သားလေးဂုဏ်ရှိန်တိုးက ညီဖြစ်သူ မင်းသွေးဝင်စားတယ် လို့ပြောကြတဲ့အပေါ် သူ့ခံစားချက်ကိုပြောပြလာတဲ့ မင်းသားနေတိုး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သားလေးဂုဏ်ရှိန်တိုးက ညီဖြစ်သူ မင်းသွေးဝင်စားတယ် လို့ပြောကြတဲ့အပေါ် သူ့ခံစားချက်ကိုပြောပြလာတဲ့ မင်းသားနေတိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
သားလေးဂုဏ်ရှိန်တိုးက ညီဖြစ်သူ မင်းသွေးဝင်စားတယ် လို့ပြောကြတဲ့အပေါ် သူ့ခံစားချက်ကိုပြောပြလာတဲ့ မင်းသားနေတိုး
ပရိသတ်ကြီးရေ မင်းသားချောနေတိုးကတော့ အနုပညာလောကရဲ့ထိပ်တန်းကြယ်တစ်ပွင့်ဖြစ်ပါတယ်နော်။သူဟာအခု ဆိုရင်ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။အခုတစ်ခါမှာတော့ နေတိုးက သားလေးနဲ့အချိန်ကုန်နေရတဲ့ နေ့ရက်တွေကိုပျော်ရွှင်ကြည့်နူး ကြောင်းပြောပြလာပါတယ်။
နေတိုးက”သားလေးနဲ့ အတူနေတဲ့အချိန်ဆိုရင် အချိန်တွေ ဘယ်လို ကုန်ဆုံးသွားမှန်း မသိပါဘူး…သားလေးက လူကြီး လေးလိုမျိုး စူးစမ်းတတ်တယ်… သားလေးက ကျွန်တော့် အတွက် နှလုံးသားထဲကလာတဲ့ တန်ဖိုးရှိသော အပိုဆုလေး တစ်ခုပါပဲ..ဇာတ်ကားတွေမှာလည်း အဖေနေရာ သားနေရာ မှာသရုပ်ဆောင်ဖူးပေမဲ့လိုတာပိုတာတွေတော့ရှိတာပေါ့…အခု အပြင်မှာက ဖခင်မေတ္တာအပြည့်ပေးနိုင်တယ်လေ…၁ က တအိမ်လုံး သည်းသည်းလှုပ် အချစ်ဆုံးဖြစ်နေတာပါ… သားလေးက ညီလေး ဝင်စားတယ်လို့ပြောကြတဲ့အပေါ်စိတ်ခံ စားမူတော့ရှိတယ် ဒါပေမဲ့ ဝင်စားတာဆိုတာကျွန်တော် ကတော့မယုံကြည်ပါဘူး…
သားလေးကကျွန်တော်နဲ့ အကုန်တူတယ်လို့ပြောကြတယ် အဲဒီအတွက်လည်းဝမ်းသာမိပါတယ်…အမေ အရင် အချိန် တွေတုန်းက သားတွေကိုထိန်းရတာ အခုတော့ သူ့မြေးလေး ထိန်းနေရတာပေါ့.. လို့ပြောပြလာတာပဲဖြစ်ပါတယ်။နေတိုး ကတော့ သားလေးဟာ ကွယ်လွန်သွားတဲ့ညီဖြစ်သူမင်းသွေး ဝင်စားတယ်ဆိုတဲ့အပေါ်သူ့ရဲ့စိတ်ခံစားချက်ကိုပွင့်ပွင့်လင်း လင်းပြောပြလိုက်တာပဲဖြစ်ပါတယ်။
ရေးသားသူ –Let Pan News
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။