အစ္စရေးစစ်တပ်တွေ ဂါဇာက အယ်ရှီဖာ ဆေးရုံထဲ၀င်စီး

International News
အစ္စရေးစစ်တပ်တွေ ဂါဇာက အယ်ရှီဖာ ဆေးရုံထဲ၀င်စီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အစ္စရေးစစ်တပ်တွေ ဂါဇာက အယ်ရှီဖာ ဆေးရုံထဲ၀င်စီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အစ္စရေးစစ်တပ်တွေ ဂါဇာက အယ်ရှီဖာ ဆေးရုံထဲ၀င်စီး

ဂါဇာကမ်းမြောင်ဒေသက အကြီးဆုံး ဆေးရုံ ဖြစ်တဲ့ အယ်လ်ရှီဖာမှာ အစ္စရေး စစ်သား ရာနဲ့ချီ တင့်ကားတွေနဲ့ ဝင်စီးထားပါတယ်။

ဆေးရုံအပြင်ဘက်က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်း ဟားမတ်စ် thayနတ်သမား ငါးယောက် thayဆုံးသွားတယ်လို့ အစ္စရေး စစ်တပ်က ပြောပြီး သူတို့အဆိုအရ ဆေးရုံဝန်းအတွင်း အကြမ်းဖက်သမား စစ်ဆင်ရေး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆေးရုံထဲမှာ ရှာဖွေမှုတွေ လုပ်နေသလို လူနာတွေ ဝန်ထမ်းတွေနဲ့ တခြားလူတွေကိုလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဒါ့အပြင် ဒီစစ်ဆင်ရေးကို အစ္စရေးစစ်တပ်က ပစ်မှတ်ကို အဓိကထား တဲ့ စစ်ဆင်ရေးလို့ ဆိုပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေကလွဲလို့ အသက် ၁၆ နှစ် ကနေ ၄၀ အတွင်း အမျိုးသားတွေကို ဆေးရုံအဆောက်အအုံကနေ ထွက်ခွာဖို့လည်း မှာကြားထားပါတယ်။

လောင်စာဆီ အကြပ်အတည်းနဲ့ ဂါဇာ

လတ်တလော ဂါဇာအရေးအခင်း ဖြစ်ပြီး နောက်ပိုင်း ပထမဆုံး အနေနဲ့ လောင်စာဆီတင်ယာဉ် တစင်း အီဂျစ်ကနေ ရာဖာနယ်စပ်ကို ဖြတ်ပြီး ရောက်ရှိလာပါတယ်။

ဒီလောင်စာဆီတွေဟာ ကုလသမဂ္ဂ အဖွဲ့အစည်းပိုင် ယာဉ်တွေအတွက် ဖြစ်ပြီး ဆေးရုံတွေကို ပေးဖို့ မဟုတ်ဘူးလို့ သိရပါတယ်။

လျှပ်စစ်မီး ဖြတ်တောက် ခံထားရတဲ့ ဂါဇာ ဆေးရုံတွေမှာ မီးစက်မောင်းဖို့ လောင်စာဆီ ပြတ်နေတာကြောင့် လည်ပတ်လို့ မရဘဲ အခုအခါ ဆေးရုံ အများစု ပိတ်ထားရတဲ့ အခြေအနေပါ။

လောင်စာဆီ ဂါဇာထဲ ပို့ဆောင်မှု ဖြတ်တောက်ထားတဲ့ အစ္စရေးကတော့ ဒီဆီတွေကို ဟားမတ်စ်အဖွဲ့က သိုလှောင်ထားနိုင်တယ်လို့ ပြောနေတာ ဖြစ်ပါတယ်။

ဂါဇာမှာ လောင်စာဆီ ပြတ်နေတာကြောင့် စာနာမှု အကူအညီတွေလည်း ဖြန့်ဝေမပေးနိုင်ဘဲ ဖြစ်နေရတယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကုလသမဂ္ဂက ပြောကြားထားပါတယ်။

အခုရလာတဲ့ ထရပ်ကား တစင်းစာ လောင်စာဆီဟာလဲ တနေ့တာ လိုအပ်ချက်ရဲ့ ဆယ်ပုံတပုံပဲ ရှိတယ်လို့ ကုလသမဂ္ဂ အဖွဲ့တွေက ပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...