိပေမဲ့ ဘော်ဘီကတော့ ၃၁ နှစ်အထိ အသက်ရှည်ခဲ့တာပါ။ ဘော်ဘီကို ၁၉၉၂ ခုနှစ်၊ မေလ ၁၁ ရက်နေ့က ထင်းဂိုဒေါင်ထဲမှာ မွေးချင်း ၂ကောင်နဲ့အတူ သားပေါက်ခဲ့တာပါ။ သူ့သခင်တွေက ခွေးသားပေါက်တွေကို ထပ်မကျွေးနိုင်တော့ဘူး၊ မမွေးတော့ဘူးဆိုပြီး မိခင် ခွေးမကြီးမရှိတုန်း ခွေးလေး ၂ ကောင်ကို အခြားသူတွေဆီ ပေးပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘော်ဘီ ကျန်နေခဲ့တာကို သူတို့ နောက်မှ သတိထားမိခဲ့တာပါ။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာတော့ ဘော်ဘီဟာ ကမ္ဘာ့အသက်အကြီးဆုံး ခွေးအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ခွေးချစ်သူတွေက ဘော်ဘီ့ဆီ အလည်လာခဲ့ကြပါသေးတယ်။ သူဟာ အသက် ၃၁ နှစ်၊ ၁၆၅ ရက်မှာ thayဆုံးသွားခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...