ဘူမိနက်သန် နေရာမှန်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘူမိနက်သန် နေရာမှန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ဘူမိနက်သန် နေရာမှန်
မိမိနေထိုင်ရာ အရပ်ဒေသဟာ ကိုယ့်အတွက် ကောင်းကျိုးပေးမှာလား…ဆိုးကျိုးပေးနေသလား…ဆိုတာကို တွက်စစ်ရတဲ့ မြန်မာ့လက်ဆန်းကိန်းတစ်ခုကို တင်ပြပေးလိုက်ပါတယ်……….
ဒီနေရာမှာ အိမ်ထောင်စုတစ်ခုရဲ့ အိမ်ထောင်ဦးစီးကို အဓိကထားပြီး တွက်ချက်စစ်ဆေးဖို့သာ လိုပါတယ်…နေအိမ်တစ်အိမ်မှာရှိတဲ့ အခြားလူများကိုတွက်စစ်စရာမလိုပါဘူး….အိမ်ထောင်ဦးစီးဆိုတဲ့နေရာမှာ နေအိမ်တစ်ခုရဲ့ စား၀တ်နေရေးကို ဦးဆောင်ဦးရွက်ပြုသူကို ဆိုလိုတာဖြစ်ပါတယ်…
နောက်တစ်ခုက ကိုယ်နေထိုင်တဲ့မြို့ဒေသ မြို့နယ် ရပ်ကွက် စသဖြင့် ခွဲခြားရာမှာ ကိုယ်နေထိုင်ရာဒေသ ရပ်ကွက်ရှိရင် ရပ်ကွက်အမည်ကိုသာယူပါ…မရှိရင် မြို့နယ်ကိုသာယူတွက်ရပါမယ်….
ဦးစွာ ဂြိုလ်တစ်ခုချင်းစီရဲ့ ဂြိုလ်သက်တွေကို သိဖို့လိုပါတယ်…
တနင်္ဂနွေ—-၆-နှစ်
တနင်္လာ——၁၅-နှစ်
အင်္ဂါ———-၈-နှစ်
ဗုဒ္ဓဟူး——–၁၇-နှစ်
ကြာသပတေး—–၁၉-နှစ်
သောကြာ———၂၁-နှစ်
စနေ—————၁၀-နှစ်
ရာဟု—————၁၂-နှစ်
ဦးစွာ မိမိနေထိုင်တဲ့ ရပ်ကွက်အမည်ကို ဂြိုလ်သက်အရပေါင်းပါ။ဥပမာ-အောင်ချမ်းသာ ရပ်ကွက်ဆိုပါတော့…၆+၁၅+၂၁ = ၄၂…ရပါမယ်…
အဲ့လိုပေါင်းလို့ရတဲ့ရလဒ်ကို ကိုယ့်နံသက်နဲ့ထပ်ပီးပေါင်းပါ….ဥပမာ- တနင်္ဂနွေဆို ၁၊ တနင်္လာသားဆို ၂ …စသဖြင့်ပေါင်းရပါမယ်…
စနေသားတစ်ဦးက အထက်က အောင်ချမ်းသာ ရပ်ကွက်မှာနေတယ်ဆိုပါဆို့…အောင်ချမ်းသာ နံသက်ပေါင်းက ၄၂၊ စနေသားဖြစ်လို့ ၇ထပ်ပေါင်းရင် ၄၂+၇ = ၄၉ ရပါမယ်…ဒီထိပေါင်းကိန်းကိုနားလည်လောက်ပါပြီ…
အထက်ပါ ပေါင်းလဒ်အားလုံးကို
၁။ ၈-ဖြင့်စားလို့ အကြွင်း ၅ ရလျှင် ထီးရသည်။
၂။ ၇-ဖြင့်စားလို့ အကြွင်း ၃- ရလျှင် တံခွန်ရသည်။
၃။ ၄-ဖြင့်စားလို့ အကြွင်း ၁- ရလျှင် သိုက်ရသည်။
ထီးရလျှင် သာယာအေးချမ်းခြင်း အမှီကောင်းရခြင်း ပူပန်ကြောင့်ကြကင်းမည်။
တံခွန်ရလျှင် နာမည်ဂုဏ်သတင်းကျော်ဇောခြင်း၊ ထင်ပေါ်ခြင်း ရှိမည်။
သိုက်ရလျှင် လုပ်ငန်းစီးပွားဖြစ်ထွန်းမည်။စီးပွားရှာဖွေလွယ်ကူပြီး ဆင်းရဲသားဖြစ်သော်မှ ၃-နှစ်အတွင်း ထိုက်သင့်သော ဓနဥစ္စပို်င်ဆိုင်မည် ။
သုံးချက်စလုံး ၅ကြွင်း ၃-ကြွင်း ၁-ကြွင်း ဖြစ်နေမယ်ဆိုလျှင်တော့ ဘူမိနက်သန် အမှန်ကန်ဆုံးပါပဲ…အသိမိတ်ဆွေ အပေါင်းသင်းမရှိစေကာမူ နေအပ်၏။
အထက်ပါ ထီး တံခွန် သိုက် မရလင့်ကစား သုည မကြွင်း လျှင် ကိစ္စမရှိ။ သုံးချက်စလုံး အကြွင်း သုည ဖြစ်နေခဲ့လျှင် ရာထူးတိုက်တာ နှင့်ပြည့်စုံစေကာမူ မနေအပ်ဟု ကျမ်းရင်းတွင် အတိအကျလမ်းညွန်ထားပါတယ်…
ပြန်ဆက်ရရင်…အောင်ချမ်းသာ ရပ်ကွက်မှာနေတဲ့စနေသား၏ ပေါင်းခြင်းရလဒ် ၄၉ကို ၈-ဖြင့်စားတဲ့အခါ ၁ကြွင်းပါမယ်…၇-နဲ့စားတဲ့အခါ ဝြကွင်းပါမယ်…၄ဖြင့်စားတဲ့အခါ ၁ကြွင်းပါမယ်….ဒါ့ကြောင့် သိုက်ရပါတယ်….နေသင့်တဲ့ အရပ်ဖြစ်ပါတယ်…
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ရေးသားသူ –ဆရာလင်းဝေအောင်(ဗေဒင်ပညာသုတေသီ)
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။