ပဲစောင်းလျားသီး ကျန်းမာရေးအကျိုးပြုပုံများ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပဲစောင်းလျားသီး ကျန်းမာရေးအကျိုးပြုပုံများဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ပဲစောင်းလျားသီး ကျန်းမာရေးအကျိုးပြုပုံများ
အခုလို ဆောင်းတွင်းမှာဆိုရင် ပဲစောင်းလျားသီးလေးကို ရေနွေးလေးဖျော၊ ငပိရည်လေးနဲ့ဆို စားလို့ကောင်းမှကောင်း
အရွယ်မတိုင်ခင် အိုမင်းမှုကို ကာကွယ်ပေး
အိုမင်းရင့်ရော်မှုကို နှောင့်နှေးအောင်လုပ်ဆောင်ပေးနိုင်တဲ့ အလေ့အကျင့်များ
ပဲစောင်းလျားသီးမှာ ဗီတာမင် စီ၊ ဗီတာမင် အေ တို့ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဗီတာမင်ဓာတ်တွေက Antioxidants တွေလိုဘဲ အလုပ်လုပ်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေတဲ့ အရေးအကြောင်းတွေ ပေါ်လာတာတွေကိုလည်း ကာကွယ်ပေးပါတယ်။
အသားအရေကို တင်းရင်းစေ
Antioxidant ဓာတ်တွေပါဝင်တာကြောင့် အသားအရေကို တင်းရင်းစေပါတယ်။
ကယ်လိုရီ ပါဝင်မှုနည်း
ပဲစောင်းလျားသီးက ကယ်လိုရီ ပါဝင်မှုနည်းပါတယ်။
ပဲစောင်းလျားသီး ၁၀၀ ဂရမ်မှ ၄၉ ကယ်လိုရီဘဲ ရှိပါတယ်။
ဗီတာမင် စီပါဝင်မှုများ
ဗီတာမင် စီပါဝင်မှုများတာကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။
သတ္တုဓာတ်နဲ့ ဗီတာမင် ဓာတ်များ
ပဲစောင်းလျားသီးမှာ အရေးကြီးတဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ သံဓာတ်၊ Manganese၊ ကော့ပါး၊ ကယ်ဆီယမ်၊ Phosphorus၊ မဂ္ဂနီဆီယမ်တို့လည်း ပါဝင်ပါတယ်။
အဲ့ဒီအပြင် DNA တွေ ပျက်စီးမှုကိုလည်း ကာကွယ်ပေးပါတယ်။ စိတ်ကို ကြည်လင်စေပြီး အားအင်တွေကိုလည်း ဖြစ်စေပါတယ်။
ကယ်ဆီယမ် ကြွယ်ဝ
ပဲစောင်းလျားသီးမှာ ကယ်ဆီယမ်၊ Phosphorus ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒီဓာတ်တွေက အရိုးကို သန်မာစေပြီး အားအင်ကို ဖြစ်စေပါတယ်။
ရေးသားသူ –Shweu
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။