တန်ချိန် ၃၀၀၀၀ လေးလံတဲ့ အဆောက်အအုံကို ၉၄၄ ပေ ရွှေ့ပြပြီး ဂင်းနက်စ်စံချိန် တင်ခဲ့ဖူးတဲ့ တရုတ်အင်ဂျင်နီယာများ

International News
တန်ချိန် ၃၀၀၀၀ လေးလံတဲ့ အဆောက်အအုံကို ၉၄၄ ပေ ရွှေ့ပြပြီး ဂင်းနက်စ်စံချိန် တင်ခဲ့ဖူးတဲ့ တရုတ်အင်ဂျင်နီယာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တန်ချိန် ၃၀၀၀၀ လေးလံတဲ့ အဆောက်အအုံကို ၉၄၄ ပေ ရွှေ့ပြပြီး ဂင်းနက်စ်စံချိန် တင်ခဲ့ဖူးတဲ့ တရုတ်အင်ဂျင်နီယာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တန်ချိန် ၃၀၀၀၀ လေးလံတဲ့ အဆောက်အအုံကို ၉၄၄ ပေ ရွှေ့ပြပြီး ဂင်းနက်စ်စံချိန် တင်ခဲ့ဖူးတဲ့ တရုတ်အင်ဂျင်နီယာများ

တရုတ်အင်ဂျင်နီယာတွေဟာ တန်ချိန် ၃၀၀၀၀ လေးလံတဲ့ ယာဉ်ရပ်နားစခန်းတစ်ခုကို ၂၈၈ မီတာ ( ၉၄၄ ပေ) ရွှေ့ပြပြီး ဂင်းနက်စ်စံချိန် တင်ခဲ့ဖူးပါတယ်။ ဟူရှီလောင်းယာဉ်ရပ်နားစခန်းဟာ ဖူကျင်းပြည်နယ်၊ ရှားမန်မြို့၊ ကျီမိုင်ခရိုင်မှာ တည်ရှိပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်က ဒေသခံအာဏာပိုင်တွေက မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းအတွက် ဟူရှီလောင်း ယာဉ်ရပ်နားစခန်းကို အခြားလမ်းဆီ ရွှေ့ပြောင်းချင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အင်ဂျင်နီယာတွေက ဟူရှီလောင်း ယာဉ်ရပ်နားစခန်းကို ၉၀ ဒီဂရီလှည့်ဖို့ ဆုံးဖြတ်ခဲ့ပြီး ယာဉ်ရပ်နားစခန်း အပြင်ဘက်ခြမ်းကို ၂၈၈ မီတာရွှေ့ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ခရီးသည်တင် Boeing 737 လေယာဉ်အစင်း ၁၇၀ စာ အလေးချိန်ရှိတဲ့ တန်ချိန် ၃၀၀၀၀ အဆောက်အအုံကို အဲဒီလောက်အကွာအဝေး ရွှေ့ဖို့ဆိုတာ အလွန်ခက်ခဲတဲ့ကိစ္စပါ။

တရုတ်အင်ဂျင်နီယာတွေဟာ ကားချိုင့် (ဂျိုက်) ၅၃၂ ခုကျော် အသုံးပြုကာ ယာဉ်ရပ်နားစခန်း အဆောက်အအုံကို မြေပြင်ကနေ မတင်ရင်း လျှောလမ်းတစ်လျှောက် ရွှေ့လျားစေခဲ့တာပါ။ လူသားကြောင့် အမှားအယွင်း၊ အတိမ်းအစောင်း မဖြစ်စေဖို့အတွက် အင်ဂျင်နီယာတွေဟာ ကားချိုင့်တွေကို နှစ်စု ခွဲခဲ့ပြီး တစ်စုကို ကွန်ပျူတာတွေနဲ့ ထိန်းချုပ်စေခဲ့ပါတယ်။

အဆောက်အအုံကို မတင်ရင်း လျှောလမ်းပေါ်မှာ ရွှေ့လျားသွားစေတဲ့ ပုံစံမျိုး လုပ်ဆောင်တာဖြစ်ပြီး အုပ်စုနှစ်စုလုံး တစ်လှည့်စီ အလုပ်လုပ်ကြပါတယ်။

သူတို့ဟာ တစ်နေ့ကို မီတာ ၂၀ ရွှေ့လျားအောင် အလုပ်လုပ်ကြပြီး ယာဉ်ရပ်နားစခန်း အဆောက်အအုံကို ရက် ၄၀ အတွင်း ၂၈၈ မီတာ ရွှေ့လျားစေခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဟူရှီလောင်း ယာဉ်ရပ်နားစခန်းဟာ ဆောက်လုပ်စရိတ် အမေရိကန်ဒေါ်လာ ၃၉ သန်း ကုန်ကျခဲ့ပြီး အဆောက်အအုံကို နေရာရွှေ့တဲ့စရိတ်ကတော့ အမေရိကန်ဒေါ်လာ ၇.၅ သန်း ကုန်ကျခဲ့ပါတယ်။

ရေးသားသူ -Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...