ဆေးဘက်ဝင်ကြောင်ပန်းရွက်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆေးဘက်ဝင်ကြောင်ပန်းရွက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ဆေးဘက်ဝင်ကြောင်ပန်းရွက်
မြန်မာပြည် အနှံအပြားတွင် ပေါက်ရောက်သည်။ ကြောင်ပန်းရွက် နှစ်မျိုးရှိသည်။ အရွက်ကိုခွဲ၍ သတ်မှတ်သည်။
– အရွက် ၅ ရွက် စုထွက်လျှင် ကြောင်ပန်းကြီး ဖြစ်သည်။ အရွက်ရှည် ချွန်ပြီး အညိုရောင် ဖြစ်သည်။
– အရွက် ၃ ရွက်ထွက်ပါက ကြောင်ပန်းငယ်ဖြစ်သည်။ အရွက် ခပ်ဝိုင်းဝိုင်း ဖြစ်သည်။
– ကြောင်ပန်းကြီးကို အိန္ဒိယပြည်တွင် အသုံးများခြင်းကြောင့် အိန္ဒိယကြောင်ပန်းဟု ခေါ်ပြီး ကြောင်ပန်းငယ်ကို မြန်မာပြည်တွင် အသုံးများခြင်းကြောင့် မြန်မာကြောင်ပန်းဟုခေါ်သည်။ဖြူ နီ ပြာ အပွင့်အရောင်ခွဲ၍ မျိုးကွဲပြားမူရှိသည်။အနံ့မှာ ပြင်း၏။အရွက်နှင့်အမြစ်ကို ဆေးအသုံးပြုသည်။အရွက်၏အရသာမှာ ဖန် ပူ ခါး သည်။
၁ – အိပ်မပျော်
ကြောင်ပန်းအရွက်ကိုသပ်ချ ခြွေချပြီး ခေါင်းအုပ်အဖြစ်လုပ်ပါ။ ကြောင်ပန်းရွက် ခေါင်းအုံးပေါ်ခေါင်းတင်ပြီး မကြာခင် အိပ်ပျော်မည်။
သူငယ်နာကြံ့ဗဟုံးရှိသော ကလေးငယ်များနဲ့ကြောင်ပန်းမတည့်ပါ*( မော်လမြိုင်မှမိခင်)
၂ – ကလေးများ အညှော်မိခြင်း အဖျားကြီး
ကြောင်ပန်းမြစ်ကို သွေးတိုက်ခြင်း နှာရှုစေခြင်း။
၃ – လေနာ ဝမ်းဖော ဝမ်းရောင်
ကြောင်ပန်းရွက်ကို ရေနွေးဖျော် သုပ်စား တို့စား။
၄ – အနာပေါက်
ကြောင်ပန်းရွက် အရည်ညှစ်လိမ်းပေး။
၅ – အဖျား
ကြောင်ပန်းရွက်ပြုတ်သောက် ညောင်းကျရောဂါ။ ငှက်ဖျား မီးတွင်းဖျား ရောဂါများ ပျောက်။
၆ – အရေပြားရောဂါ
ကြောင်ပန်းရွက် အရည်ညှစ်သောက်။
၇ – နားပြည်ယို နားကိုက်
ကြောင်ပန်းရွက်ရည်နဲ့ ပျားရည်အစစ် နှမ်းဆီရောနားကျပ်ပေး။
၈ – ဖောရောင်
ကြောင်ပန်းရွက်ညှစ်ရည်နဲ့သက်ရင်းကြီးမြစ်သွေးရည်ရောသောက်ပေး။
၉ – အကြောရောဂါ
အရွက်စိမ်း သတ္ထုရည်ကို၄င်း ပြုတ်သောက်။
(အကြောကပ် အကြောသေ လေဖြန်း လေဖြတ်တစ်ပတ်အတွင်း ပျောက်ကင်း လိမ်းဆေးအဖြစ်)
ကြောင်ပန်းငယ်ရွက် လက်၂ ဆုပ်စာ ဓာတ်ဆီ အကြမ်းပန်းကန် ၁ လုံး၊ သံပုရာသီး ၁ လုံး၏ အရည် ၃ မျိုးကို ထောင်း။ အရည် စစ်ယူ နှိပ်နယ်လိမ်းပေးခြင်း။
၁၀ – နို့တိုက်မိခင်နို့မထွက်
ကြောင်ပန်းရွက်နဲ့ နွားမြီး ဟင်းခါးချက်သောက်။
၁၁ – သူငယ်နာ အကြောဆွဲ
မုန်ညင်းဆီလိမ်းပေး ကြောင်ပန်းရွက်ခင်းသိပ်။
၁၂ – ကလေးဝမ်းပျက်
ကြောင်ပန်းရွက်ပြုတ်ရည် စတီးဇွန်း ၁ ဇွန်းတိုက်။
၁၃ – ယားနာ အမျိးမျိုး
ကြောင်ပန်းရွက် ပြာချ အုန်းဆီနဲ့ဖျော်လိမ်း။
၁၄ – ချွေးခြောက်
ကြောင်ပန်းရွက်ကို ငရုပ်ကောင်းဟင်းခါးချက်သောက်။
၁၅ – နူနာပိုး
နွားအချင်းနဲ့ ကြောင်ပန်းရွက်ချက်စား။
၁၆ – ကြက်မျက်သင့်
ကြောက်ပန်းရွက်နဲ့ရိုက်ပေး။
၁၇ – မောပန်း အားအင်ချိနဲ့
ကြောင်ပန်းရွက်နဲ့ အမဲသားချက်စား။
၁၈ – အဆုတ်နာ
ကြက်သွန်ဖြူ နနွင်းစိမ်း ကြောင်ပန်းရွက် ၃ မျိုးရောကြိတ် ဇီးကင်းခန့် ရေနွေးနဲ့ တနေ့ ၁ ကြိမ်သောက်။
၁၉ – ကလေးများကြောပူခေါင်းပူ
ကြောင်ပန်းငယ် ပြုတ်ရည်နဲ့ ရေချိုးပေး။
ရေးသားသူ –Credit
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။