ချဉ်ပေါင်ဖူးရဲ့ ကောင်းကျိုး(၁၀)ချက်

Local News
ချဉ်ပေါင်ဖူးရဲ့ ကောင်းကျိုး(၁၀)ချက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချဉ်ပေါင်ဖူးရဲ့ ကောင်းကျိုး(၁၀)ချက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆေးဖက်ဝင် ချဉ်ပေါင်ဖူးရေနွေးကြမ်းချဉ်ပေါင်ဖူးရဲ့ ကောင်းကျိုး(၁၀)ချက်

စားနေကျ ချဉ်ပေါင်ရွက်အပြင် ချဉ်ပေါင်ဖူးမှာလည်း ကျန်းမာရေးအကျိုးကျေးဇူး အများကြီး ရှိပါတယ်။

ချဉ်ပေါင်ဖူးခြောက်ကို ရေနွေးပူပူမှာ ခတ်လိုက်တဲ့အခါ ရေနွေးကြမ်းနီနီလေးက ဘယ်ရီသီးဖျော်ရည်လိုလို ပါပဲ။

ချဉ်ပြုံးပြုံးလေးနဲ့ အအေးလိုသောက်ချင်ရင်လည်း ရပါတယ်။

ကယ်လိုရီနည်းပြီး ကဖင်းမပါတဲ့ လက်ဖက်ရည်ကြမ်းဖြစ်ပါတယ်။

ယိုထိုးစားကြတာမျိုး ရှိသလို ရေနွေးကြမ်းထဲ ထည့်သောက်ကြတာလည်း ရှိပါတယ်

ချဥ်ပေါင်ဖူးလေးက

1.သွေးပေါင်ချိန် မှန်စေတယ်

ဒီရေနွေးကြမ်းကို ပုံမှန်သောက်ပေးရင် သွေးဖိအားကို ကျစေပြီး သွေးတိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

တစ်ပတ်နှစ်ပတ်လောက်အတွင်း ရေနွေးပန်းကန်လုံးနဲ့ တစ်နေ့သုံးခွက် ပုံမှန်သောက်မယ်ဆိုရင် ဆီးရွှင်စေပြီး သွေးတိုးကိုကျစေပါတယ်။

2.သွေးတွင်းကိုလက်စထရောကို ကျစေတယ်

ချဉ်ပေါင်ဖူး က ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

သွေးကြောတွေကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။

သွေးတွင်းအဆီဓာတ်ကျစေ၊ သွေးတွင်းသကြားဓာတ်ကျစေတဲ့ အစွမ်းအာနိသင်ကြောင့် ဆီးချိုရောဂါရှိသူတွေအတွက်လည်း အကျိုးရှိစေနိင်ပါတယ်။

3.အသည်းကို ကာကွယ်ပေးတယ်

ဓာတ်တိုးဆန့်ကျင်အာနိသင်ကြောင့် အသည်းရောဂါတွေကုသရာမှာ အထောက်အကူပေးပါတယ်။

ခန္ဓာကိုယ်ထဲက ဆဲလ်တွေနဲ့ တစ်ရှူးတွေမှာ free radicalsတွေကို ဓာတ်ပြယ်စေနိုင်တာဖြစ်လို့ ကျန်းမာအသက်ရှည်စေနိုင်ပါလိမ့်မယ်။

4.ကင်ဆာကာကွယ်နိုင်တယ်

ချဉ်ပေါင်ဖူး က အကျိတ်ကို ကြေစေပြီး ဓာတ်တိုးဆန့်ကျင်အာနိသင်တွေရှိတာကြောင့် ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေပွားများမှုကို နှေးကွေးစေတယ်လို့ သိရပါတယ်။

5.အရောင်ကျစေတယ်၊ ရောဂါပိုးသေစေတယ်

ဗီတာမင်စီ ကြွယ်ဝတဲ့ ချဉ်ပေါင်ဖူးက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကို လျော့ကျစေပြီး ရောဂါပိုးကို ခုခံတိုက်ဖျက်နိုင်စွမ်းကြောင့် အအေးမိ၊ တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဖျားနေတဲ့အခါလည်း ဝေဒနာသက်သာစေဖို့ အထောက်အကူပြုပါတယ်။

6.ရာသီလာချိန်ကိုက်ခဲမှုကို သက်သာစေတယ်

အမျိုးသမီးတွေ ရာသီလာတဲ့အချိန် ကိုက်ခဲမှုဝေဒနာတွေကိုလည်း သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။

ဟော်မုန်းပြန်လည်ထိန်းညှိနိုင်စေပြီး ရာသီလာချိန်မှာဖြစ်တတ်တဲ့ စိတ်အပြောင်းအလဲတွေ၊ စိတ်ကျခြင်းနဲ့ လွန်ကဲစွာ အစားစားခြင်းစတဲ့ လက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။

7.စိတ်ကျခြင်းကို သက်သာစေတယ်

ဗီတာမင်တွေနဲ့ flavonoids တွေ ပါဝင်နေလို့ စိတ်ဓာတ်ကျခြင်းကို သက်သာစေနိုင်ပါတယ်။

ချဉ်ပေါင်ဖူးခြောက်ရေနွေးကြမ်းကို သောက်သုံးခြင်းအားဖြင့် အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး စိတ်နဲ့ခန္ဓာပြေလျော့စေတာကြောင့် စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျဝေဒနာကို သက်သာစေပါတယ်။

8.အစာကြေစေတယ်

ချဉ်ပေါင်ဖူးခြောက်ရေနွေးကြမ်းက ဆီးရွှင်၊ ဝမ်းမှန်စေတာကြောင့် အစာချေဖျက်မှုကို ကောင်းမွန်စေပါတယ်။

ဝမ်းချုပ်တဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။

အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်ကို ကျန်းမာစေလို့ အူကင်ဆာကိုကာကွယ်နိုင်ပါတယ်။

9.ရေငတ်ပြေစေတယ်

ချဉ်ပေါင်ဖူးရေနွေးကြမ်းကို အအေးအဖြစ်လည်း သောက်ကြပါတယ်။

သူ့ရဲ့သဘောသဘာဝက ခန္ဓာကိုယ်ကို အမြန်ဆုံးအေးမြစေတဲ့အာနိသင်ရှိပြီး နည်းနည်းသောက်ရုံနဲ့ ရေငတ်ပြေစေနိုင်ပါတယ်။

ဝိတ်ကျစေတယ်

ချဉ်ပေါင်ဖူးက ခန္ဓာကိုယ်ရဲ့ ကစီဓာတ်နဲ့ ဂလူးကို့စ်စုပ်ယူနိုင်စွမ်းကို လျော့နည်းစေတာကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။

ကာဗိုဟိုက်ဒရိတ်နဲ့ ကစီဓာတ်စုပ်ယူမှုကို ကူညီပေးတဲ့ amylase ထုတ်လုပ်မှုကို ဟန့်တားပေးလို့ အဆီကျကျစ်လျစ်စေမှာပါ။

သတိပြုစရာက

ချဉ်ပေါင်ဖူးခြောက်ရေနွေးကြမ်းဟာ သွေးတိုးကျစေတဲ့အစွမ်းရှိတာကြောင့် သွေးပေါင်ကျတတ်သူတွေ ချင့်ချိန်သောက်သုံးသင့်ပါတယ်။

ချဉ်ပေါင်ဖူးမှာ အချဉ်ဓာတ် ပါတာကြောင့် အများကြီးစားရင် အစာခြေစနစ် ပြဿနာ ရှိနိုင်ပါတယ်။

အလွန်အကျွံ မစားမိဖို့ လိုပါမယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

နို့တိုက်မိခင်တွေနဲ့ အရမ်းငယ်တဲ့ ကလေးတွေ မစားသင့်ပါဘူး။

ရေးသားသူ –Hello Sayarwon

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

 

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...