နဂါးမောက်သီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နဂါးမောက်သီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
နဂါးမောက်သီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
နဂါးမောက်သီးကစစချင်းမှာ တောင်အမေရိကတိုက်မှာရှိပြီးPitaya (သို့) နဂါးမောက်သီးလို့ ခေါ်ကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ စိုက်ပျိုးမှုတွေက အရှေ့တောင်အာရှဒေသများသို့ ပျံ့နှံ့သွားခဲ့ပြီး တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံများသို့ရောက်ရှိလာခဲ့ပါတယ်။နဂါးမောက်သီးရဲ့ အခွံပုံသဏ္ဍာန်ဟာ အဝါရောင်(သို့) အနီရောင်နဂါး၏အရေပြားကဲ့သို့အစိမ်းရောင်အကြေးခွံပုံစံလိုဖြစ်နေပါတယ်။သူမှာ ရှိတဲ့ အာနိသင်တွေနဲ့ ကျန်းမာရေးအတွက်လိုအပ်တဲ့ အရာတွေအတွက် အကောင်းဆုံးကူညီပေးနိုင်တဲ့အသီးတစ်မျိုးဖြစ်တာကြောင့် နဂါးမောက်သီးကလူကြိုက်များတဲ့ အသီးအနှံတစ်မျိုးဖြစ်လာပါတယ်။ဒါကြောင့် နဂါးမောက်သီးမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်သေးလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်။
၁။ ကိုလက်စထရောကိုလျှော့ချပေးနိုင်ခြင်း
ဒီခုခေတ်အချိန်မှာလူတွေကိုရောဂါအများဆုံးဖြစ်အောင်လုပ်တာဘာလဲ။ သင်တွေးမိဘူးလား။ ဒါဆိုရင်ပြောပြပါတယ်။ ဘာလဲဆိုတော့ လူနေမှုပုံစံနဲ့ အစားအစာရွေးချယ်မှုတွေပါ။ ဒါတွေက သင့်ကိုမြင့်မားတဲ့ကိုလက်စထရောဖြစ်စေပါတယ်။
ဒါကြောင့် လူနေမှုပုံစံအချို့ကို ပြောင်းလဲလိုက်ပြီး အစားအသောက်အချို့ကို ပြောင်းလဲလိုက်သင့်ပါတယ်။ အသီးအရွက်အပြင် အသီးအနှံ့တွေလည် စားသုံးပေးသင့်ပါတယ်။ ဒီထဲမှာ နဂါးမောက်သီးကိုလည်းရွေးချယ်စားသုံးပေးသင့်ပါတယ်။နဂါးမောက်သီးက ခန္ဓာကိုယ်ရှိ ကိုလက်စထရောတွေကိုလျှော့ချပေးပြီးအဆီတွေကိုလည်း လည်းချေဖျက်ပေးနိုင်ပါတယ်။ နဂါးမောက်သီးစေ့တွေက ကိုလက်စထရောကိုချေဖျက်ပေးနိုင်ပါတယ်။နဂါးမောက်သီးမှာ အန္တရာယ်ဖြစ်စေနိုင်သော LDLအဆင့်များကိုလည်း ကောင်းမွန်စွာ တိုက်ဖျက်ပေးနိုင်တဲ့ တစ်ခုတည်းသောလက်နက်ဖြစ်ပါတယ်။
၂။ အစာအိမ်ရောဂါမဖြစ်အောင် ကူညီပေးနိုင်ခြင်း
နဂါးမောက်သီးက အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ အစာအိမ်ရောဂါအချို့ကို ကုသရာမှာ အထောက်အကူပေးနိုင်ပါတယ်။ နဂါးမောက်သီးက အမျှင်ဓာတ်ကြွယ်ဝပြီး ရေဓာတ်ပါဝင်မှုမြင့်မားတာကြောင့်ဝမ်းချုပ်ခြင်းကို ခံစားနေရသူများအတွက်အကောင်းဆုံးအသီးအနှံ့တစ်ခုဖြစ်ပါတယ်။အစာကြေရန်လွယ်ကူအောင်ကူညီပေးနိုင်တာကြောင့်ခန္ဓာကိုယ်ရဲ့ အူသိမ်အူမ လှုပ်ရှားမှုတွေကို ကောင်းမွန်အောင်ကူညီပေးနိုင်ပါတယ်။
၃။ သွေးတွင်းသကြားဓာတ်ကိုလျှော့ချပေးနိုင်ခြင်း
နဂါးမောက်သီးမှာ ပါဝင်တဲ့များစွာသော ဖိုက်ဘာဓာတ်က သွေးတွင်းသကြားဓာတ် အဆင့်ကို ထိန်းပေးတာကြောင့် ဆီးချိုသွေးချို ဝေဒနာရှင်တွေ အတွက် အသုံးတည့်ပါတယ်။ တကယ်လို့ ဆီးချိုသမားတွေက အစားအသောက်ပြောင်းလဲတော့မယ်ဆိုရင်ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။
၄။ နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကိုကောင်းမွန်စေနိုင်ခြင်း
နဂါးမောက်သီးကို စားသုံးပေးရင် သင့်နှလုံးကိုကျန်းမာစေနိုင်ပါတယ်။နဂါးမောက်သီးက အခမဲ့ အစွန်းရောက်များမှဖြစ်ပေါ်လာတဲ့ဓာတ်တိုးပျက်စီးမှုတွေကိုထိန်းချုပ်ပေးနိုင်ပးတယ်။
နှလုံးရောဂါဖြစ်နိုင်ချေကိုလည်းလျှော့နည်းစေတာကြောင့်သွေးလွှတ်ကြောများ၏ တောင့်တင်းမှုကို လျှော့နည်းစေပါတယ်။ နဂါးမောက်သီးက နှလုံးသွေးကြောတွေကို ကောင်းမွန်စွာ စောင့်ရှောက်ပေးတာကြောင့် နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ရေးသားသူ –shweu
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။