၇ နှစ်တာ ဆက်ဆံရေးကို အဆုံးသတ်ခဲ့တဲ့ ရုဂျွန်ယော နဲ့ ဟေးရီ

Celebrity International News
၇ နှစ်တာ ဆက်ဆံရေးကို အဆုံးသတ်ခဲ့တဲ့ ရုဂျွန်ယော နဲ့ ဟေးရီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၇ နှစ်တာ ဆက်ဆံရေးကို အဆုံးသတ်ခဲ့တဲ့ ရုဂျွန်ယော နဲ့ ဟေးရီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၇ နှစ်တာ ဆက်ဆံရေးကို အဆုံးသတ်ခဲ့တဲ့ ရုဂျွန်ယော နဲ့ ဟေးရီ

မင်းသား ရုဂျွန်ယောနဲ့ အဆိုတော်မင်းသမီး ဟေးရီတို့ဟာ လမ်းခွဲလိုက်ကြပါပြီ။ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို မကြာသေးခင်က အဆုံးသတ်ခဲ့တယ်ဆိုတဲ့ သတင်းဟာ ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထွက်ရှိခဲ့တာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး ရုဂျွန်ယောရဲ့အေဂျင်စီ C-JeS Studios နဲ့ ဟေးရီရဲ့အေဂျင်စီ Creative Group ING တို့က အခုလိုအတည်ပြုပေးခဲ့ပါတယ်။ “သူတို့နှစ်ဦး လမ်းခွဲလိုက်တာ မှန်ပါတယ်”တဲ့။

ရုဂျွန်ယောနဲ့ ဟေးရီတို့ဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီမှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီးဒရာမာ “Reply 1988” မှာ တွဲဖက်သရုပ်ဆောင်ခဲ့ကြပြီး သူတို့ရဲ့ဆက်ဆံရေးကို ၂၀၁၇ ခုနှစ် ဩဂုတ်လမှာ လူသိရှင်ကြား အသိပေးခဲ့တာပါ။ ဖျော်ဖြေရေးလောကမှာ နှစ်အတော်အကြာ ထိန်းသိမ်းထားတဲ့ ခိုင်မာတဲ့အဖြစ် သိထားကြတာပါ။ ဒါပေမဲ့ ဘယ်သူမှ မထင်ထားလောက်အောင် ချစ်သူသက်တမ်း ၇ နှစ်အကြာမှာတော့ သူတို့နှစ်ဦး လမ်းခွဲလိုက်ကြပါပြီ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။