ကွေ့ယန်းအိမ်ဖြူတော်လို့ တင်စားကြတဲ့ ဧရာမအဆောက်အအုံကြီး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကွေ့ယန်းအိမ်ဖြူတော်လို့ တင်စားကြတဲ့ ဧရာမအဆောက်အအုံကြီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ကွေ့ယန်းအိမ်ဖြူတော်လို့ တင်စားကြတဲ့ ဧရာမအဆောက်အအုံကြီး
ပုံမှာ မြင်ရတဲ့ ဧရာမ အဆောက်အအုံကြီးကို ကွေ့ယန်းအိမ်ဖြူတော်လို့ ခေါ်ကြတယ်။ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၊ ကွေ့ယန်းမြို့မှာ တည်ရှိပြီး တရုတ်နိုင်ငံရဲ့ အကြီးဆုံး စံအိမ်လို့ သတင်းထွက်ခဲ့ပါတယ်။
ဥရောပနန်းတော်တွေ၊ ပြတိုက်တွေမှာ မြင်ရလေ့ရှိတဲ့ အနောက်တိုင်းဗိသုကာလက်ရာမျိုး ရှိပြီး အဖြူရောင်အဆောက်အအုံကြီးဖြစ်လို့ အမေရိကန်သမ္မတအိမ်တော်ဖြစ်တဲ့ အိမ်ဖြူတော်နဲ့ ခိုင်းနှိုင်းကြတာပါ။ တကယ်တော့ စတုရန်းမီတာ ၁၈.၃ သန်း ကျယ်ဝန်းတဲ့ ဒီအဆောက်အအုံက အိမ်ဖြူတော်ထက် ကျယ်ဝန်းသလို ပိုကြီးမားပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က ကွေ့ယန်းအိမ်ဖြူတော်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဒီအဆောက်အအုံအကြောင်း သတင်းအမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။
ကွေ့ယန်းမြို့ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ရှောင်ချမ်းဟုန် ပိုင်တဲ့ အဆောက်အအုံဖြစ်ပြီး ယွမ်ငွေ ၂.၇ ဘီလျံ ( အမေရိကန်ဒေါ်လာ သန်း ၃၇၀) အကုန်အကျခံ တည်ဆောက်ထားတယ်လို့ သတင်းထွက်ခဲ့တာပါ။
ဒါပေမဲ့ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေက မှန်ကန်ခြင်း မရှိပါဘူး။ ဒီအဆောက်အအုံဟာ သူဌေးတစ်ဦးရဲ့ စံအိမ်မဟုတ်ဘဲ Accor Hospitality Group က ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ဖွင့်လှစ်ခဲ့တဲ့ ဟိုတယ်ဖြစ်ပါတယ်။ Guiyang Art Centre လို့ အမည်ရပါတယ်။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။